ASUS recommends Windows 10 Pro.

    ASUS ZenBook UX305CA

    လျင်မြန် သေးသွယ် လှပသော

    ၁၃ လက်မရှိ သေးသွယ်လွန်းသော Windows လက်ပ်တော့
    ကမ္ဘာ့နေရာအနှံ့အပြားက ဈေးကွက်အတွင်းမှာ ဖြန့်ချီနေပါတယ်။
    GFK နဲ့ NPD တို့မှ ရရှိတဲ့ သတင်းအချက်အလက်များအရ
    ၂၀၁၅ ခုနှစ် အစီရင်ခံစာများ (ဘက်လှည့်နိုင်သော လက်ပ်တော့များမပါဝင်ပါ)

    ငှက်မွေးအလေးချိန်လောက်သာရှိတဲ့ သေးသွယ်သော စွမ်းအင်သိုလှောင်ရုံ

    ZenBook UX305CA ကို သွားလေရာနေရာတိုင်းမှာ ယူဆောင်သွားဖို့အတွက် ပုံဖော်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၁.၂ ကီလိုဂရမ်လောက်ရှိပြီး ၁.၂၃ စင်တီမီတာအထိ ပါးလွှာတဲ့ ဤလက်ပ်တော့က ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ မဟုတ်တဲ့အတွက် အစဉ်သဖြင့် ကျေနပ်နှစ်သက်နေစေပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပပေါ့ပါးနေတဲ့ လက်ပ်တော့တစ်လုံး ဖြစ်ရုံမျှသာမက နောက်ဆုံးပေါ် စွမ်းဆောင်မှုမြင့် နည်းပညာတွေနဲ့ ထုပ်ပိုးထားတဲ့ အလွန်တရာအစွမ်းထက်သော လက်ပ်တော့တစ်လုံးလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ZenBook UX305CA ဖြင့် အစဉ်အမြဲလိုလို သင်ဆောင်ရွက်လိုခဲ့တဲ့ ရင်သပ်ရှုမောဖွယ်ရာ အလုပ်တွေအားလုံးကို ဘယ်နေရာမှာမဆို ဆောင်ရွက်နိုင်ပါတယ်။

    ၁.၂၃စင်တီမီတာ ၁.၂ကီလိုဂရမ်

    Zen စိတ်ဓာတ်ကို သရုပ်ဖော်ခြင်း

    ZenBook UX305CA ရဲ့ ဆန်းကြယ်သောဒီဇိုင်းက လူကြားထဲမှာ ပေါ်ပေါ်ထင်ထင် ဖြစ်နေစေရန် ပုံဖော်ထားတဲ့ ပြောင်မြောက်သော လက်ရာတစ်ခုပါ။ ဤဆောင်ရွက်မှုက ခိုင်မာတဲ့ သတ္ထုခဲတွေကနေတစ်ဆင့် ZenBook UX305CA အဖြစ် ပုံသွင်းဖို့အတွက် တိတိကျကျ ထိန်းချုပ်ထားသော ထုတ်လုပ်ရေးအဆင့် ဒါဇင်ပေါင်းများစွာကို ကျော်ဖြတ်ရပါတယ်။ ထွက်ရှိလာတဲ့ သိမ်မွေ့သပ်ရပ်သော ပုံစံသစ်က လက်တွေ့ကျကျ ကြော့ကြော့မော့မော့ဖြစ်နေတဲ့ တပ်မက်ဖွယ်ရာ သေးသွေးသွယ်သွယ် ဒီဇိုင်းတစ်ခုဖြစ်သော ဂန္ဓင်မြောက် ZenBook ရဲ့ DNA နဲ့ ပေါင်းစပ်လိုက်ပါတယ်။

    စစ်မှန်သော ကြော့ရှင်းမှုနဲ့ ခေတ်ဆန်သော အရောင်များ

    အလူမီနီယံအပြည့်သုံး ZenBook UX305CA က ခမ်းနားထည်ဝါသော အရောင်စနစ်သုံးမျိုးထဲမှ ဘယ်လိုအရောင်မျိုးကိုပဲရွေးရွေး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ကြော့ရှင်းလှပနေမှာပါ။ ယင်းရဲ့ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ သတ္ထုရည်သုတ် အချောထည်နဲ့အတူ ချောမွတ်ညက်ညောနေတဲ့ ကြွေဖြူရောင်၊ ထိတွေ့အာရုံသိ ငွေမှင်ရောင် သို့မဟုတ် ဂန္ဓဝင်မြောက်သော ခဲရောင်ရင့်အရောင်တို့ကို ရွေးချယ်ရယူလိုက်ပါ။ သိမ်မွေ့ဆန်းကြယ်သော ဤပုံစံတွေအားလုံးကို ZenBook UX305CA ရဲ့ ကျစ်လစ်သိုသိပ်သော အလှတရားကို ပေါ်လွင်စေတဲ့ အရမ်းကောင်းသော စိန်ဖြတ်တောက်မှုနည်းပညာသုံး အနားစောင်းတွေနဲ့ အဆင့်မြှင့်တင်ပေးထားတာပါ။

    ရင်သပ်ရှုမာဖွယ်ကောင်းလောက်အောင် အနုစိတ်ဆန်တဲ့ QHD+ ဖန်သားမျက်နှာပြင်

    ZenBook UX305CA မှာ ခုလိုလှပတဲ့ လက်ပ်တော့တစ်လုံးကနေ သင်မျှော်လင့်နိုင်ဖွယ်ရှိတဲ့ ဖန်သားမျက်နှာပြင် တစ်ခုလောက် ကောင်းမွန်သော ဖန်သားမျက်နှာပြင်တစ်ခု ပါရှိပါတယ်။ ထင်ရှားပြတ်သားလွန်းတဲ့ တို့ထိဖန်သားမျက်နှာပြင်မှာ ၁၈၀၀၀ ရုပ်သံဖမ်းစက်တွေနဲ့ ၃၀၀ cd/m2 မျှရှိသော တောက်ပမှုတို့က ထုတ်လုပ်ပေးတဲ့ ၃၂၀၀ မျှအထိရှိသော အံ့အားသင့်ဖွယ်ရာ QHD+ မြင်ကွင်းပြတ်သားမှုကို ရရှိနိုင်တာကြောင့် အစဉ်သဖြင့် လွယ်လင့်တကူ သက်တောင့်သက်သာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ တစ်လက်မလျင် ၂၇၆ စက်မျှရှိတဲ့ အံ့သြဖွယ်ရာ ပုံရိပ်ထင်စေသော အစက်အပျောက် သိပ်သည်းဆနဲ့အတူ ပုံရိပ်တွေ၊ စာသားတွေက အစဉ်အမြဲဆိုသလို အလွန်အမင်း အနုစိတ်ကျကျ ရှင်းလင်းပြတ်သားနေမှာပါ။

    ၃၂၀၀x၁၈၀၀QHD+ ၂၇၆PPI

    မြင်ထောင့်ကျယ်များနဲ့ တောက်ပထင်ရှားသောအရောင်များ

    ZenBook UX305CA မှာ အမျိုးအစားစုံတဲ့ အရောင်စုဖွဲ့မှုတစ်ခုပါဝင်သော IPS ဖန်သားမျက်နှာပြင်တစ်ခု (NTSC ၏ ၇၂ %) ထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် ဖန်သားမျက်နှာပြင်မှာ သင်မြင်တွေ့ရမယ့် အရောင်တွေက ထောင့်ကျယ် အဖြစ်ဆုံးသော အနေအထားမှာတောင် တိကျ၊ ထင်ရှားပြီး အသက်ဝင်နေမှာပါ။


    Normal အနေအထား

    Eye Care အနေအထား

    Manual အနေအထား

    Vivid အနေအထား

    ASUS Splendid နည်းပညာနဲ့အတူ သက်ဝင်လှုပ်ရှားနေသော အရောင်

    ASUS Golden Eye အဖွဲ့က ဖန်တီးလိုက်တဲ့ ကျွန်ုပ်တို့မူပိုင် ASUS Splendid နည်းပညာက သင့်အတွက် ဘယ်လိုအကြောင်းအရာမျိုးကိုမဆို ထင်ရှားတိကျသောအရောင်တွေနဲ့ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ယင်းက ပုံရိပ်အမျိုးမျိုးကို သင့်လျော်သလိုဆောင်ရွက်ပေးမယ့် အလိုအလျောက်ချိန်ညှိသော ဖန်သားမျက်နှာပြင် အပြင်အဆင်အမျိုးမျိုးနဲ့ အလုပ်ဖြစ်ပါတယ်။ ရလဒ်ကတော့ ဗွီဒီယိုတွေ၊ ရုပ်ရှင်တွေကို ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း သို့မဟုတ် သင့်ဓာတ်ပုံတွေကို ကြည့်ရှုခြင်းတို့လို ဆောင်ရွက်မှုတစ်ခုခုမှာ ပိုမိုကောင်းမွန်နက်နဲပြီး ရင်သပ်ရှုမောဖွယ်ကောင်စေမယ့် ပုံရိပ်တွေ ရရှိခြင်းပဲဖြစ်ပါတယ်။

    နောက်ဆုံးပေါ် Intel® Core™ M ပရိုဆက်ဆာ

    ၈ ဂစ်ဂါဘိုက်မျှအထိရှိတဲ့ RAM နဲ့ အံသြဖွယ်ရာ Intel® Core™ M ပရိုဆက်ဆာတို့ ပါရှိသော ZenBook UX305CA က သင့်နေ့စဉ်လုပ်ငန်းတွေကို သွက်လက်ပေါ့ပါးစေပါတယ်။ အချက်အလက်များ သိမ်းဆည်းသော ကွန်ပျူတာသုံး ဓာတ်ပြားများထက် ၆ ဆမျှ ပိုမိုမြန်ဆန်သည့် ၅၁၂ ဂစ်ဂါဘိုက် ပမာဏအထိရှိသော SSD မြန်နှုန်းမြင့် အလုံးစုံ ဖလက်ရှ်သိမ်းဆည်းမှု ကျေးဇူးကြောင့် ZenBook UX305CA က သင့်ကို စောင့်ဆိုင်းထားခိုင်းခြင်းမျိုး ပြုလုပ်စေမှာ မဟုတ်ပါဘူး။

    Windows 10 မူလနေရာ ၅၁၂ဂစ်ဂါဘိုက်
    SSD
    ဂစ်ဂါဘိုက်
    RAM
    X3USB3.0 802.11ac
    WiFi
    ၆.၁၃ စမျှပိုကောင်းတဲ့/0}ဖတ်ရှုနှုန်း
    ၅၂၁.၃M/Sec
    ၈၄.၉၄M/Sec
    ၅.၄ ဆမျှ ပိုမြန်သော ရေးသားနှုန်း
    ၄၅၆.၆M/Sec
    ၈၄.၅၅M/Sec

    SSD နဲ့ HDD စွမ်းဆောင်မှုမြှင့်တင်ရေး

    UX305CA
    5400 ပမာဏရှိ rpm HDD

    သင့် ZenBook အကောင့်တွင်းသို့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်သာကြာမြင့်သော အချိန်အတွင်း ၀င်ရောက်လိုက်ပါ

    ZenBook UX305CA ရဲ့ ရှေ့ဘက်ကင်မရာကို ကြည့်ရှုရုံမျှဖြင့် ဘေးကင်းလုံခြုံစွာ အကောင့်ဝင်နိုင်တဲ့ Windows Hello ထဲက မျက်နှာပြင်သတ်မှတ်အတည်ပြုမှုရဲ့ အကျိုးကျေးဇူး အပြည့်အဝကို ရယူဖို့အတွက် တစ်ဆက်တစ်စပ်တည်း ပါရှိသော အနီအောက်ရောင်ခြည် အထူးမျက်မှန်ကို အသုံးပြုလိုက်ပါ။ သင့်မျက်နှာက သင့်ရဲ့ အတုမရှိသော စကားဝှက်ဖြစ်တာကြောင့် စကားဝှက်တွေကို အလွတ်မှတ်စရာ မလိုတော့ပါဘူး။

    *မော်ဒယ်အချို့တွင်သာ ရရှိနိုင်တာကြောင့် ကျေးဇူးပြုပြီး အသေးစိတ် သတ်မှတ်ဖော်ပြချက်များအတွက် ဒေသတွင်း အရောင်းစင်တာများနှင့် ဆက်သွယ်ပါ။

    ပန်းကာမဲ့အအေးပေးစနစ် - တိတ်ဆိတ်ငြိမ်သက်မှုကို ရယူခံစားကြည့်ပါ

    ZenBook UX305CA က သင့်အား နှစ်လိုဖွယ် တိတ်ဆိတ်ငြိမ်သက်မှုဖြင့် အလုပ်လုပ်ခွင့် ပေးပါတယ်။ စွမ်းအင်အကျိုးသက်ရောက်မှုရှိသော Intel® Core™ ပရိုဆက်ဆာနဲ့ ကောင်းမွန်သော အင်ဂျင်နီယာ ပညာများစွာတို့ကို ပေါင်းစပ်ထားခြင်းကြောင့် အအေးပေးရန်အတွက် ပန်ကာတစ်လုံး မလိုအပ်တော့ပါဘူး။ ကျွန်ုပ်တို့က ပန်ကာအစား ထူးခြားသော ခရိုမီယမ်-ကော့ပါးသတ္ထုစပ်ကို အဆင့်မြင့်နည်းပညာ အသုံးပြုခြင်းအားဖြင့် ဖန်တီးထားတဲ့ အပူ/အအေးပိုက်နဲ့ အပူချိန်ကို ထိရောက်စွာ လျော့ချထားပါတယ်။

    ၁၀ နာရီအထိခံသော ဘထ္ထရီသက်တမ်း

    ZenBook UX305CA ရဲ့ စွမ်းရည်ပြည့်ဝသောဘထ္ထရီနဲ့ အစွမ်းထက်ကောင်းမွန်သော စွမ်းအင် စီမံခန့်ခွဲမှုက ဝိုင်ဖိုင်ချိတ်ဆက်ထားခြင်းနဲ့အတူ ၁၀ နာရီလောက်အထိ အလုပ်လုပ်နိုင်င်စေပါတယ်။*  ဒါကြောင့် ခက်ခဲပင်ပန်းလွန်းတဲ့ နေ့တစ်နေ့ကုန်ဆုံးသွားလို့ အနားယူလိုတယ်ဆိုရင်လည်း ဂိမ်းဆော့ဖို့အတွက် စွမ်းအင်များစွာ ကျန်နေမြဲဖြစ်ပါလိမ့်မယ်။

    * Mobile Mark ၂၀၁၄ မှ ရလဒ်အရ

    အလွန်လျင်မြန်သော 802.11ac ဝိုင်ဖိုင်

    ZenBook UX305CA က နောက်ဆုံးပေါ် 802.11ac ဝိုင်ဖိုင်ပါရှိခြင်းကြောင့် ပိုမိုဝေးကွာသော အနေအထား၊ ပိုမိုမြန်ဆန်သော နှုန်းထားတို့ဖြင့် ချိတ်ဆက်နိုင်စေပါတယ်။ တစ်မိနစ်လျင် ၈၆၇ မက်ဂါဘိုက်နှုန်းအထိ မြန်ဆန်ပြီး 802.11n ထက် သုံးဆမျှ ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် Bluetooth® 4.0 က သင့်ကို သင်သဘောအကျဆုံး အီလက်ထရောနစ်ပစ္စည်းတစ်ခုနဲ့ ဘက်ထ္ထရီအားခံနိုင်ရည်အပေါ် သက်ရောက်မှုနည်းပါးတဲ့ ချိတ်ဆက်မှုအား ပြုလုပ်နိုင်စေပါတယ်။ ZenBook UX305CA က သင်လုပ်ရန် လိုအပ်သောအရာတွေနဲ့ သင်လုပ်လိုသောအရာတွေကိုလည်း အချိန်အခါမရွေး လွတ်လပ်စွာ ဆောင်ရွက်နိုင်စေပါတယ်။

    တစ်မိနစ်လျင် ၈၆၇ မက်ဂါဘိုက်မျှ ကူးပြောင်းနိုင်သာသုံးဆမြန်802.11ac
    တစ်မိနစ်လျင် ၃၀၀ မက်ဂါဘိုက်မျှ ကူးပြောင်းနိုင်သော802.11n

    ASUS IceCool နဲ့ အေးအေးလူလူ နေကြည့်ပါ

    ASUS မူပိုင် IceCool နည်းပညာက လက်ဖဝါးတင်သောနေရာအောက်က အပူချိန်ကို ၂၈ ဒီဂရီဆဲလ်စီယပ်နဲ့ ၃၅ ဒီဂရီ ဆဲလ်စီယပ်အကြား ထိန်းသိမ်းပေးခြင်းအားဖြင့် အပူဒဏ်ဟန့်တားမှု ပြုလုပ်ပေးထားပါတယ်။ ဤအပူချိန်က ခန္ဓာကိုယ်အပူချိန်ထက် နည်းပါးတာကြောင့် စာရိုက်ရာမှာ အစဉ်အလာကွန်ပျူတာတွေထက် ပိုမိုကောင်းမွန်သော သက်တောင့်သက်သာရှိမှုကို ရရှိစေမှာပါ။

    Smart Gestures ပါရှိတဲ့ အသုံးပြုရလွယ်ကူသော တို့ထိလွှာ

    ZenBook UX305 ပေါ်က တိကျမှုမြင့်မားသော တို့ထိလွှာမှာ နားလည်အသုံးပြုမှုပိုင်းအရ ပိုမိုလွယ်ကူနိုင်င်စေရန်နဲ့ သဘာဝကျသောခံစားမှုကို ရရှိစေရန်တို့အတွက် တို့ထိမျက်နှာပြင်တွေပေါ်မှာ သင်အသုံးပြုလျက်ရှိတဲ့ တူညီသော Windows ကိုယ်ဟန်ပြပုံစံတွေကို အသုံးပြုထားတဲ့ ASUS Smart Gesture နည်းပညာကို ထည့်သွင်းထားပါတယ်။ ဤတို့လွှာက မြင့်မားသော ထိတွေ့သိရှိမှုနဲ့ အံ့မခန်းဖြစ်ဖွယ်ရာ တိကျမှုတို့ကို ပေးစွမ်းနိုင်စေဖို့ စမတ်ဖုန်းတို့ထိ ဖန်သားမျက်နှာပြင်တွေအတွက် ဖန်တီးထားတဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်နည်းပညာကို အသုံးပြုထားပါတယ်။

    ထူးခြားကောင်းမွန်သော လူသားအင်ဂျင်နီယာပညာရပ်

    မျက်နှာပြင်ပြည့် ခြစ်ကလက်ကီးဘုတ်က ကီးဖိချိန် ၁.၅ မီလီမီတာနဲ့ အနိမ့်ဆုံးကီးပေါ်ချိန်တို့ ပါဝင်တဲ့ အဆင့်မြှင့်တင်ထားသော ဒီဇိုင်းပညာရပ်ကို ပိုင်ဆိုင်ထားတဲ့ လက်ရာမြောက်သော လူသားအင်ဂျင်နီယာ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ရလဒ်ကတော့ အချိန်ကာလကြာမြင့်စွာ စာရိုက်ခြင်းတွေမှာတောင် ခိုင်မာသောခံစားမှု၊ ပိုမိုသက်တောင့်သက်သာဖြစ်သော အတွေ့အကြုံတစ်ရပ်တို့ကို ရရှိစေခြင်းပဲ ဖြစ်ပါတယ်။

    ၁.၅မီလီမီတာကီးဖိချိန်

    UX305 ရဲ့ မြှင့်တင်ထားသော ကောက်ကြောင်းဒီဇိုင်းက မျက်လုံးအောင့်ခြင်းကို လျော့ချပေးပြီး သက်တောင့်သက်သာရှိမှုကို တိုးမြှင့်ပေးတဲ့ စေ့စပ်သောချာသော အခြားတို့ထိမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။

    ၁၀ ဆမျှပိုမြန်သောနှုန်း
    USB 3.0
    ၅၀%ပိုမိုမြန်ဆန်သော
    ASUS AI အားသွင်းကြိုး

    စွမ်းရည်ပြည့်ဝသော ချိတ်ဆက်မှုများ

    ZenBook UX305CA ရဲ့ USB 3.0 ကြိုးပေါက်သုံးပေါက်မြန်နှုန်းက မူလလက်ဟောင်း USB 2.0 ချိတ်ဆက်မှုတွေထက် ဆယ်ဆမျှ (၁၀×) ပိုမိုမြန်ဆန်သော အချက်အလက် ကူးပြောင်းမှုများကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ZenBook UX305CA ရဲ့ ASUS USB Charger+ နည်းပညာက ZenBook ကို မလှုပ်မရှက်အနေအထားတွင် ထားရှိခြင်း သို့မဟုတ် ပိတ်ထားခြင်းများ ရှိနေတဲ့အချိန်မှာတောင် ချိတ်ဆက်ထားသော အခြားအီလက်ထရောနစ်ကိရိယာတွေကို တစ်စပ်တစ်စပ်တည်းပါရှိသော အပေါက်တစ်ပေါက်ထဲကနေ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စွာ အားသွင်းပေးနိုင်ပါတယ်။

    ၁၀ ပိုမြန်သော နှုန်း
    USB 3.0
    ၅၀%ပိုမိုမြန်ဆန်သော
    ASUS AI အားသွင်းကြိုး
    တစ်မူထူးခြားသော ဗိုကယ်သံများ စစ်မှန်သော ဝန်းရံမှု ကျယ်ပြန့်သော စွမ်းရည်ပြည့်ဝသော ထုတ်လုပ်မှု လုံးဝဥသုံရှင်းလင်းသောအသံ ပိုမိုကောင်းမွန်နက်နဲသောဘေ့စ်သံ

    ASUS SonicMaster - အံ့မခန်းဖြစ်ဖွယ်အသံအတွက် ပုံဖော်ဖန်တီးမှု

    အံ့မခန်းဖြစ်ဖွယ်အသံတွေက ZenBook အနွယ်ထုတ်ကုန်များရဲ့ ဖီးချားတစ်ခုဖြစ်ပြီး ZenBook UX305CA မှာလည်း ချွင်းချက်အဖြစ် ဖယ်ချန်ထားတာမျိုး မရှိပါဘူး။ နာမည်ကျော် ASUS Golden Ear အဖွဲ့ရဲ့ ဖန်တီးမှုဖြစ်သော ASUS SonicMaster နည်းပညာက တိကျသော အင်ဂျင်နီယာပညာရပ်နဲ့ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ ပေါင်းစပ်မှုတစ်ခုကို အသုံးပြုထားပါတယ်။ လက်ပ်တော့ တစ်လုံးထဲက သင်မကြားဖူးသေးတဲ့ အသံတစ်မျိုးကို ဖော်ဆောင်ပေးဖို့အတွက် ယခုကဲ့သို့ အသုံးပြုခြင်းပါ။ အသံအကျယ်ဆုံးသော အနေအထားတွေမှာတောင် ပိုမိုကောင်းမွန် နက်နဲသောဘေ့စ်သံနဲ့ လုံးဝဥသုံ ရှင်းလင်းသော ဗိုကယ်သံတွေကို နားထောင်နိုင်ပါလိမ့်မယ်။

    အချိန်အခါမရွေးတဲ့ အကောင်းဆုံးသောအသံ

    ZenBook UX305CA က သင်နားထောင်လိုသောအရာတိုင်းကို အကောင်းဆုံးသော အော်ဒီယို အပြင်အဆင်တွေ ရရှိစေဖို့အတွက် လွယ်ကူစေပါတယ်။ သုံးရလွယ်သာ AudioWizard ဆော့ဖ်ဝဲမှာ အသံရင်းမြစ်အမျိုးမျိုးကို သင့်လျှော်သလို ဆောင်ရွက်ပေးမယ့် အပြင်အဆင်တွေနဲ့အတူ တင်ကြိုသတ်မှတ်ထားသော အနေအထား ၅ မျိုး ပါဝင်ပါတယ်။ ဒါကြောင့် အဆုံးမဲ့သီချင်းနားထောင်ခြင်းကို ကလစ်တစ်ချက် နှိပ်လိုက်ယုံဖြင့် အစဉ်သဖြင့် ခံစားနိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အပြင်အဆင်တွေကို အပြည့်အဝထိန်းချုပ်ခြင်းနဲ့ ပိုမိုကောင်းမွန်သော အသံတွေကို ဖန်တီးလိုတယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

    သင့် ZenBook၊ သင့်အင်တာနက်အခြေပြု ကွန်ပျူတာသုံးစွဲမှု

    ASUS Cloud ဝန်ဆောင်မှုတွေက အွန်လိုင်းရပ်တည်ရေးအတွက် ပြည့်စုံသောအခြေခံ ပရိုဂရမ်တစ်ခုဖြစ်တာကြောင့် လက်ခံသိမ်းဆည်းပေးထားသောစက်ထဲက အချက်အလက်တွေကို ဘယ်နေရာကနေမဆို ရယူသုံးစွဲနိုင်စေပါတယ်။ ASUS WebStorage နဲ့ဆိုရင် လွယ်ကူသက်သာမှုက အဓိကဦးစားပေး ဖြစ်တာကြောင့် သင့်အတွက် လွယ်ကူသော အချက်အလက်သိမ်းဆည်းမှုကို ကမ်းလှမ်းပေးသလို စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ တင်ပြဆွေးနွေးမှုများမှသည် ဓာတ်ပုံအယ်လ်ဘမ်များ၊ သင်အကြိုက်ဆုံးသော မီဒီယာစုံဖိုင်များအထိ အရာရာတိုင်းကို အချိန်ကိုက်လှုပ်ရှားပေးပါတယ်။ ZenBook UX305 တစ်ခုချင်းစီက တစ်နှစ်တာ အခမဲ့အသုံးပြုနိုင်င်တဲ့ ၁၆ ဂစ်ဂါဘိုက်ပမာဏရှိသော WebStorage နေရာလွတ်တွေနဲ့ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။