Outlast the Competition
တကယ့် Gaming ပိုင်းအပြင် လက်တွေ့ဘဝထဲမှာ အကြမ်းခံနိုင်ဖို့ကို ရည်ရွယ်ထားသည့် TUF Gaming A15 ဟာ သင့်ကို အောင်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်မယ့် Windows 10 Pro Gaming Laptop ဖြစ်ပါသည်။ GeForce RTX™ 3070 GPU ဟာ 100% sRGB ပါဝင်သည့် 240Hz Display ပေါ်မှာ ချောမွေ့စွာဂိမ်းဆော့ကစားနိုင်မှာဖြစ်ပါသည်။ တစ်ချိန်တည်းမှာလည်း AMD Ryzen™ 7 CPU ဟာ CPU စွမ်းဆောင်ရည်ကို ပိုမြှင့်တင်ပြီး အသံထွက်ကိုတည်ငြိမ်စေနိုင်မည့် အဆင့်မြှင့်တင်ထားသည့် Cooling နည်းပညာကို အသုံးပြုထားပါသည်။ ရေရှည်အသုံးခံနိုင်မည့် 90Wh Battery ဟာ TUF အမှတ်တံဆိပ်ရဲ့ Military-grade အကြမ်းခံနိုင်စွမ်းနှင့်ပေါင်းစပ်လိုက်သည့်အခါ သင့်ကို အကောင်းဆုံးဂိမ်းပွဲထဲမှာ ဘယ်နေရာမှာမဆိုရှိနေစေမှာပါ။

FA506IC-HN024W

$1,049

Graphite Black
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • AMD Ryzen™ 5 4600H Mobile Processor (6-core/12-thread, 11MB Cache, 4.0 GHz max boost)
  • 8GB DDR4-3200 SO-DIMM
  • NVIDIA® GeForce GTX™ 1650
  • 512GB PCIe® 3.0 NVMe™ M.2 SSD
  • TUF Gaming backpack
  • P304 TUF GAMING M5 V2

FA506IHR-HN041W

$849

Graphite Black
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • AMD Ryzen™ 5 4600H Mobile Processor (6C/12T, 11MB Cache, 4.0 GHz Max Boost)
  • 8GB DDR4-3200 SO-DIMM
  • NVIDIA® GeForce GTX™ 1650
  • 512GB M.2 NVMe™ PCIe® 3.0 SSD
  • TUF Gaming backpack
  • P304 TUF GAMING M5 V2

FA506ICB-HN115W

$1049

Graphite Black
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • AMD Ryzen™ 7 4800H Mobile Processor (8-core/16-thread, 12MB Cache, 4.2 GHz max boost)
  • 8GB DDR4-3200 SO-DIMM
  • NVIDIA® GeForce RTX™ 3050 Laptop GPU
  • 512GB PCIe® 3.0 NVMe™ M.2 SSD
  • TUF Gaming backpack
  • P304 TUF GAMING M5 V2

FA506IHRB-HN086W

$849

Graphite Black
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • AMD Ryzen™ 7 4800H Mobile Processor (8-core/16-thread, 12MB Cache, 4.2 GHz max boost)
  • 8GB DDR4-3200 SO-DIMM
  • NVIDIA® GeForce RTX™ 3050 Laptop GPU
  • 512GB PCIe® 3.0 NVMe™ M.2 SSD
  • TUF Gaming backpack
  • P304 TUF GAMING M5 V2
DESIGN
STUN WITH STYLE
ကျေ့ာရှင်းသည့် Eclipse Gray သို့မဟုတ် ထင်ရှားနေမည့် Graphite Black အရောင်ရွေးချယ်မှုတွေနှင့် သင့်ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို ဖော်ပြလိုက်ပါ။ အောက်ခြေမှာရှိသည့် Textured Honeycomb Design ဟာ ပိုပြီး မြဲမြံစေမှာဖြစ်ပြီး ဆဠဂံပုံစံဒေါက်တိုင်တွေဟာ ကိုယ်ထည်ကို ပိုပြီး အကြမ်းခံစေမှာဖြစ်ပါသည်။ လက်ဖမိုးထားသည့်နေရာမှာလည်း ဆံသားမျှင်ပုံစံ Brush Stroke တွေထည့်သွင်းပြီး ရှင်းလင်းပြီး Professional ဆန်သည့် တည်ငြိမ်သည့်ပုံစံဖြစ်နေမှာပါ။
Honeycomb Grip
Textured Honeycomb Grip ဟာ ကိုယ်ထည်အောက်ခြေကို ဖုံးအုပ်ထားပြီး တိကျစွာပြုလုပ်ထားသည့်အပေါက်တွေက Cooling Vent အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါသည်။
Smart and Striking
သင့်ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို ပြနိုင်ဖို့ ထင်ရှားသည့် Graphite Black နှင့် ကျော့ရှင်းသည့် Eclipse Gray အရောင်များဖြစ်ပါသည်။
Brushed Metal Finish
ထင်းနေသည့် ဆံသားမျှင်အလား Brushstroke တွေဟာ ကိုယ်ထည်ပေါ်မှာ လှပပြီး ကျော့ရှင်းနေစေမှာဖြစ်ပါသည်။
PERFORMANCE
TAKE ON ANY CHALLENGE
အမြဲတမ်း တိုက်ပွဲတွေအတွက် အသင့်ဖြစ်နေလိုက်ပါ။ TUF Gaming A15 ဟာ Gaming ၊ Streaming အပြင် အားလုံးသောအလုပ်ကိစ္စတွေအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါသည်။ အမြင့်ဆုံး 8-core AMD Ryzen™ 7 CPU ဟာ Multitasking နှင့် တခြားသောဆောင်ရွက်မှုတွေအတွက် 16 Threads အထိ အသုံးချနိုင်မှာဖြစ်ပါသည်။ နောက်ဆုံးထွက် GeForce RTX™ 3070 GPU ဟာ လက်ရှိခေတ်ပေါ်ဂိမ်းတွေအများအပြားကို Frame Rate အမြင့်ပိုင်းဖြင့် ချောမွေ့စွာဆော့ကစားနိုင်စေမှာဖြစ်ပါသည်။ 1TB အထိရရှိနိုင်မည့် အလွန်မြန်ဆန်သည့် NVMe PCIe® SSD ဟာ Loading Time တွေကို မြန်ဆန်စေမှာဖြစ်ပြီး နောက်ထပ် SSD Slot တစ်ခုပါဝင်တာကြောင့် သင့်ဂိမ်းတွေကို Terabyte နှင့်ချီပြီး ထပ်မံတိုးချဲ့နိုင်စေမှာပါ။
WINDOWS 10 PRO
AMD
Ryzen 7 5800H
Mobile Processor
NVIDIA® GeForce
RTX 3070
GPU
Up to 32 GB
3200MHz
DDR4 RAM
1TB SSD
NVMe® PCIe®
2X SSD
Slots
LEARN MORE

GEFORCE RTX 30 SERIES LAPTOPS

THE ULTIMATE PLAY

GeForce RTX™ 30 Series Graphic Card တွေဟာ Gamer တွေနှင့် Creator တွေအတွက် အမြန်ဆန်ဆုံးသော Laptop တွေကို မောင်းနှင်နေတာဖြစ်ပါသည်။ ဆုပေါင်းများစွာပိုင်ဆိုင်ထားသည့် Nvidia ၏ 2nd Gen RTX Architecture ဖြစ်သည့် Ampere ဖြင့် တည်ဆောက်ထားပြီး RT Core အသစ်တွေ၊ Tensor Core နှင့် Streaming Multiprocessor တွေဟာ ပြင်ပဘဝနှင့်အတူညီဆုံးသော Ray-traced Graphic တွေနှင့် အကြမ်းဆုံးသော AI Feature တွေကို အသုံးပြုနိုင်စေမှာဖြစ်ပါသည်။

NVIDIA Ampere Architecture

2ND GENERATION
RT CORES
2X THROUGHPUT
3RD GENERATION
TENSOR CORES
UP TO 2X THROUGHPUT
NEW
SM
2X FP32 THROUGHPUT

RTX. IT’S ON.

ဒီနေ့ခေတ်ရဲ့ အအောင်မြင်ဆုံးသော Blockbuster ဂိမ်းတွေကို AI-powered DLSS နှင့် Real-time Ray Tracing တွေနှင့်အတူ ယခင်နှင့်လုံးဝမတူသည့် အမြင့်မားဆုံး ရုပ်ထွက်အရည်အသွေးဖြင့်ခံစားလိုက်ပါ။ RTX. It’s On.

DLSS AI ACCELERATION

MAX FPS. MAX QUALITY. POWERED BY AI.

NVIDIA DLSS ဟာ GeForce RTX မှာပါဝင်သည့် သီးသန့် AI Processing Tensor Core တွေကို အသုံးချပြီး ရုပ်ထွက်အရည်အသွေးကို ထိခိုက်ခြင်းမရှိဘဲ Frame Rate တွေကို တိုးမြှင့်ပေးနိုင်သည့် Groundbreaking AI Rendering နည်းပညာတစ်ခုဖြစ်ပါသည်။ အခုနည်းပညာဟာ သင့်ကို အကြမ်းဆုံးသောရုပ်ထွက်အရည်အသွေးကို ခံစားနိုင်မယ့်အပြင် Setting တွေနှင့် Resolution ကို တိုးမြှင့်နိုင်စေမှာဖြစ်ပါသည်။ AI ရဲ့ တစ်ခေတ်ဆန်းသစ်ချိန်တွေဟာ Gaming ပိုင်းကိုလည်း ရောက်ရှိလာခဲ့ပါပြီ။

DYNAMIC BOOST 2.0

AI-powered နည်းပညာတစ်ခုဖြစ်သည့် Dynamic Boost 2.0 ဟာ GPU ၊ GPU Memory နှင့် CPU တွေရဲ့ စွမ်းဆောင်ရည်အတွက် ပါဝါလိုအပ်မှုကို အလိုအလျောက်ချိန်ညှိပေးပြီး ယခင်ထက် ပိုမြင့်မားတဲ့ စွမ်းဆောင်ရည်တိုးတက်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ Dynamic Boost 2.0 မှာပါဝင်သည့် AI Network တွေဟာ Frame တစ်ခုချင်းစီအပေါ်မှုတည်ပြီး ပါဝါလိုအပ်မှုကို ပြောင်းလဲပေးနိုင်တာကြောင့် သင့် Laptop ကို Gaming သို့မဟုတ် Creation တွေအတွက် အသုံးပြုနေတဲ့အချိန်မှာ အမြဲတမ်းအမြင့်မားဆုံးသော စွမ်းဆောင်ရည်ကို ရရှိစေမှာဖြစ်ပါသည်။

WHISPERMODE 2.0

WhisperMode 2.0 ဟာ Gaming Laptop တွေအတွက် နောက်ထပ်တစ်ဆင့်ဖြစ်လာမယ့် Acoustic Control ကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ အစအဆုံးပြန်လည်တီထွင်ဆန်းသစ်ထားခြင်းဖြစ်သလို Laptop အလိုက် System-level အထိ Custom တည်ဆောင်ထားတာဖြစ်ပါသည်။ သင့်အနေနဲ့ နှစ်သက်ရာ Acoustic Level တစ်ခုကို ရွေးချယ်ပေးလိုက်ရုံဖြင့် WhisperMode 2.0 မှာပါဝင်သည့် AI-powered Algorithm တွေဟာ CPU ၊ GPU ၊ System အပူချိန်နှင့် Fan တွေရဲ့ အမြန်နှုန်းကို အလိုအလျောက်ချိန်ညှိပေးပြီး အငြိမ်သက်ဆုံးသော ဆူညံမှုတွေနှင့် အကောင်းဆုံးသောစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။

RESIZABLE BAR

Resizable BAR ဟာ အဆင့်မြင့် PCI Express Feature တစ်ခုဖြစ်ပြီး CPU ကို GPU Frame Buffer အကုန်လုံးကို တစ်ချိန်တည်းမှာ ဝင်ရောက်ထိန်းချုပ်နိုင်စေမှာဖြစ်ပါသည်။ ဒါဟာ ဂိမ်းအများအပြားအတွက် စွမ်းဆောင်ရည်ကို သိသိသာသာတိုးတက်လာစေပါသည်။

DLSS

NVIDIA DLSS ဟာ အကြမ်းဆုံးသော AI Rendering တွေကိုပြုလုပ်ပေးနိုင်သည့် Tensor Core တွေကို အသုံးပြုပြီး တူညီသည့်ပါဝါစားသုံးမှုတစ်ခုမှာ စွမ်းဆောင်ရည်ပိုင်းကို ကြီးမားစွာမြှင့်တင်ပေးနိုင်မှာဖြစ်ပါသည်။

UP YOUR CREATIVE GAME

သင့်ရဲ့ Creative Project တွေကို GeForce RTX 30 Series Laptop တွေဖြင့် နောက်ထပ်အဆင့်တစ်ခုကို ယူဆောင်သွားလိုက်ပါ။ ထိပ်တန်း Creative App တွေမှာ AI-acceleration ကို ပေးစွမ်းနိုင်ပြီး သီးသန့် Driver တွေနှင့် Exclusive Tool တွေပါဝင်သည့် NVIDIA Studio Platform တွေကို ကျောထောက်နောက်ခံပြုလုပ်ထားသည့်အတွက် အလုပ်တွေကို မယုံကြည်နိုင်လောက်သည့် အချိန်အတွင်း အပြီးသတ်နိုင်စေမှာဖြစ်ပါသည်။ သင့်အနေနဲ့ ရှုပ်ထွေးသည့် 3D Scene တွေကို Rendering ပြုလုပ်နေတာပဲဖြစ်ဖြစ်၊ 8K Video တွေကို Edit ပြုလုပ်နေတာပဲဖြစ်ဖြစ်၊ အကောင်းဆုံးသော Encoding နှင့် ရုပ်ထွက်အရည်အသွေးတစ်ခုဖြင့် Livestreaming ပြုလုပ်နေတာပဲဖြစ်ဖြစ် GeForce RTX Laptop တွေဟာ သင့်ကို အကောင်းဆုံးဖန်တီးနိုင်စေမယ့်စွမ်းဆောင်ရည်ကို ရရှိစေမှာပါ။

VICTORY MEASURED IN MILLISECONDS

NVIDIA Reflex ဟာ Competitive ဂိမ်းတွေမှာ အကောင်းဆုံးအားသာချက်ကို ပေးစွမ်းနိုင်ပါသည်။ ဒါကတော့ ပိုလျော့နည်းသည့် Latency ပဲဖြစ်ပါသည်။ အမြန်ဆန်ဆုံးသော Responsiveness ဟာ GeForce RTX 30 Series Laptop တွေမှာပဲ ရရှိနိုင်ပြီးတော့ သင့်အနေနဲ့ ပစ်မှတ်တွေကို ပိုမိုမြန်မြန်ဆန်ဆန်တွေ့ရှိ၊ တုံ့ပြန်နိုင်စေမှာဖြစ်ပြီး လက်ရှိ Competitive ဂိမ်းတွေအတွက် Optimize ပြုလုပ်ထားသည့် System Latency ကို လျော့နည်းစေသည့်နည်းပညာတွေအများအပြားပါဝင်တာကြောင့် သင့်ရဲ့ Aim ကလည်း ပိုပြီး တိကျလာမှာပါ။

STREAM LIKE A BOSS

အကောင်းဆုံးနှင့် အချောမွေ့ဆုံးသော Graphic တွေ၊ ထစ်ငေါ့မှုလုံးဝမရှိသည့် Live Streaming တွေဖြင့် အကုန်လုံးရဲ့ အာရုံစိုက်မှုကို ရယူလိုက်ပါ။ Next-generation Hardware Encoding နှင့် Decoding တွေဟာ သင့်ရဲ့ အကောင်းဆုံးသော အချိန်တွေကို အနုစိတ်ဖော်ပြနိုင်စေမှာဖြစ်ပါသည်။ All-new NVIDIA Broadcast App ဟာ စွမ်းဆောင်ရည်မြင့်မားသည့် AI ပိုင်းဆိုင်ရာ အသံနှင့် ရုပ်ထွက်အရည်အသွေးကို ပိုကောင်းစေမည့် Virtual Background ၊ Webcam Auto Frame နှင့် Microphone Noise Removal လိုမျိုး Feature တွေဖြင့် သင့်ရဲ့ Livestream တွေကို နောက်ထပ်အဆင့်တစ်ခုကို ခေါ်ဆောင်သွားမှာဖြစ်ပါသည်။ GeForce RTX 30 Series Laptop တွေဟာ သင့်ရဲ့ ပရိသတ်တွေကို အကောင်းဆုံးသော စွမ်းဆောင်ရည်နှင့် ရုပ်ထွက်အရည်အသွေးကို အမြဲတမ်းပေးနိုင်စေဖို့ သေချာစေမှာဖြစ်ပါသည်။

Visuals
SPEED TO VICTORY
ဂိမ်းတွေကို Professional တစ်ယောက်လို အမြင့်ဆုံး 240Hz အမြန်နှုန်းမျိုးဖြင့် 100% sRGB IPS-level Panel မှာဆော့ကစားလိုက်ပါ။ Adaptive-Sync နည်းပညာဟာ Display Refresh Rate ကို GPU Frame Rate ဖြင့် Sync ပြုလုပ်ပေးနိုင်ပြီး Lag ၊ Stuttering နှင့် Visual Tearing တွေကို လျော့ချပေးပြီး ပိုမိုချောမွေ့ပြီး ဂိမ်းဆော့ကစားမှုတွေကို ပိုမို Immersive ဖြစ်စေမှာဖြစ်ပါသည်။ G-SYNC® နှင့် DisplayPort™ 1.4 ကိုထောက်ပံ့ပေးထားသည့် USB 3.2 Gen 2 Type-C™ Port ကနေတစ်ဆင့် ဒုတိယ Monitor တစ်ခုကို ချိတ်ဆက်ပြီး သင့် Multitasking စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်လိုက်ပါ။ HDMI 2.0b ဖြင့် ပိုမိုကြီးမားသည့် TV တွေမှာ 4K Ultra HD ရုပ်ရှင်၊ ဗီဒီယိုတွေနှင့် ဂိမ်းတွေကို ဆော့ကစားလိုက်ပါ။

*Requires dual-channel to support 4K monitor with HDMI 2.0b. Please check with local vendors for qualifying configurations.
*USB 3.2 Gen 2 port and DisplayPort™ 1.4 available in select models only.
Speedy
240Hz
display
IPS-level
100% sRGB
color space
Smooth
Adaptive-Sync
technology
Audio
CRYSTAL CLEAR AUDIO
အဆင့်မြင့်တင်ထားသည့် Speaker ၂ လုံးနှင့် Audio Cut-out ၄ ခုဟာ အကောင်းဆုံးသော အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ DTS:X™ Ultra နည်းပညာဟာ Stereo Headset တွေနဲ့တွဲဖက်အသုံးပြုသည့်အချိန်မှာ ရုပ်ရှင်ရုံအသံထွက်မျိုးရရှိစေမည့် 7.1 Channel Virtual Surround Sound ကို ရရှိစေမှာဖြစ်ပါသည်။ သင့်ရန်သူတွေရဲ့ တည်နေရာကို Surround Sound ကနေ ဖော်ပြပေးနိုင်သည့် Enhanced Spatial Awareness ကြောင့် သိနိုင်သလို Musical Performance တွေမှာလည်း အသံထွက်အပိုင်းမှာ တစ်လွှာချင်းစီ ခွဲခြားပြီး ခံစားနိုင်မှာဖြစ်ပါသည်။ သီချင်း၊ ရုပ်ရှင်နှင့် Gaming တွေအတွက် သင့်ခံစားမှုကို ပိုအဆင့်မြှင့်တင်ပေးနိုင်မည့် Preset Mode ၈ ခုပါဝင်သလို Built-in Equalizer ကလည်း သင့် Setting တစ်ခုချင်းစီကို အနုစိတ်ပြင်ဆင်နိုင်မှာဖြစ်ပါသည်။
Optimized
Strategy/RPG/Shooter
audio modes
7.1-channel
Surround Sound
experience
Two-way
AI Noise Cancelation
technology
TWO-WAY AI NOISE CANCELATION
အဆင့်မြင့် Two-Way AI Noise Cancelation ဟာ Upstream နှင့် Downstream Connection ၂ ခုစလုံးမှာ အလုပ်လုပ်မှာဖြစ်ပြီး သင့်ရဲ့ Mic Input နှင့် ဝင်ရောက်လာသည့်အသံတွေက မလိုအပ်သည့် ဆူညံသံတွေကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါသည်။ App တစ်ခုချင်းစီအလိုက် Audio Setting တွေကို ပြင်ဆင်ထားနိုင်ပြီး Voice Chat App တွေကို Filter ပြုလုပ်ထားနိုင်တာကြောင့် Game Audio ကို ထိစရာမလိုအပ်ဘဲ ကြည်လင်ပြတ်သားသည့် In-game Communication တွေကို ပြုလုပ်နိုင်စေမှာဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ Noise-canceling နည်းပညာဟာ CPU အပေါ်မှာ မောင်းနှင်တာကြောင့် GPU ကို Gaming Performance အတွက်ပဲ သီးသန့်အနေနဲ့ အမြင့်ဆုံးစွမ်းဆောင်နိုင်စေမှာဖြစ်ပါသည်။
Thermal
LASTING COOL
တိကျသေချာစွာပြုလုပ်ထားသည့် Cooling ဟာ သင့်စက်ကို အချိန်သက်တမ်းကြာမြင့်စွာအသုံးပြုတဲ့အချိန်မှာ စွမ်းဆောင်ရည်အမြင့်မားဆုံးကို အမြဲတမ်းရရှိစေအောင် အာမခံပေးနိုင်မှာဖြစ်ပါသည်။ Heatsink ၃ ခုအပြင် Heatpipe ၄ ခုဟာ သင့် Hardware တွေက အပူကို လျှင်မြန်စွာဖယ်ရှားပေးနိုင်မှာဖြစ်ပါသည်။ Self-cleaning Cooling 2.0 Design ကလည်း Device တစ်ခုချင်းစီရဲ့ Cooling System ကို အချိန်အကြာကြီး ကောင်းမွန်နေစေဖို့ အာမခံနိုင်ပါသည်။ တစ်ဖက်မှာလည်း Operating Mdoe တွေဟာ လုပ်ဆောင်နေသည့်တာဝန်အပေါ်မှုတည်ပြီး Performance နှင့် အသံဆူညံမှုကို သင့်လိုအပ်ချက်အပေါ်မှုတည်ပြီး မျှတအောင် ပြင်ဆင်ထိန်းညှိပေးနိုင်ပါသည်။
Self-Cleaning
COOLING 2.0
+10% airflow
WITH 83-BLADE FANS
11% quieter
in performance mode
LEARN MORE
Portability
LIVE LONG AND TRAVEL FAR
ဘဝက ဘယ်လိုမျိုးအခြေအနေတွေကို ခေါ်ဆောင်သွားပါစေ၊ ယုံကြည်ရသူတစ်ယောက်ကို ဘေးနား အမြဲထားဖို့က လိုအပ်ပါသည်။ ပေါ့ပါးပြီး အချိန်ကြာမြင့်စွာအသုံးပြုနိုင်သည့် Laptop ဟာ သင့်ကို နံရံတွေကမှာ တွဲကပ်နေစရာမလိုအပ်ဘဲ ကမ္ဘာကြီးဖြင့် ချိတ်ဆက်နိုင်စေမှာဖြစ်ပါသည်။ ပါဝါစားသုံးမှုသက်သာသည့် AMD Ryzen™ Processor နှင့် ကြီးမားသည့် 90Wh Battery ပေါင်းစပ်မှုဟာ Video Playback ပြုလုပ်မှုမှာ ၁၄.၅ နာရီ အသုံးခံနိုင်ပြီး သင့်ကို အပြင်မှာရောက်နေတဲ့အချိန်မျိုးမှာ ပိုမိုကြည့်ရှုနိုင်စေမှာပါ။ မြန်ဆန်ပြီး စိတ်ချရသည့် Wi-Fi 6 (802.11ax) ဟာ သင့်တော်သည့်ကွန်ရက်တွေရှီတာနှင့် Web ကို ချိတ်ဆက်ပြီး အလုပ်တွေကို ဘယ်နေရာမှာမဆို Productive ဖြစ်နေစေမှာပါ။

*Battery life may vary based on system configuration. Fast Charging Technology is tested while the device is powered off with the default adapter included with the device.
Charging time may vary +/- 10% due to system tolerance.
90Wh
Battery
Up to
13.5 hours
Web Browsing
Up to
14.5 hours
Video playback
50% IN 30 MINS
FAST CHARGING
TECHNOLOGY
LEARN MORE
Durability
MILITARY-GRADE TOUGHNESS
TUF Gaming နာမည်ကို ရရှိဖို့အတွက် Laptop တွေဟာ အလွန်ကြမ်းတမ်းသည့်စစ်ပွဲတစ်ခုအလား MIL-STD-810H စမ်းသပ်မှုတွေကို အောင်မြင်ဖို့ လိုအပ်ပါသည်။ စမ်းသပ်ထားသည့် Device တွေဟာ ပြုတ်ကျဒါဏ်၊ တုန်ခါမှုဒါဏ်၊ စိုထိုင်းမှုနှင့် အလွန်ကြမ်းတမ်းသင့်အပူချိန်တွေမှာ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်စေမှာဖြစ်ပါသည်။ အခက်ခဲဆုံးအချိန်တွေအတွက်မှာတောင် မှီခိုနိုင်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားသည့်အတွက် A15 ဟာ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရသည့် မတော်တဆထိခိုက်မှုတွေကို အသာလေးကျော်ဖြတ်နိုင်မှာပါ။
DROP
SHAKE
HEAT
COLD
HUMIDITY
REDUCED FALL DAMAGE
Drop Test တွေဟာ TUF Gaming Laptop တိုင်းကို မမျှော်လင့်ထားသည့် ပြုတ်ကျမှုတွေ၊ ထိခိုက်မှုတွေ၊ သယ်ဆောင်သည့်အချိန်နှင့် နေ့စဥ်အသုံးပြုမှုတွေမှာ တိုက်မိတာတွေကနေ ထိခိုက်မှုမဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါသည်။ MIL-STD-810H Standard ကို ပြည့်မှီဖို့အတွက် Device တွေကို အနိမ့်မှပြုတ်ကျမှုတွေကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားပါသည်။ A15 ကို သင့်ရဲ့ Backpack ထဲပစ်ထည့်ပြီး ကျောပေါ်မှာ စိတ်ပူပန်မှုလုံးဝမရှိဘဲ နေရာတိုင်းကို သယ်ဆောင်သွားလိုက်ပါ။

*Please refer to the shock bench handling test, method 516.8, procedure VI for the exact test conditions.
TRAVEL EASY
သင့် Device ကို လေယာဥ်၊ ရထား သို့မဟုတ် ကားပေါ်မှာ သယ်ဆောင်သွားသည့်အချိန်မှာ Device ရဲ့ အတွင်းပိုင်းအစိတ်အပိုင်းတွေကို ထိခိုက်နိုင်သည့် တုန်ခါမှုတွေနှင့် ကြုံတွေ့ရတတ်ပါသည်။ သေချာစွာစမ်းသပ်ထားသည့် တုန်ခါမှုခံနိုင်စွမ်း စမ်းသပ်မှုတွေဟာ သင့်ရဲ့ TUF Gaming Laptop ကို အစိတ်အပိုင်းတွေရွေ့သွားပြီး အလုပ်လုပ်နိုင်စွမ်းမရှိတာ့မှာကို ခံနိုင်ရည်ရှိပြီး စိတ်ကြိုက်ခရီးသွားလာနိုင်မှာဖြစ်ပါသည်။

*Please refer to the vibration test, method 514.8 for the exact test conditions.
COOL UNDER FIRE
သင့်ဟာ ကန္တာရအတွင်းမှာ လျှောက်သွားနေတာပဲဖြစ်ဖြစ်၊ ကမ်းခြေမှာ နေပူစာလှုံနေတာပဲဖြစ်ဖြစ် မြင့်မားသည့်အပူချိန်ကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားသည့် TUF Gaming Laptop ဟာ အမြဲတမ်းသင့်အနီးမှာ ရှိနေစမှာဖြစ်ပါသည်။ အမြင့်မားဆုံး ၄၉ ဒီဂရီဆဲစီးယပ်စ်အထိ နေ့ရက်များစွာအသုံးပြုမှုကို ခံနိုင်ရည်ရှိတာကြောင့် အခု Device တွေဟာ အပူချိန်ကို ကောင်းကောင်းကြီးကို ခံနိုင်မှာဖြစ်ပါသည်။

*Please refer to the high temperature operational test, method 501.7, procedure II for the exact test conditions.
SERIOUS CHILL
အလွန်အေးစက်နေသည့် အနှုတ် ၃၂ ဒီဂရီဆဲစီးယပ်စ်မှာတောင် TUF Gaming Laptop တွေဟာ ဆက်ပြီး အသုံးပြုနိုင်ဦးမှာဖြစ်ပါသည်။ ဒီလိုမျိုး အံ့အားသင့်ဖွယ်ကောင်းသည့် ခံနိုင်ရည်အားဟာ တကမ္ဘာလုံးမှာရှိသည့် အအေးမြ၊ အကြမ်းတမ်းဆုံးသော နေရာတွေကို သယ်ဆောင်သွားနိုင်ပြီး ခရီးစဥ်မှာလည်း အသုံးဝင်နေစေမှာဖြစ်ပါသည်။

*Please refer to the low temperature operational test, method 502.7, procedure II for the exact test conditions.
HUMIDITY? NO SWEAT
TUF Gaming Laptop တွေရဲ့ ကိုယ်ထည်ဟာ စိုထိုင်းမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းအထိကို အချိန်ကြာမြင့်စွာခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာဖြစ်ပါသည်။ တကယ်လို့ သင့်အနေနဲ့ စိုထိုင်းကြမ်းတမ်းသည့် အခြေအနေ ရာသီဥတုမျိုးမှာ ခရီးသွားလာနေရရင်လည်း TUF Laptop တွေဟာ အေးဆေးခံနိုင်ရည်ရှိမှာပါ။

*Please refer to the humidity aggravated cycle test, method 507.6, procedure II for the exact test conditions.
DROP
SHAKE
HEAT
COLD
HUMIDITY
Keyboard
OPTIMIZED FOR GAMING
Gaming အတွက် အထူးပြုလုပ်ထားသည့် Desktop ပုံစံ Keyboard ဖြင့် သင့်ကိုယ်သင် လက်နက်အပြည့်အစုံတပ်ဆင်ပေးလိုက်ပါ။ ညီမျှသည့် RGB Backlighting ဟာ သင့်ကိုယ်ပိုင်ထူးခြားသည့် စတိုင်လ်တစ်ခုကို ပြသနိုင်မှာဖြစ်ပြီး အဓိက Movement Command တွေအတွက် WASD Keys တွေကို Highlight ပြုလုပ်ပေးထားတာကြောင့် သင့်ကို အမြင်ပန်းအရ လျှင်မြန်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ Overstroke နည်းပညာဟာ Keystroke တစ်ခုစီတိုင်းမှာ ပိုပြီး မြန်ဆန်သည့် Response ကိုရရှိစေမှာဖြစ်ပြီး ထိန်းချုပ်မှုကိုလည်း ပိုပြီး လွယ်ကူစေမှာဖြစ်ပါသည်။ TUF ဆိုသည့်အတိုင်း Key တစ်ခုစီဟာ အကြိမ်ရေ သန်း ၂၀ ရိုက်နှိပ်မှုကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး ရေရှည်မှာ တိကျ၊ အသုံးခံနိုင်ဖို့ကို စိတ်ချရစေမှာဖြစ်ပါသ်ည။
RGB
Backlight
20 Million
Key presses
Overstroke
Technology
Static
Breathing
Color Cycle
Strobing
Upgradeability
UPGRADING MADE EASY
Easy-upgrade Design ကြောင့် သင့် RAM နဲ့ SSD တွေကို Upgrade ပြုလုပ်ရတာဟာ အလွန်လွယ်ကူမြန်ဆန်စေမှာဖြစ်ပါသည်။ သာမန်ဝက်အူလှည့်တစ်ခုရှိရုံဖြင့် ကိုယ်ထည်ရဲ့ အောက်ခြေမှာရှိသည့် ဝက်အူတွေကို လွယ်ကူစွာဖြုတ်ပြီး သင့်စိတ်ကြိုက်မွမ်းမံပြင်ဆင်နိုင်မှာဖြစ်ပါသည်။ အောက်ခြေ Panel ရဲ့ ထောင့်မှာရှိသည့် အထူးပြုလုပ်ထားသည့် Pop-open ဝက်အူဟာ အပေါ်ကို မြှင့်တင်ပေးနိုင်တာကြောင့် ခွဲခြားဖို့ အလွန်လွယ်ကူမှာဖြစ်ပါသည်။ RAM ကို လဲလှယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း ပြုလုပ်ဖို့ပဲဖြစ်ဖြစ်၊ သင့် SSD Capacity ကို နောက်ထပ် PCIe® Drive တစ်ခုဖြင့် တိုးမြှင့်တာပဲဖြစ်ဖြစ် လွယ်ကူစွာပြုလုပ်နိုင်ပါသည်။
Input/Output
COMPREHENSIVE CONNECTIVITY
I/O Port တွေအများအပြားပါဝင်သည့်အတွက် သင့်အကြိုက်ဆုံး Device တွေကို ချိတ်ဆက်ပြီး ဘယ်နေရာမဆိုစတင်အလုပ်လုပ်နိုင်မှာဖြစ်ပါသည်။ USB 3.2 Type-A Port ၂ ခုဟာ လျှင်မြန်သည့် Data Transfer ပြုလုပ်မှုတွေပြုလုပ်နိုင်မှာဖြစ်ပြီး နောက်ထပ် USB 3.2 Type-A Port ဟာလည်း အသုံးပြုလိုသည့် Peripheral တွေအတွက် စုစုပေါင်း Input ၃ ခုအထိ အသုံးပြုနိုင်မှာဖြစ်ပါသည်။ Bluetooth ကနေလည်း သင့်ကို Mouse ၊ Headphone နှင့် တခြားသော Device တွေကို ကြိုးတွေရှုပ်နေခြင်းမရှိသည့် ရှင်းလင်းသည့်အလုပ်နေရာတစ်ခုကို ရရှိနိုင်မှာဖြစ်ပါသည်။ USB 3.2 Gen 2 Type-C™ with DisplayPort™ 1.4 ကိုအသုံးပြုပြီး အလွန်မြန်ဆန်သည့် G-SYNC™ Display ကို ချိတ်ဆက်ပြီး ပိုမို Smooth ဖြစ်တဲ့ Gaming Experience ကို ရယူလိုက်ပါ။ Wi-Fi ရရှိသည့်နေရာတိုင်းမှာ မြန်ဆန်ပြီး စိတ်ချရသည့် 802.11AX (2x2) Wi-Fi ဖြင့် Online ကို ချိတ်ဆက်ဝင်ရောက်လိုက်ပါ။

*USB 3.2 Gen 2 port and DisplayPort™ 1.4 available in select models only.
Exclusive Software
UNIFIED SYSTEM TUNING AND PERSONALIZATION
Armoury Crate ဟာ သင့်လက်ချောင်းတွေကနေ Utility တစ်ခုတည်းကို အသုံးပြုပြီး System နှင့် Lighting ထိန်းချုပ်မှုတွေကို ခိုင်းစေနိုင်မှာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်မှုတွေကြောင့်ကို လှပသည့် Effect တွေ၊ Game Profile တွေကို အသေးစိတ်ပြင်ဆင်နိုင်သလို သင့်စိတ်ကြိုက် Audio Setting တွေကိုလည်း ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ Scenario Profile ကို အသုံးချပြီး သင်နှစ်သက်ရာ App တွေ၊ Game တွေကို Launch ပြုလုပ်လိုက်တာနှင့် Performance အပြင် တခြားသောစိတ်ကြိုက် Custom Setting တွေကို အလိုအလျောက်ပြောင်းလဲပေးမှာဖြစ်ပါသည်။ သင့်အနေနဲ့ လုံးဝကိုယ်တိုင်ထိန်းချူပ်ပြီး အကောင်းဆုံးအတွေ့အကြုံကို ဖန်တီးနိုင်ပါပြီ။
XBOX GAME PASS
Windows 10 ပေါ်မှာ အရည်အသွေးမြင့် PC Game ၁၀၀ ကျော်ကို အကန့်အသတ်မရှိရယူလိုက်ပါ။ သင့် Device ဝယ်ယူမှုနှင့်အတူ Game Pass အတွက် တစ်လ Subscription ပါဝင်မှာဖြစ်ပါသည်။ ဂိမ်းတွေကို အမြဲတမ်းထည့်သွင်းပေးနေတာကြောင့် သင့်အနေနဲ့ အမြဲတမ်း ဆော့စရာတစ်ခုခုရှိနေမှာပါ။

*Active subscription required; continues until cancelled; game catalog varies over time. Requires Windows 10 and an app to play PC games; see details at xbox.com/pcgamesplan. See xbox.com/game-pass.
Bundles
GEAR UP AND GAME
TUF Gaming A15 ဟာ ရေရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတဲ့တခြားသော လိုက်ဖက်သည့် Accesories တွေနှင့်အတူ တွဲဖက်ပေးထားပါသည်။ TUF Gaming Backpack ဟာ အတွင်းဘက်မှာ Divider တွေပါဝင်သည့် ကြီးမားသည့် Internal Compartment ပါဝင်ပြီး LAN Party တွေနှင့် ပြိုင်ပွဲတွေအတွက် Laptop နှင့် တခြားသော Peripheral တွေကို လုံခြုံစွာသယ်ဆောင်သွားနိုင်မှာဖြစ်ပါသည်။ TUF Gaming M5 Mouse ဟာလည်း A15 Laptop အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်ပြီး အကြမ်းခံနိုင်သလို လက်ထဲမှာလည်း သက်သောင့်သက်သာရှိစေမှာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်သည့် ခလုတ် ၆ ခု၊ Low-friction Feet အပြင် Lighting Effect တွေကိုပါ ပြင်ဆင်နိုင်မှာပါ။

*All bundled peripherals are subject to change without notice.
Please check with local vendors for exact offers.
Click here to learn more about TUF Gaming M5.
LEARN MORE
LEARN MORE
AMPLIFY YOUR EXPERIENCE
အမြင့်ဆုံး AMD Ryzen™ 7 5800H အထိရွေးချယ်နိုင်သည့် ပါဝါစားသုံးမှုသက်သာသည့် AMD Ryzen™ Processor ဖြင့် မောင်းနှင်လိုက်ပါ။ အလွန်ကောင်းမွန်သည့် Cooling နည်းပညာဖြင့် အားဖြည့်ထားသည့်အတွက် CPU ဟာ GPU ကိုပါ အသုံးပြုနေသည့်အချိန်မှာ 45W Power ဖြင့် စွမ်းဆောင်နိုင်ပြီး သီးသန့်အနေနဲ့ 65W အထိ ရရှိနိုင်မှာဖြစ်ပါသည်၊ ဒါကြောင့် Laptop တစ်လုံးအတွက် Immersive အဖြစ်ဆုံးသော Gaming Experience ကို ရရှိနိုင်စေမှာပါ။ Zen 3 Architecture အသစ်ကို အခြေခံထားပြီး အကောင်းမွန်ဆုံးသော 7nm Fabrication နည်းပညာဖြင့် တည်ဆောက်ထားတာကြောင့် အခု 8-core Processor ဟာ Gaming နှင့် Streaming လိုမျိုး တောင်းဆိုမှုမြင့်မားသည့် လုပ်ငန်းတွေကို လွယ်ကူစွာကိုင်တွယ်နိုင်ပြီး Heavy Duty Workload တွေအတွက်လည်း 16 Parallel Threads တွေအထိ မောင်းနှင်နိုင်မှာဖြစ်ပါသည်။
*Performance may vary based on system configuration. Benchmark tested with NVIDIA® GeForce RTX 3070 GPU, AMD Ryzen 7 5800H CPU, 16GB DDR4 SDRAM, and 1TB SSD.
CPU CINEBENCH R20 TEST
+20%
AMD RYZEN 7 5800H
AMD RYZEN 7 4800H
GAME AT A NEW LEVEL
သင့်ရဲ့ Gaming Graphic တွေကို အဆင့်မြှင့်တင်လိုက်ပါ။ ကျွန်တော်တို့ရဲ့ အမြင့်မားဆုံး Config မှာ 1510MHz at 90W with GPU Boost အထိ Clock Speed ရရှိနိုင်သည့် NVIDIA® GeForce RTX™ 3070 ပါဝင်မှာဖြစ်ပြီး Dynamic Boost ကနေတစ်ဆင့် နောက်ထပ် 5W Power ရရှိနိုင်ဦးမှာဖြစ်ပါသည်။ Ampere Architecture ၊ NVIDIA ၏ 2nd Gen RTX Platform ၊ Programmable Shading အတွက် ပုံမှန် CUDA Core များ၊ Real-time Ray Tracing နှင့် AI ပိုင်းအတွက် 2nd Gen RT နှင့် 3rd Gen Tensor Core တွေပါဝင်ပြီး အခုလိုပေါင်းစပ်မှုဟာ သဘာဝအကျဆုံးသော In-game Lighting တွေနှင့် တခြားသော Effect တွေကို ရရှိစေနိုင်သလို Video နှင့် Photo Editing ပိုင်းလိုမျိုး Content Creation တွေကိုပါ ပိုမိုမြန်ဆန်စေမှာဖြစ်ပါသည်။
*Performance may vary based on system configuration. Benchmark tested with NVIDIA® GeForce RTX 3070 GPU, AMD Ryzen 7 5800H CPU, 16GB DDR4 SDRAM, and 1TB SSD on FHD resolution settings.
3DMARK 11
32516
POINTS
FAR CRY 5
115 FPS
ON FHD ULTRA
SHADOW OF THE TOMB RAIDER
104 FPS
ON HIGHEST SETTINGS
EXPANDABLE STORAGE
Game တွေနှင့် App တွေဟာ NVM Express® (NVMe®) SSD ဖြင့် လျှင်မြန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ သင့် Program တွေအားလုံးအတွက် ပိုမိုမြန်ဆန်လာသည့် Loading Time တွေဟာ သင့်ကို စောင့်ဆိုင်းရသည့်အချိန်လျော့နည်းပြီး ပိုမိုဆော့ကစားနိုင်စေမှာဖြစ်ပါသည်။ သင်ဆော့ကစားမှုအများဆုံး Title ဂိမ်းတွေကို အမြင့်ဆုံး 1TB PCIe® Drive မှာ သွားလေရာသယ်ဆောင်သွားနိုင်သလို M.2 SSD Slot ကနေတစ်ဆင့် နောက်ထပ် Drive တစ်ခုထပ်ထည့်ပြီး Collection အကုန်လုံးအတွက် Terabyte နှင့်ချီသည့် Space တွေကို ရယူလိုက်ပါ။
DO MORE MULTITASKING
အမြင့်ဆုံး 32GB Dual-channel DDR4-3200 Memory ဟာ Multitasking မှအစ Multimedia Rendering တွေအထိ မြန်ဆန်ချောမွေ့စွာဆောင်ရွက်နိုင်ဖို့ တာဝန်ယူမှုဖြစ်ပါသည်။ High-performance RAM ဟာ သင့်ကို Gaming ၊ Streaming နှင့် Web-browsing တွေအတွက် လှစ်ဟာမှုမရှိဘဲ ပြောင်းလဲနိုင်စေမှာဖြစ်ပါသည်။ သင့်မြင်ကွင်းထဲမှာ နှေးကွေးမှုကို ဖယ်ရှားလိုက်ပြီး အမြဲတမ်း အာရုံစိုက်ပြီး Active ဖြစ်ဖြစ် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ပါပြီ။
CLOSE
Experience Ultrafast Networking
အလွန်မြန်ဆန်သည့် Wi-Fi 6 (802.11ax) ဟာ သင့်တော်သည့် Connection ရှိသည့်နေရာတိုင်းမှာ သင့်ရဲ့ Game တွေကို LAN ဖြင့်ချိတ်ဆက်ထားသလို မြန်ဆန်စွာဆော့ကစားနိုင်မှာဖြစ်ပါသည်။ Wi-Fi 6 ဟာ Network Speed နှင့် Efficiency ပိုင်းမှာ သိသာစွာပိုကောင်းမွန်လာမှာဖြစ်ပြီး သင့်ကို အသုံးပြုသူများပြားသည့် နေရာတွေမှာ ပိုကောင်းသည့် ချိတ်ဆက်မှုကို ရရှိစေမှာပါ။ Wi-Fi 6 မှာပါဝင်သည့် TWT Mechanism နှင့် WPA3 Security Standard တွေဟာ သင့်ကို ဂိမ်းဆော့ကစားသည့်အချိန်မှာ ပိုမို Battery အသုံးခံစေမှာဖြစ်သလို လုံခြုံရေးပိုင်းအရလည်း ပိုပြီး စိတ်ချထားနိုင်မှာပါ။
CLOSE
Heat Dissipation
ကောင်းမွန်စွာစွမ်းဆောင်နိုင်သည့် အပူကို ပြောင်းလဲဖြန့်ဝေမှုဟာ ပိုမိုမြန်ဆန်စွာ အပူချိန်ကိုကျဆင်းစေပြီး Thermal Throttling ဖြစ်မှုကို လျော့နည်းစေပါသည်။ TUF Gaming A15 မှာပါဝင်သည့် Heatpipe ၄ ခုနှင့် Heatsink ၃ ခုဖြင့် ကွက်တိဖြစ်အောင် ပြုလုပ်ထားသည့်စနစ်ဟာ CPU နှင့် GPU မှ အပူကိုစုတ်ယူပြီး လျှင်မြန်စွာဖယ်ရှားပေးပါသည်။ CPU မှာပါဝင်သည့် Extended Heat Spreader ဟာ အလွန်ပြင်းထန်သည့်အခြေအနေမျိုးမှာတောင် စိတ်ချယုံကြည်ရသည့်စွမ်းဆောင်ရည်ကို ကောင်းမွန်သည့်အပူချိန်တစ်ခုအောက်မှာ ရရှိစေဖို့ ကူညီပေးနိုင်ပါသည်။
Self-Cleaning Cooling 2.0
Fan တွေရဲ့ အစွမ်းဘက်မှာရှိသည့် Anti-dust Tunnel ၂ ခုဟာ ဝင်ရောက်လာသည့် ဖုန်နှင့်တခြားသော အမှုန်တွေကို Chassis ကိုယ်ထည်ထဲကနေ ထွက်သွားအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ အဆင့်မြှင့်တင်ထားသည့်ဒီဇိုင်းဟာ Tunnel တွေကို ပိုမိုတိုတောင်းစေပြီး လေစီးဆင်းမှုအတွက် နေရာပိုမိုရရှိစေမှာဖြစ်ပါသည်။ ဒါဟာ ယခင် Generation နှင့်နှိုင်းယှဥ်လျှင် Fan Performance ပိုင်းမှာ ၁၅ ရာခိုင်ှုန်းအထိ ပိုမိုကောင်းမွန်စေမှာဖြစ်ပါသည်။ အခုလိုမျိုး ပြုလုပ်သည့်အတွက် အတွင်းပိုင်း Cooling Component တွေရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ဖုန်တွေကြောင့် ကျဆင်းနိုင်မှုကို ကာကွယ်ပေးနိုင်ပြီး Overall System တည်ငြိမ်မှုကို ပိုကောင်းမွန်စေမှာပါ။ Self-cleaning Cooling 2.0 ဟာ TUF နာမည်အတိုင်း System အတွက် ရေရှည်စိတ်ချရမှုကို အာမခံပေးနိုင်မှာဖြစ်ပါသည်။
83-Blade lcp Fans
သင့်ရဲ့ လေစီးဆင်းမှုကို 83-Blade Fan ၂ ခုဖြင့် အစွမ်းကုန်မြှင့်တင်လိုက်ပါ။ သေချာဂရုစိုက်ပြုလုပ်ထားသည့် Intake Shroud တွေဟာ ကွေးညွတ်ထားသည့် အစွန်းတွေပါဝင်ပြီး ဘေးဘက်တွေကို မြှင့်တင်ထားသည့်အတွက် Fan တွေကို လေပိုမိုဝင်ရောက်စေဖို့ ကူညီပေးနိုင်ပါသည်။ သန့်စင်အေးမြသည့် လေအထဲကို ရောက်သွားတာနှင့် 0.25mm ပဲအထူရှိပြီး ပုံမှန်ထက် ၅၅ ရာခိုင်နှုန်းပိုမိုပါးလွှာသည့် 83-Blade Fan တွေက Heatsink ဆီကို မှုတ်ထုတ်မှာဖြစ်ပါသည်။ အဆိုပါ Fan တွေဟာ High RPM မှာ မောင်းနှင်နိုင်ပြီး စွမ်းဆောင်ရည်မြင့်မားသည့်အတွက် သင့်ရဲ့ စက်ကို ယခင်ထက် လေစီးဆင်းမှုပိုင်းမှာ ၁၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်စေပါသည်။

0dB နည်းပညာကြောင့် Silent Operating Mode မှာ CPU နှင့် GPU တွေဟာ အပူချိန် 60°C အောက် ရောက်ရှိတာနှင့် Fan တွေကို ပိတ်ချထားမှာဖြစ်ပါသည်။ ဒါဟာ ပေါ့ပါးသည့်အလုပ်တွေအတွက် လုံးဝကို တိတ်ဆိတ်သည့် Cooling ကို ရရှိစေမှာဖြစ်ပြီး CPU သို့မဟုတ် GPU အပူချိန်ပြန်လည်မြင့်တက်လာတာနှင့် Fan တွေဟာ အလိုအလျောက်ပြန်လည်အလုပ်လုပ်မှာဖြစ်ပါသည်။
Scenario Profiles
Scenario Profile တွေဟာ မတူညီသည့် Game တွေနှင့် Application တွေအတွက် စွမ်းဆောင်ရည်ပိုင်းနှင့် အသံထွက်ကို Optimize ပြုလုပ်ဖို့အတွက် Operating Mode ကို အလိုအလျောက်ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ Turbo Mode ဟာ အမြင့်မားဆုံး Fan Speed နှင့် Clock Speed တွေကို အမြင့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်မှာဖြစ်ပြီး Performance Mode ဟာ Clock Speed နှင့် Cooling ပိုင်းကို ဂိမ်းဆော့ကစားသည့်အချိန်မှာ အသံဆူညံမှုသက်သာဖို့အတွက် ထိန်းညှိထားပြီး Silent Mode ကတော့ ပေါ့ပါးသည့်အလုပ်တွေနှင့် Entertainment ပိုင်းအတွက် တိတ်ဆိတ်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။ သင့်အနေနဲ့ စိတ်ကြိုက် Scenario Profile တွေကို မသိသာအောင်ပြောင်းလဲနိုင်သလို Keyboard Shortcut တွေကို အသုံးပြုပြီး Mode တွေကို ပြောင်းလဲနိုင်ပါသည်။
CLOSE
  • Design
  • Performance
  • Visuals
  • Audio
  • Thermal
  • Portability
  • Durability
  • Keyboard
  • Upgradeability
  • Input/Output
  • Exclusive Software
  • Bundles
comparison icon
Compare (0)