• Design
  • Performance
  • Thermal
  • Visuals
  • Durability
  • Control
  • Portability
  • Audio
  • Connectivity
  • Exclusive Software
  • Bundles
01.
ASUS TUF GAMING A15

Mechanized endurance.
Battlefield brilliance.

  • HIGH-POWER

    AMD Ryzen™ 7 processor, GeForce RTX™ 30 Series Laptop GPU with up to 140W max TGP, and MUX Switch

  • Maximum cooling

    84-blade Arc Flow Fans™ with up to 4 exhaust vents and 5 heatpipes

  • STEALTH CAPABILITY

    4.5% smaller chassis, with a robust keyboard and 26% larger touchpad

  • Stellar visuals

    Up to QHD 165Hz or FHD 300Hz with Adaptive-Sync, 80% screen to body ratio

  • PRODUCTIVITY ON THE GO

    USB 3.2 Type-C support, DDR5-4800MHz RAM, and a 90Wh battery

  • RUGGED AND REFINED

    Meets MIL-STD-810H standards for resistance to shock, vibration, and other environmental extremes

FA507RE-HN046W

$1,399

Mecha Gray
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • AMD Ryzen™ 7 6800H Mobile Processor (8-core/16-thread, 20MB cache, up to 4.7 GHz max boost)
  • 8GB DDR5-4800 SO-DIMM *2
  • NVIDIA® GeForce RTX™ 3050 Ti Laptop GPU
  • 512GB M.2 NVMe™ PCIe® 3.0 SSD
  • TUF backpack
  • P304 TUF GAMING M5 V2

FA507RC-HN090W

$1,249

Mecha Gray
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • AMD Ryzen™ 7 6800H Mobile Processor (8-core/16-thread, 20MB cache, up to 4.7 GHz max boost)
  • 8GB DDR5-4800 SO-DIMM
  • NVIDIA® GeForce RTX™ 3050 Laptop GPU
  • 512GB PCIe® 3.0 NVMe™ M.2 SSD
  • TUF backpack
  • P304 TUF GAMING M5 V2

BRAND NEW DESIGN

TUF Gaming Chassis ဟာ ၂၀၂၂ အတွက် လုံးဝဒီဇိုင်းပိုင်းကို ပြောင်းလဲထားလိုက်ပါပြီ။ မနှစ်တုန်းကထက် ၄.၅ ရာခိုင်နှုန်းပိုပိုသေးငယ်သွားပြီး TUF Logo ကိုလည်း ကိုယ်ထည်မှာထွင်းထားသည့် ဒီဇိုင်းနှင့် လေဆာဖြင့်ပုံဖော်ထားသည့် Version ၂ မျိုးစလုံးမှာ ပြောင်းလဲထားပါသည်။ အရွယ်အစားပိုမိုသေးငယ်သွားပေမယ့် 2022 TUF Gaming F15 ဟာ ကြီးမားသည့် Touchpad နှင့် Anime-inspired Accent နှင့် Four-way Indicators တွေ ဆက်လက်ပါဝင်မှာဖြစ်ပါသည်။

Subtle Detailing

ကိုယ်ထည်မှာထွင်းထားတာလား သို့မဟုတ် လေဆာဖြင့်ပုံဖော်ထားတာလား… တကမ္ဘာလုံးကို သင်ဟာ TUF ဖြစ်တယ်ဆိုတာကို ပြသလိုက်ပါ။

Mecha gray design
Jaeger gray design
The new chassis size

No Wasted Space

Chassis Design အသစ်ဟာ ယခင်မျိုးဆက်ထက် ၄.၅ ရာခိုင်နှုန်းပိုမိုသေးငယ်သွားပြီး Full-sized Keyboard ကို ဆက်လက်ထည့်သွင်းပေးထားပါသည်။

Four-way indicators built into the keyboard deck

STATUS REPORT

Keyboard Deck မှာထည့်သွင်းတည်ဆောက်ထားသည့် Four-way Indicators ဟာ သင့်ကို အရေးပါသည့်အချက်အလက်တွေကို ခဏအတွင်းတွေ့မြင်နိုင်စေမှာပါ။

Titanic touchpad

Titanic touchpad

Anime-inspired အငွေ့အသက်ပါဝင်သည့် Touchpad ဟာ ယခင်ထက် ၂၆ ရာခိုင်နှုန်းပိုမိုကြီးမားမှာဖြစ်ပါသည်။

READY FOR ANYTHING

TUF Gaming F15 ဖြင့် တိုက်ပွဲအတွင်းကို အခုပဲဝင်ရောက်လိုက်ပါ။ Windows 11 ပေါ်မှာ AMD Ryzen™ 7 6800H Process နှင့် အမြင့်ဆုံး 16GB အထိရွေးချယ်နိုင်သည့် 4800MHz DDR5 RAM ဖြင့် Stream တွေ၊ Multitasking တွေကို လွယ်ကူစွာဆောင်ရွက်နိုင်ပါပြီ။ သီးသန့် MUX Switch ပါဝင်လာသည့် GeForce RTX™ 3070 Laptop GPU ဖြင့် Gaming Performance ကို အပြည့်အဝရယူလိုက်ပါ။ သင့် Game Library က ပြည့်သွားပြီဆိုရင် M.2 NVMe PCIe Gen 4x4 SSD Slot အပိုတစ်ခု Storage Capacity ကို တိုးချဲ့ဖို့အတွက် အလွန်လွယ်ကူစေဦးမှာဖြစ်ပါသည်။

*Stock configuration is 1 x PCIe Gen 3x4 SSD

Windows 11 Pro OS
AMD RYZEN™ 7 6800H Processor
Up to NVIDIA® GeForce RTX™ 3070 Laptop GPU
MUX Switch
Up to 1TB SSD NVMe® PCIe®
Up to 2x SSD Slots
Up to 16GB 4800MHz DDR5 RAM

AMPLIFY YOUR EXPERIENCE

အမြင့်ဆုံး Ryzen™ 7 6800H အထိရွေးချယ်နိုင်သည့် ပါဝါစားသုံးမှုနည်းပါးသည့် AMD Ryzen™ Processor ဖြင့်မောင်းနှင်လိုက်ပါ။ အလွန်ကောင်းမွန်သည့် Cooling နည်းပညာဖြင့် အားဖြည့်ထားသည့်အတွက် CPU ဟာ အမြင့်ဆုံး 45W အထိ ရေရှည်စွမ်းဆောင်နိုင်မှာဖြစ်ပြီး Gaming နှင့် Multitasking ပိုင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေမှာပါ။ Zen 3+ Architecture အသစ်ကိုမှ အကောင်းမွန်ဆုံးသော 6nm Process ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့အတွက် အခု CPU ဟာ ယနေ့ခေတ်ဂီမ်းတွေနှင့် Application တွေအတွက် ပိုလျှံသည့်စွမ်းဆောင်ရည်ရှိနေမှာဖြစ်ပါသည်။

EXPANDABLE STORAGE

Game တွေနှင့် App တွေဟာ NVM Express® (NVMe®) SSD ဖြင့် လျှင်မြန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ သင့် Program တွေအားလုံးအတွက် ပိုမိုမြန်ဆန်လာသည့် Loading Time တွေဟာ သင့်ကို စောင့်ဆိုင်းရသည့်အချိန်လျော့နည်းပြီး ပိုမိုဆော့ကစားနိုင်စေမှာဖြစ်ပါသည်။ သင်ဆော့ကစားမှုအများဆုံး Title ဂိမ်းတွေကို အမြင့်ဆုံး 1TB PCIe® Drive မှာ သွားလေရာသယ်ဆောင်သွားနိုင်သလို M.2 SSD Slot ကနေတစ်ဆင့် နောက်ထပ် Drive တစ်ခုထပ်ထည့်ပြီး Collection အကုန်လုံးအတွက် Terabyte နှင့်ချီသည့် Space တွေကို ရယူလိုက်ပါ။

MORE MULTITASKING

အမြင့်ဆုံး 16GB Dual-channel DDR5-4800 Memory ဟာ Multitasking မှအစ Multimedia Rendering တွေအထိ မြန်ဆန်ချောမွေ့စွာဆောင်ရွက်နိုင်ဖို့ တာဝန်ယူမှုဖြစ်ပါသည်။ High-performance RAM ဟာ သင့်ကို Gaming ၊ Streaming နှင့် Web-browsing တွေအတွက် လှစ်ဟာမှုမရှိဘဲ ပြောင်းလဲနိုင်စေမှာဖြစ်ပါသည်။ သင့်မြင်ကွင်းထဲမှာ နှေးကွေးမှုကို ဖယ်ရှားလိုက်ပြီး အမြဲတမ်း အာရုံစိုက်ပြီး Active ဖြစ်ဖြစ် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ပါပြီ။

RIVETING GRAPHICS

Up to NVIDIA® GeForce RTX™ 3070 Laptop GPU
Max TGP Up to 140W

နောက်ဆုံးပေါ် GeForce RTX™ 3070 Laptop GPU ကြောင့် ဂိမ်းဆော့ကစားသည့်အချိန်မှာ Graphic တွေက ပိုးသားလိုချောမွေ့နေစေမှာပါ။ 1440p မှာတောင် ခေတ်ပေါ်ဂိမ်းတွေကို မြင့်မားသည့် Frame Rate တွေဖြင့် ဆော့ကစားနိုင်စေမှာဖြစ်ပြီး AI-powered DLSS လိုမျိုး နည်းပညာတွေကြောင့် ထောက်ပံ့မှုပေးနိုင်သည့် ဂိမ်းတွေမှာ အလွန်ချောမွေ့သည့် Motion တွေကို ပိုမိုမြင့်မားသည့် FPS ဖြင့် ဆော့ကစားနိုင်စေမှာဖြစ်ပါသည်။

  • BOOST PERFORMANCE WITH AI

    NVIDIA DLSS ဟာ Game တွေအတွက် ရုပ်ထွက်အရည်အသွေးကို ထိခိုက်မှုမရှိစေဘဲ ပိုမိုမြန်ဆန်အောင် တွန်းအားပေးနိုင်ပါသည်။ Game Settings တွေနှင့် Resolution ကို ဆွဲတင်ပြီး ပိုကောင်းမွန်တဲ့ရုပ်ထွက်ခံစားမှုကို ရရှိစေမှာဖြစ်ပါသည်။

  • MORE IMMERSIVE EXPERIENCES

    Ray Tracing ဟာ ဂိမ်းတွေအားလုံးအတွက် အထွတ်အမြတ်ဖြစ်ပါသည်။ 2nd Gen RT Cores တွေကြောင့် တကယ့်ပြင်ပလောကမှာ အလင်းရောင်ပုံစံကို အတူညီဆုံးဖြစ်အောင် ဖန်တီးပေးနိုင်ပြီး Gamer တွေနှင့် Creator တွေအတွက် Immersive ဖြစ်စေသည့် Graphics ကို ထုတ်ပေးနိုင်မှာဖြစ်ပါသည်။

  • OPTIMIZED POWER AND PERFORMANCE

    NVIDIA Max-Q ဟာ Laptop ရဲ့ပါးလွှာသည့်ကိုယ်ထည်မှာ စွမ်းဆောင်ရည်အမြင့်မားဆုံးထုတ်ပေးနိုင်ဖို့အတွက် AI ဖြင့်မောင်းနှင်သည့် နည်းပညာပေါင်းစပ်မှုများဖြစ်ပါသည်။

GET MORE WITH MUX

MUX Switch
On Average 5-10% Better Performance

ခေတ်ပေါ် Gaming Laptop တွေဟာ မြင့်မားသည့် စွမ်းဆောင်ရည်ရရှိဖို့အတွက် စွမ်းဆောင်ရည်မြင့်မားသည့် Dedicated Graphics Chip တွေကို အသုံးပြုပါသည်။ ဒါပေမယ့် အဆိုပါ Dedicated GPU မှ Frame တွေကို Display သို့ မရောက်ခင်မှာ CPU ရဲ့ Integrated Graphics ကနေတစ်ဆင့် ဖြတ်သန်းတာဖြစ်ပါသည်။ ဒါဟာ ပိုကောင်းမွန်သည့် Battery Life ကို ရရှိနိုင်ပေမယ့် တစ်ဖက်မှာ သင့် GPU ကို အကောင်းဆုံးစွမ်းဆောင်ရည်ထုတ်ပေးနိုင်ဖို့ကို ပိတ်ပင်ထားတာဖြစ်ပါသည်။ ဒါကြောင့် ကျွန်တော်တို့ဟာ 2022 TUF Laptop အကုန်လုံးအတွက် MUX Switch ကို ယူဆောင်လာခဲ့တာဖြစ်ပါသည်။ သင့်အနေနဲ့ ပြိုင်ဆိုင်မှုမြင့်မားသည့် Game တွေမှာ Direct GPU Mode ကို ပြောင်းလဲပြီး Latency ကို လျော့ချနိုင်သလို စွမ်းဆောင်ရည်ကို ပျှမ်းမျှ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပိုမိုတိုးမြှင့်နိုင်ပါပြီ။

BLOW AWAY
THE COMPETITION

Core Count များပြားသည့် CPU တွေဟာ Full Load မှာ အပူကို ပိုမိုထုတ်လွှတ်တတ်ပါသည်။ TUF Gaming F15 ဟာ သူ့ရဲ့ High-powe CPU ကို ထိန်းနိုင်ဖို့အတွက် 84-blade Arc Flow Fans™ တစ်စုံဖြင့် တပ်ဆင်ပေးထားပါသည်။ မတူညီသည့်အထူဒီဇိုင်းဟာ လေဖိအားကိုပိုမိုမြင့်မားစေပြီး တစ်ဖက်မှာလည်း လေထုတုန်လှုပ်ခြင်း (Turbulence) ကိုလျော့ချပေးနိုင်သည့် အားသာချက် ၂ ချက်ပါဝင်တာကြောင့် အသံဆူညံမှုကို မြင့်မားစေမှာမဟုတ်ဘဲ Cooling Performance ကို ပိုမိုကောင်းမွန်စေပါသည်။ Exhaust Vent ၄ ခုနှင့် သီးသန့်ပြုလုပ်ထားသည့် Heatpipe ၅ ခုဖြင့် ပေါင်းစပ်လိုက်သည့်အချိန်မှာ 2022 TUF Gaming F15 ဟာ တောင်းဆိုမှုအမြင့်မားဆုံးဂိမ်းတွေမှာတောင် အပူချိန်ကို ကောင်းကောင်းထိန်းထားနိုင်မှာပါ။

Up to 4 Exhaust Vents
Up to 5 Heatpipes
Under 48 dB In Turbo Mode
0 dB Ambient Cooling
Up to 4 Exhaust Vents
Up to 5 Heatpipes
Under 48 dB In Turbo Mode
0 dB Ambient Cooling

Arc Flow Fans™

ပါးလွှာသည့်ကိုယ်ထည်ဟာ Cooling အတွက် နေရာအနည်းငယ်ပဲ ချန်ထားတတ်ပါသည်။ ဒါကြောင့် ကျွန်တော်တို့ဟာ Arc Flow Fans™ တွေရဲ့ တစ်ချက်ချင်းစီကို အဆင့်မြှင့်တင်ပေးထားပါသည်။ တစ်ခုစီမှာ အောက်ခြေအထိုင်မှ ထိပ်ဖျားအထိ မတူညီသည့်အထူဖြင့် ပြုလုပ်ထားပြီး လေစီးဆင်းမှုကို အမြင့်ဆုံးရရှိစေမှာဖြစ်သလို Blade တွေကိုလည်း လေထုတုန်လှုပ်ခြင်း (Turbulence) နှင့် ဆူညံသံကို လျော့ချပေးဖို့ အထူးပြုလုပ်ထားသည့် Aerodynamic Wave Pattern ဒီဇိုင်းပြုလုပ်ထားပါသည်။ ပုံမှန်အသုံးပြုမှုတွေမှာ လုံလောက်သည့်လေစီးဆင်းမှုကို ရရှိစေတာကြောင့် အချိန်ကြာမြင့်လာတာနှင့်အမျှ ယုံကြည်စိတ်ချရမှုကို ပိုတိုးလာစေမှာပါ။ အဆိုပါ Fan တွေဟာ အလွန်ပါးလွှာသည့်အရွယ်အစားမှာ High RPM ဖြင့် လည်ပတ်နိုင်စေဖို့အတွက် အကြမ်းခံနိုင်ပြီး အထူးပြုလုပ်ထားသည့် Liquid-crystal Polymer ကို အသုံးပြုပြီး တည်ဆောင်ထားပါသည်။ ဒါကြောင့် Blade Density ပိုင်းမှာအမြင့်ဆုံးဖြစ်စေသလို လေစီးဆင်းမှုနှုန်းကိုလည်း အမြင့်ဆုံး ၁၃ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်စေပါသည်။

Up to 13% More Airflow
84 Blades

NEVER MISS A MOMENT

QHD 165Hz သို့မဟုတ် FHD 300Hz Panel ကို ရွေးချယ်နိုင်တာကြောင့် Pro ဂိမ်မာတွေအတိုင်း လိုက်ပြီး ဆော့ကစားနိုင်ပြီဖြစ်ပါသည်။ Adaptive-Sync နည်းပညာဟာ Display Refresh Rate ကို GPU Frame Rate ဖြင့် Sync ပြုလုပ်ပေးနိုင်ပြီး Lag ၊ Stuttering နှင့် Visual Tearing တွေကို လျော့ချပေးပြီး အလွန်ချောမွေ့ပြီး တကယ်သဘာဝဆန်ဆန်ဆော့ကစားနိုင်မှာပါ။ QHD Panel ဟာ DCI-P3 Color Space ကို 100% အထိ ထောက်ပံ့ထားပြီး FHD Display ကတော့ 100% sRGB ကို ထောက်ပံ့ပေးထားတာကြောင့် Creator ကနေ ဖန်တီးထားသည့်အတိုင်း အရောင်တွေကို ပြန်လည်ထုတ်ပေးနိုင်ပါသည်။ ဒါကိုမှ အထင်ကြီးစရာကောင်းသည့် 80% Screen-to-body Frame အတွင်းမှာ ထည့်ပေးထားသည့်အတွက် သယ်ရလွယ်ကူမှုအပိုင်းမှာ အလျော့ပေးဖို့မလိုအပ်ဘဲ Video နှင့် ဂိမ်းတွေဟာ ပိုပြီး Immersive ဖြစ်နေမှာပါ။

QHD
165Hz
FHD
300Hz
Smooth Adaptive-Sync Technology

MILITARY GRADE TOUGHNESS

TUF Gaming နာမည်ကို ရရှိဖို့အတွက် Laptop တွေဟာ အလွန်ကြမ်းတမ်းသည့်စစ်ပွဲတစ်ခုအလား MIL-STD-810H စမ်းသပ်မှုတွေကို အောင်မြင်ဖို့ လိုအပ်ပါသည်။ စမ်းသပ်ထားသည့် Device တွေဟာ ပြုတ်ကျဒါဏ်၊ တုန်ခါမှုဒါဏ်၊ စိုထိုင်းမှုနှင့် အလွန်ကြမ်းတမ်းသင့်အပူချိန်တွေမှာ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်စေမှာဖြစ်ပါသည်။ အခက်ခဲဆုံးအချိန်တွေအတွက်မှာတောင် မှီခိုနိုင်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားသည့်အတွက် A15 ဟာ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရသည့် မတော်တဆထိခိုက်မှုတွေကို အသာလေးကျော်ဖြတ်နိုင်မှာပါ။

THE WORLD AT YOUR FINGERTIPS

4 Hotkeys
One-zone RGB
26% Larger Touchpad
1.7mm Travel Distance
Backlit Chiclet Keyboard

Gaming အတွက် အထူးပြုလုပ်ထားသည့် Desktop ပုံစံ Keyboard ဖြင့် သင့်ကိုယ်သင် လက်နက်အပြည့်အစုံတပ်ဆင်ပေးလိုက်ပါ။ ညီမျှသည့် RGB Backlighting ဟာ သင့်ကိုယ်ပိုင်ထူးခြားသည့် စတိုင်လ်တစ်ခုကို ပြသနိုင်မှာဖြစ်ပြီး အဓိက Movement Command တွေအတွက် WASD Keys တွေကို Highlight ပြုလုပ်ပေးထားတာကြောင့် သင့်ကို အမြင်ပန်းအရ လျှင်မြန်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ Overstroke နည်းပညာဟာ Keystroke တစ်ခုစီတိုင်းမှာ ပိုပြီး မြန်ဆန်သည့် Response ကိုရရှိစေမှာဖြစ်ပြီး ထိန်းချုပ်မှုကိုလည်း ပိုပြီး လွယ်ကူစေမှာဖြစ်ပါသည်။ TUF ဆိုသည့်အတိုင်း Key တစ်ခုစီဟာ အကြိမ်ရေ သန်း ၂၀ ရိုက်နှိပ်မှုကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး ရေရှည်မှာ တိကျ၊ အသုံးခံနိုင်ဖို့ကို စိတ်ချရစေမှာဖြစ်ပါသည်။ ယခင်ထက် ၂၆ ရာခိုင်နှုန်း ပိုမိုကြီးမားသည့် Touchpad ဟာ သင့်ကို အမြဲတမ်း ထိန်းချုပ်သူနေရာမှာရှိနေစေမှာပါ။

TAKE CHARGE

TAKE CHARGE

ပါဝါစားသုံးမှုနည်းပါးသည့် AMD Processor ကို 90Wh Battery ဖြင့် ပေါင်းစပ်ထားသည့်အတွက် Web Browsing ပြုလုပ်မှုပိုင်းမှာ ၁၂.၅ နာရီနှင့် Video Playback တွေအတွက် ၁၂ နာရီအထိ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါသည်။ Fast Charging နည်းပညာကြောင့် မိနစ် ၃၀ အတွင်း 50% အထိအလျှင်အမြန် ပြန်လည်အားသွင်းပေးနိုင်ဦးမှာပါ။

*Battery life may vary based on system configuration.

50% in 30 mins Fast Charging Technology
Up to 90Wh Battery
Up to 12.5 hours Web Browsing
Up to 12 hours Video Playback

HEAR IT ALL

Hi-Res Audio Certification
Two-way AI Noise Cancellation Technology
Dolby Atmos
2 Speakers

Dolby Atmos ပါဝင်သည့် Speaker ၂ လုံးဟာ အရည်အသွေးမြင့်မားသည့် High-fidelity Soundstage ကိုပေးစွမ်းနိုင်ပါသည်။ Hi-Res Audio ဟာ ဖန်တီးသူအနုပညာရှင်က ရည်ရွယ်အသံသွင်းထားသည့်အတိုင်း Headphone ကနေတစ်ဆင့်ကြားနိုင်စေမှာဖြစ်ပါသည်။ Two-way AI Noise Cancelation နည်းပညာဟာ လက်ခံသူနှင့် ပြန်လည်ပြောဆိုသည့် စကားပြောဆိုဆက်သွယ်မှုတွေကို နောက်ခံဆူညံသံတွေမရှိဘဲ ပြောဆိုနိုင်မှာဖြစ်ပြီး သင့်ကို ဖြစ်နေသည့်အခြေအနေကိုပဲ အာရုံစိုက်နိုင်စေမှာပါ။



SAFE PORT IN A STORM

သင့်အနေနဲ့ ဘယ်လိုပဲ Setup ပြုလုပ်ပါစေ၊ TUF Gaming F15 ဟာ အမြဲတမ်းချိတ်ဆက်နိုင်စေမှာဖြစ်ပါသည်။ သီးသန့်ထည့်သွင်းထားသည့် HDMI 2.0b Port ဟာ DisplayPort Support ပြုလုပ်ပြီး Power နှင့် Thunderbolt™ 4 ထောက်ပံ့ထားသည့် USB Type-C Port ၂ ခုဖြင့် တွဲဖက်ပေးထားမှာဖြစ်ပါသည်။ မြန်ဆန်ပြီး စိတ်ချရသည့် Wi-Fi 6 (802.11ax) ဟာ သင့်ကို သင့်တော်သည့် Connection တွေရှိတာနှင့် Online ချိတ်ဆက်ပြီး Productive ဖြစ်စေမှာပါ၊ သို့မဟုတ် On-board ပါဝင်သည့် Gigabit Ethernet ဖြင့်လည်း ချိတ်ဆက်နိုင်မှာဖြစ်ပါသည်။

*2022 TUF Models support TRRS mic/headphone headsets and TRS headphones. If you have a standalone microphone that uses a TRS connector (with only two lines on the plug), you will need a TRS to TRRS adapter.

THE ULTIMATE
COMMAND CENTER

Armoury Crate ဟာ System နှင့် Lighting Control တွေကို ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည့် Utility တစ်ခုအနေနဲ့ ပေါင်းစပ်ထားတာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်မှုတွေကြောင့်ကို လှပသည့် Effect တွေ၊ Game Profile တွေကို အသေးစိတ်ပြင်ဆင်နိုင်သလို သင့်စိတ်ကြိုက် Audio Setting တွေကိုလည်း ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ Scenario Profile ကို အသုံးချပြီး သင်နှစ်သက်ရာ App တွေ၊ Game တွေကို Launch ပြုလုပ်လိုက်တာနှင့် Performance အပြင် တခြားသောစိတ်ကြိုက် Custom Setting တွေကို အလိုအလျောက်ပြောင်းလဲပေးမှာဖြစ်ပါသည်။ သင့်အနေနဲ့ လုံးဝကိုယ်တိုင်ထိန်းချူပ်ပြီး အကောင်းဆုံးအတွေ့အကြုံကို ဖန်တီးနိုင်ပါပြီ။

Xbox Game Pass Ultimate

သင့်သူငယ်ချင်းတွေနှင့်အတူ PC ၊ Console ၊ စမတ်ဖုန်း သို့မဟုတ် Tablet ပေါ်မှာ သက်သာသည့် လစဥ်ကြေးပေးပြီး အရည်အသွေးမြင့် ဂိမ်းပေါင်း ၁၀၀ ကျော်ကို ဆော့ကစားလိုက်ပါ။ ဂိမ်းအသစ်တွေကို အမြဲတမ်းထည့်သွင်းပေးနေတာကြောင့် အမြဲတမ်းဆော့ကစားဖို့ ဂိမ်းအသစ်ရှိနေမှာပါ။

* Terms and exclusions apply. Game catalog varies over time, by region, and by device. See xbox.com/gamepassand https://www.ea.com/eaplay/terms, for details. Xbox Cloud Gaming: Streaming limits apply. Requires compatible controller (soldseparately), supported device and Xbox Game Pass app; see system requirements. System requirements vary by game; performance scales with higher-end systems.
* The EA logo and Battlefield are trademarks of Electronic Arts Inc. © FIFA is a copyright and/or trademark of FIFA. All rightsreserved. Manufactured under license by Electronic Arts Inc. STAR WARS © & TM 2019 LucasfilmLtd. All rights reserved.



BUNDLE UP

TUF Gaming A15 ဟာ ရေရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတဲ့တခြားသော လိုက်ဖက်သည့် Accessories တွေနှင့်အတူ တွဲဖက်ပေးထားပါသည်။ TUF Gaming Backpack ဟာ အတွင်းဘက်မှာ Divider တွေပါဝင်သည့် ကြီးမားသည့် Internal Compartment ပါဝင်ပြီး LAN Party တွေနှင့် ပြိုင်ပွဲတွေအတွက် Laptop နှင့် တခြားသော Peripheral တွေကို လုံခြုံစွာသယ်ဆောင်သွားနိုင်မှာဖြစ်ပါသည်။ TUF Gaming M5 V2 Mouse ဟာလည်း A15 Laptop အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်ပြီး အကြမ်းခံနိုင်သလို လက်ထဲမှာလည်း သက်သောင့်သက်သာရှိစေမှာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်သည့် ခလုတ် ၆ ခု၊ Low-friction Feet အပြင် Lighting Effect တွေကိုပါ ပြင်ဆင်နိုင်မှာပါ။

*All bundled peripherals are subject to change without notice. Please check with local vendors for exact offers.

comparison icon
Compare (0)