Staying Power

တကယ့် Gaming ပိုင်းအပြင် လက်တွေ့ဘဝထဲမှာ အကြမ်းခံနိုင်ဖို့ကို ရည်ရွယ်ထားသည့် TUF Gaming F15 ဟာ သင့်ကို အောင်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်မယ့် Windows 10 Pro Gaming Laptop ဖြစ်ပါသည်။ 10th Gen Intel® Core™ i7 CPU နှင့် GeForce® GTX 1660 Ti GPU တို့ပေါင်းစပ်မောင်းနှင်ထားသည့်အတွက် ဂိမ်းဆော့ကစားမှုတွေဟာ မြန်ဆန်သွက်လက်နေပြီး အရောင်တွေတောက်ပနေသည့် IPS-level Display တွေဟာလည်း 144Hz အထိ ထောက်ပံ့ပေးနိုင်ပါသည်။ ယခင်တုန်းကထက် ပိုသေးငယ်ပြီး ပိုပေါ့ပါးသည့်ကိုယ်ထည်ကို အသုံးပြုထားပေးမယ့် ပိုကောင်းမွန်သည့် Battery Life အတွက် ပိုကြီးမားသည့် 90Wh Battery ကို ထည့်သွင်းပေးထားပါသည်။ TUF ရဲ့ Signature ဖြစ်သည့် Military-grade အကြမ်းခံနိုင်မှုတွေဟာ ထိရောက်သည့် ကိုယ်ပိုင် Self-cleaning Cooling နှင့် ပေါင်းစပ်လိုက်သည့်အခါ ဘယ်လို Gamer မျိုးအတွက်ပဲဖြစ်ဖြစ် စွမ်းဆောင်နိုင်စွမ်းမြင့်မားသည့် လက်တွဲဖော်မဟာမိတ်ဖြစ်နေစေမှာပါ။

FX506LH-HN121W

$899

Bonfire Black
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • Intel® Core™ i5-10300H Processor 2.5 GHz (8M Cache, up to 4.5 GHz, 4 cores)
  • 8GB DDR4 SO-DIMM(2933MHz for i5-10300H/i7-10750H/i7-10870H)
  • NVIDIA® GeForce® GTX 1650
  • 512GB M.2 NVMe™ PCIe® 3.0 SSD
  • TUF Gaming backpack
  • TUF Gaming Mouse M5

FX506LHB-HN325W

$899

Bonfire Black
  • 15.6-inch
  • FHD (1920 x 1080) 16:9
  • Windows 11 Home
  • Intel® Core™ i5-10300H Processor 2.5 GHz (8M Cache, up to 4.5 GHz, 4 cores)
  • 8GB DDR4 SO-DIMM(2933MHz for i5-10300H/i7-10750H/i7-10870H)
  • NVIDIA® GeForce® GTX 1650
  • 512GB PCIe® 3.0 NVMe™ M.2 SSD
  • TUF Gaming backpack
  • TUF Gaming Mouse M5

PERFORMANCE

FIREPOWER FOR ANY TASK

တိုက်ပွဲအတွက် အသင့်ဖြစ်နေသည့် TUF Gaming F15 ဟာ 6 Cores နှင့် 12 Threads ပါဝင်သည့် 10th Gen Intel® Core™ i7 CPU အထိ အသုံးပြုထားပြီး Gaming ၊ Streaming နှင့် Heavy Duty Multitasking တွေအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါသည်။ GeForce® GTX 1660 Ti Discrete GPU နှင့် ပေါင်းစပ်လိုက်သည့်အချိန်မှာ ဂိမ်းအမျိုးအစားအများအပြားမှာ မြင့်မားသည့် Frame Rate တွေကို ထုတ်ပေးနိုင်မှာပါ။ 1TB NVMe PCIe® SSD အပြင် နောက်ထပ် SSD တစ်ခုထည့်သွင်းနိုင်တာကြောင့် Loading Time တွေကိုလည်း သိသိသာသာလျော့ချပေးနိုင်မှာဖြစ်ပါသည်။

WINDOWS 10 PRO
10th Gen Intel®
Core™ i7
CPU
Nvidia® GeForce®
GTX 1660 Ti
GPU
up to 32 Gb
2933MHz
DDR4 RAM
1TB SSD
NVMe PCIe
2X SSD
Slots

Portability

LIVE LONG AND TRAVEL FAR

ယခင် Generation တွေထက် ပိုသေးငယ်ပြီး ပေါ့ပါးတဲ့ Chassis ကိုယ်ထည်ပါဝင်ပေမယ့် F15 ဟာ ရေရှည်ပိုအသုံးခံသည့် ပိုကြီးမားသည့် Battery ပါဝင်မှာဖြစ်ပါသည်။ ကြီးမားသည့် 90Wh Battery ဟာ Video Playback ပိုင်းမှာ ၁၂.၅ နာရီအထိ အသုံးခံနိုင်သလို အနီးစပ်ဆုံး အားသွင်းပေါက်ကို ရှာဖွေနေစရာမလိုအပ်ဘဲ Streaming ကြည့်ရှုခြင်း၊ ပေါ့ပါးသည့် အလုပ်တွေကို အချိန်အကြာကြီး လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ ပိုပေါ့ပါးပြီး ပိုမိုကြာရှည်အသုံးခံတာကြောင့် အခု Laptop ဟာ သင့်ကို လွတ်လပ်စွာ ခရီးသွားလာ အလုပ်လုပ်စေနိုင်မှာဖြစ်ပါသည်။

*Battery life may vary based on system configuration.

90 Wh
Battery
Up to
8.4 hours
Web Browsing
Up to
12.5 hours
Video-playback

Design

STEALTHY AND STRIKING

ကျော့ရှင်းသည့် သွင်ပြင်ပုံစံ ၂ မျိုးဟာ Gamer တွေကို သူတို့ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို ဖော်ပြနိုင်ဖို့ လွတ်လပ်မှုကို ပေးနိုင်ပါသည်။ ရိုးရှင်းပြီး သိုသိပ်သည့် Fortress Gray Chassis သို့မဟုတ် မြင်လိုက်တာနဲ့ထင်းနေစေမည့် Crimson Stripe ပါဝင်သည့် Bonfire Black Design ၂ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါသည်။ အောက်ခြေဘက်မှာ ထည့်သွင်းထားသင့် Honeycomb ပုံစံဒီဇိုင်းဟာ မျက်နှာပြင်ပေါ်မှာ ချော်ထွက်မှုကို ထိန်းညှိပေးနိုင်ပြီး ဆဠဂံပုံစံဒေါက်တိုင်တွေဟာ ကိုယ်ထည်ကို ပိုပြီး အကြမ်းခံစေမှာဖြစ်ပါသည်။ လက်ဖဝါးနှင့်ထိတွေ့ရသည့် နေရာပတ်လည်ကို ဆံသားမျှင်တွေလိုမျိုး Brushstroke လေးတွေထည့်သွင်းပေးထားတာကြောင့် ကျော့ရှင်းလှပနေစေမှာဖြစ်ပါသည်။

Honeycomb Grip

Textured အသားပြုလုပ်ထားသည့် Honeycomb ပုံစံ Grip ကို ကိုယ်ထည်ရဲ့ အောက်ခြေမှာထည့်သွင်းထားပြီး စနစ်ကျသည့် Cutout တွေက Cooling Vent အနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါသည်။

Brushed Metal

ခွဲထွက်နေသည့် ဆံသားမျှင်လိုမျိုး Brushstroke တွေဟာ Notebook ကို ပါးလွှာပြီး အနာဂါတ်ဆန်သည့် စတိုင်လ်ကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။

TUF Durability

Military-grade အကြမ်းခံနိုင်စွမ်းဟာ TUF Gaming Laptop အားလုံးကို ဘဝရဲ့ အကြမ်းတမ်းဆုံးသောအချိန်တွေမှာ စစ်သည်တစ်ဦးလို ကြံ့ကြံ့ခံနိုင်စေမှာပါ။

Subtle and Striking

သိုသပ်ပြီး ကျော့ရှင်းသည့် Fortress Gray သို့မဟုတ် ထင်ရှားနေမည့် Crimson Stripe တွေပါဝင်သည့် Bonfire Black ကို ရွေးချယ်လိုက်ပါ။

Durability

MILITARY-GRADE TOUGHNESS

TUF Gaming နာမည်ကို ရရှိဖို့အတွက် Laptop တွေဟာ အလွန်ကြမ်းတမ်းသည့်စစ်ပွဲတစ်ခုအလား MIL-STD-810H စမ်းသပ်မှုတွေကို အောင်မြင်ဖို့ လိုအပ်ပါသည်။ စမ်းသပ်ထားသည့် Device တွေဟာ ပြုတ်ကျဒါဏ်၊ တုန်ခါမှုဒါဏ်၊ စိုထိုင်းမှုနှင့် အလွန်ကြမ်းတမ်းသင့်အပူချိန်တွေမှာ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်စေမှာဖြစ်ပါသည်။ အခက်ခဲဆုံးအချိန်တွေအတွက်မှာတောင် မှီခိုနိုင်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားသည့်အတွက် F15 ဟာ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရသည့် မတော်တဆထိခိုက်မှုတွေကို အသာလေးကျော်ဖြတ်နိုင်မှာပါ။

REDUCED FALL DAMAGE

Drop Test တွေဟာ TUF Gaming Laptop တိုင်းကို မမျှော်လင့်ထားသည့် ပြုတ်ကျမှုတွေ၊ ထိခိုက်မှုတွေ၊ သယ်ဆောင်သည့်အချိန်နှင့် နေ့စဥ်အသုံးပြုမှုတွေမှာ တိုက်မိတာတွေကနေ ထိခိုက်မှုမဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါသည်။ MIL-STD-810H Standard ကို ပြည့်မှီဖို့အတွက် Device တွေကို အနိမ့်မှပြုတ်ကျမှုတွေကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားပါသည်။ F15 ကို သင့်ရဲ့ Backpack ထဲပစ်ထည့်ပြီး ကျောပေါ်မှာ စိတ်ပူပန်မှုလုံးဝမရှိဘဲ နေရာတိုင်းကို သယ်ဆောင်သွားလိုက်ပါ။

*Please refer to the shock bench handling test, method 516.8, procedure VI for the exact test conditions.

TRAVEL EASY

သင့် Device ကို လေယာဥ်၊ ရထား သို့မဟုတ် ကားပေါ်မှာ သယ်ဆောင်သွားသည့်အချိန်မှာ Device ရဲ့ အတွင်းပိုင်းအစိတ်အပိုင်းတွေကို ထိခိုက်နိုင်သည့် တုန်ခါမှုတွေနှင့် ကြုံတွေ့ရတတ်ပါသည်။ သေချာစွာစမ်းသပ်ထားသည့် တုန်ခါမှုခံနိုင်စွမ်း စမ်းသပ်မှုတွေဟာ သင့်ရဲ့ TUF Gaming Laptop ကို အစိတ်အပိုင်းတွေရွေ့သွားပြီး အလုပ်လုပ်နိုင်စွမ်းမရှိတော့မှာကို ခံနိုင်ရည်ရှိပြီး စိတ်ကြိုက်ခရီးသွားလာနိုင်မှာဖြစ်ပါသည်။

*Please refer to the vibration test, method 514.8 for the exact test conditions.

COOL UNDER FIRE

သင့်ဟာ ကန္တာရအတွင်းမှာ လျှောက်သွားနေတာပဲဖြစ်ဖြစ်၊ ကမ်းခြေမှာ နေပူစာလှုံနေတာပဲဖြစ်ဖြစ် မြင့်မားသည့်အပူချိန်ကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ထားသည့် TUF Gaming Laptop ဟာ အမြဲတမ်းသင့်အနီးမှာ ရှိနေစမှာဖြစ်ပါသည်။ အမြင့်မားဆုံး ၄၉ ဒီဂရီဆဲစီးယပ်စ်အထိ နေ့ရက်များစွာအသုံးပြုမှုကို ခံနိုင်ရည်ရှိတာကြောင့် အခု Device တွေဟာ အပူချိန်ကို ကောင်းကောင်းကြီးကို ခံနိုင်မှာဖြစ်ပါသည်။

*Please refer to the high temperature operational test, method 501.7, procedure II for the exact test conditions.

SERIOUS CHILL

အလွန်အေးစက်နေသည့် အနှုတ် ၃၂ ဒီဂရီဆဲစီးယပ်စ်မှာတောင် TUF Gaming Laptop တွေဟာ ဆက်ပြီး အသုံးပြုနိုင်ဦးမှာဖြစ်ပါသည်။ ဒီလိုမျိုး အံ့အားသင့်ဖွယ်ကောင်းသည့် ခံနိုင်ရည်အားဟာ တကမ္ဘာလုံးမှာရှိသည့် အအေးမြ၊ အကြမ်းတမ်းဆုံးသော နေရာတွေကို သယ်ဆောင်သွားနိုင်ပြီး ခရီးစဥ်မှာလည်း အသုံးဝင်နေစေမှာဖြစ်ပါသည်။

*Please refer to the low temperature operational test, method 502.7, procedure II for the exact test conditions.

HUMIDITY? NO SWEAT

TUF Gaming Laptop တွေရဲ့ ကိုယ်ထည်ဟာ စိုထိုင်းမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းအထိကို အချိန်ကြာမြင့်စွာခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာဖြစ်ပါသည်။ တကယ်လို့ သင့်အနေနဲ့ စိုထိုင်းကြမ်းတမ်းသည့် အခြေအနေ ရာသီဥတုမျိုးမှာ ခရီးသွားလာနေရရင်လည်း TUF Laptop တွေဟာ အေးဆေးခံနိုင်ရည်ရှိမှာပါ။

*Please refer to the humidity aggravated cycle test, method 507.4, procedure II for the exact test conditions.

Visuals

EXPAND YOUR SIGHTS

မြန်ဆန်သည့် IPS-level Panel ကို 144Hz အထိပါဝင်တာကြောင့် TUF Gaming F15 ဟာ လျှင်မြန်မှုကိုလိုအပ်သည့် Gameplay တွေအတွက် အလွန်သင့်တော်မှာဖြစ်ပါသည်။ မျိုးစုံအသုံးချနိုင်သည့် USB 3.2 Gen 2 Type-C™ Port ဟာ DisplayPort™ 1.4 နည်းပညာကို ထောက်ပံ့ထားပြီး သင့်အနေနဲ့ ဒုတိယ G-SYNC Gaming Display ကို ချိတ်ဆက်ပြီး ဂိမ်းတွေမှာ 4K Resolution ကို 120Hz Refresh Rate အထိ ဆော့ကစားနိုင်စေမှာဖြစ်ပါသည်။ G-SYNC နည်းပညာဟာ Frame တွေ ထစ်ငေါ့ခြင်းကို လျော့ချပေးပြီး Tearing Effect ကိုလည်း ရှင်းလင်းပေးနိုင်ပါသည်၊ ဒါကြောင့် သင့် Game Collection အကုန်လုံးအတွက် ပိုပြီး ချောမွေ့သည့်ရုပ်ထွက်ကို ရရှိစေနိုင်မှာဖြစ်ပါသည်။ Gaming သို့မဟုတ် ပိုကြီးမားသည့် Screen ပေါ်မှာ ရုပ်ရှင်ကြည့်ဖို့အတွက်ကလည်း HDMI 2.0b Port ဟာ 4K Resolution ကို 60Hz အထိ ထောက်ပံ့ပေးမှာဖြစ်ပါသည်။

*USB 3.2 Gen 2 port and DisplayPort™ 1.4 available in select models only.

Smooth
144 Hz
Refresh Rate
Supports
Multi-Monitor
Arrays
IPS-level
Nano-Edge
Display

Keyboard

OPTIMIZED FOR GAMING

Gaming အတွက် အထူးပြုလုပ်ထားသည့် Desktop ပုံစံ Keyboard ဖြင့် သင့်ကိုယ်သင် လက်နက်အပြည့်အစုံတပ်ဆင်ပေးလိုက်ပါ။ ညီမျှသည့် RGB Backlighting ဟာ သင့်ကိုယ်ပိုင်ထူးခြားသည့် စတိုင်လ်တစ်ခုကို ပြသနိုင်မှာဖြစ်ပြီး အဓိက Movement Command တွေအတွက် WASD Keys တွေကို Highlight ပြုလုပ်ပေးထားတာကြောင့် သင့်ကို အမြင်ပန်းအရ လျှင်မြန်မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ Overstroke နည်းပညာဟာ Keystroke တစ်ခုစီတိုင်းမှာ ပိုပြီး မြန်ဆန်သည့် Response ကိုရရှိစေမှာဖြစ်ပြီး ထိန်းချုပ်မှုကိုလည်း ပိုပြီး လွယ်ကူစေမှာဖြစ်ပါသည်။ TUF ဆိုသည့်အတိုင်း Key တစ်ခုစီဟာ အကြိမ်ရေ သန်း ၂၀ ရိုက်နှိပ်မှုကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး ရေရှည်မှာ တိကျ၊ အသုံးခံနိုင်ဖို့ကို စိတ်ချရစေမှာဖြစ်ပါသည်။

RGB
Backlight
20Million
Key Presses
Overstroke
Technology
Overstroke
Technology
Static
Breathing
Color Cycle
Strobing

Audio

IMMERSIVE SURROUND SOUND

အဆင့်မြင့်တင်ထားသည့် Speaker ၂ လုံးနှင့် Cut-out Pump ၄ ခုဟာ ယခင်မျိုးဆက်တွေနှင့် နှိုင်းယှဥ်ပါက ၁.၈ ဆ အသံထွက်နှင့် ၂.၇ ဆ ပိုကောင်းမွန်သည့် Bass ကို ပေးစွမ်းနိုင်ပြီး အသံအရည်အသွေးကိုပိုမိုကောင်းမွန်စေမှာဖြစ်ပါသည်။ DTS:X™ Ultra နည်းပညာဟာ Stereo Headset တွေနဲ့တွဲဖက်အသုံးပြုသည့်အချိန်မှာ ရုပ်ရှင်ရုံအသံထွက်မျိုးရရှိစေမည့် 7.1 Channel Virtual Surround Sound ကို ရရှိစေမှာဖြစ်ပါသည်။ သင့်ရန်သူတွေရဲ့ တည်နေရာကို Surround Sound ကနေ ဖော်ပြပေးနိုင်သည့် Enhanced Spatial Awareness ကြောင့် သိနိုင်သလို Musical Performance တွေမှာလည်း အသံထွက်အပိုင်းမှာ တစ်လွှာချင်းစီ ခွဲခြားပြီး ခံစားနိုင်မှာဖြစ်ပါသည်။ သီချင်း၊ ရုပ်ရှင်နှင့် Gaming တွေအတွက် သင့်ခံစားမှုကို ပိုအဆင့်မြှင့်တင်ပေးနိုင်မည့် Preset Mode ၈ ခုပါဝင်သလို Built-in Equalizer ကလည်း သင့် Setting တစ်ခုချင်းစီကို အနုစိတ်ပြင်ဆင်နိုင်မှာဖြစ်ပါသည်။

Optimized
Strategy / RPG / Shooter
Audio Modes
1.8x
Louder volume
2.7x
Deeper bass

Thermal

LASTING COOL

တိကျသေချာစွာပြုလုပ်ထားသည့် Cooling ဟာ TUF Gaming Laptop တိုင်းကို အချိန်သက်တမ်းကြာမြင့်စွာအသုံးပြုတဲ့အချိန်မှာ စွမ်းဆောင်ရည်အမြင့်မားဆုံးကို အမြဲတမ်းရရှိစေအောင် အာမခံပေးနိုင်မှာဖြစ်ပါသည်။ Heatsink ၃ ခုအပြင် Heatpipe အများအပြားပါဝင်တာကြောင့် ပြင်းထန်သည့် Gaming Session တွေမှာ အဓိကကျသည့်အစိတ်အပိုင်းတွေကနေ အပူကို လျှင်မြန်စွာထုတ်ပေးနိုင်မှာဖြစ်ပါသည်။ Self-cleaning Cooling Design ကလည်း Device တစ်ခုချင်းစီရဲ့ Cooling System ကို အချိန်အကြာကြီး ကောင်းမွန်နေစေဖို့ အာမခံနိုင်ပါသည်။ တစ်ဖက်မှာလည်း Operating Mdoe တွေဟာ လုပ်ဆောင်နေသည့်တာဝန်အပေါ်မှုတည်ပြီး Performance နှင့် အသံဆူညံမှုကို မျှတအောင်ထိန်းညှိပေးနိုင်ပါသည်။

Self Cleaning
Sustains Performance
Dual fan
Design
Operating Modes
Optimize Cooling

Upgradeability

UPGRADING MADE EASY

Easy-upgrade Design ကြောင့် သင့် RAM နဲ့ SSD တွေကို Upgrade ပြုလုပ်ရတာဟာ အလွန်လွယ်ကူမြန်ဆန်စေမှာဖြစ်ပါသည်။ သာမန်ဝက်အူလှည့်တစ်ခုရှိရုံဖြင့် ကိုယ်ထည်ရဲ့ အောက်ခြေမှာရှိသည့် ဝက်အူတွေကို လွယ်ကူစွာဖြုတ်ပြီး သင့်စိတ်ကြိုက်မွမ်းမံပြင်ဆင်နိုင်မှာဖြစ်ပါသည်။ အောက်ခြေ Panel ရဲ့ ထောင့်မှာရှိသည့် အထူးပြုလုပ်ထားသည့် Pop-open ဝက်အူဟာ အပေါ်ကို မြှင့်တင်ပေးနိုင်တာကြောင့် ခွဲခြားဖို့ အလွန်လွယ်ကူမှာဖြစ်ပါသည်။ RAM ကို လဲလှယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း ပြုလုပ်ဖို့ပဲဖြစ်ဖြစ်၊ သင့် SSD Capacity ကို နောက်ထပ် PCIe® Drive တစ်ခုဖြင့် တိုးမြှင့်တာပဲဖြစ်ဖြစ် လွယ်ကူစွာပြုလုပ်နိုင်ပါသည်။

*Additional HDD slot not available on 90Wh battery models.

Connectivity

Next Gen Speed with Wi-Fi 6

အလွန်မြန်ဆန်သည့် Intel® Wi-Fi 6 with Gig+ (802.11ax) ဟာ သင့်တော်သည့် Connection ရှိသည့်နေရာတိုင်းမှာ သင့်ရဲ့ Game တွေကို LAN ဖြင့်ချိတ်ဆက်ထားသလို မြန်ဆန်စွာဆော့ကစားနိုင်မှာဖြစ်ပါသည်။ Wi-Fi 6 (Gig+) ဟာ ယခင် Wi-Fi 5 Standard နှင့်နှိုင်းယှဥ်လျှင် Network Speed နှင့် Efficiency ပိုင်းမှာ သိသာစွာပိုကောင်းမွန်လာမှာဖြစ်ပြီး သင့်ကို အသုံးပြုသူများပြားသည့် နေရာတွေမှာ ပိုကောင်းသည့် ချိတ်ဆက်မှုကို ရရှိစေမှာပါ။ Latency ကိုလည်း လျော့ချပေးနိုင်တာကြောင့် Network-Sensitive ဖြစ်သည့် Online Gaming လိုမျိုးအသုံးပြုမှုတွေမှာ Lag ဖြစ်မှာမဟုတ်တော့ပါဘူး။

*Wi-Fi speeds are based on theoretical performance. Actual performance may vary.

UP to
3X
Faster Speed
UP to
4X
Network Capacity
UP to
75%
Lower Latency

Input/Output

COMPREHENSIVE CONNECTIVITY

I/O Port တွေအများအပြားပါဝင်သည့်အတွက် သင့်အကြိုက်ဆုံး Device တွေကို ချိတ်ဆက်ပြီး ဘယ်နေရာမဆိုစတင်အလုပ်လုပ်နိုင်မှာဖြစ်ပါသည်။ USB 3.2 Type-A Port ၂ ခုဟာ လျှင်မြန်သည့် Data Transfer ပြုလုပ်မှုတွေပြုလုပ်နိုင်မှာဖြစ်ပြီး နောက်ထပ် USB 2.0 Type-A Port ဟာလည်း အသုံးပြုလိုသည့် Peripheral တွေအတွက် စုစုပေါင်း Input ၃ ခုအထိ အသုံးပြုနိုင်မှာဖြစ်ပါသည်။ Bluetooth ကနေလည်း သင့်ကို Mouse ၊ Headphone နှင့် တခြားသော Device တွေကို ကြိုးတွေရှုပ်နေခြင်းမရှိသည့် ရှင်းလင်းသည့်အလုပ်နေရာတစ်ခုကို ရရှိနိုင်မှာဖြစ်ပါသည်။ USB 3.2 Gen 2 Type-C™ with DisplayPort™ 1.4 ကိုအသုံးပြုပြီး အလွန်မြန်ဆန်သည့် G-SYNC™ Display ကို ချိတ်ဆက်ပြီး ပိုမို Smooth ဖြစ်တဲ့ Gaming Experience ကို ရယူလိုက်ပါ။

*USB 3.2 Gen 2 port and DisplayPort™ 1.4 available in select models only.

Exclusive Software

UNIFIED SYSTEM TUNING AND PERSONALIZATION

Armoury Crate ဟာ သင့်လက်ချောင်းတွေကနေ Utility တစ်ခုတည်းကို အသုံးပြုပြီး System နှင့် Lighting ထိန်းချုပ်မှုတွေကို ခိုင်းစေနိုင်မှာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်မှုတွေကြောင့်ကို လှပသည့် Effect တွေ၊ Game Profile တွေကို အသေးစိတ်ပြင်ဆင်နိုင်သလို သင့်စိတ်ကြိုက် Audio Setting တွေကိုလည်း ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ Scenario Profile ကို အသုံးချပြီး သင်နှစ်သက်ရာ App တွေ၊ Game တွေကို Launch ပြုလုပ်လိုက်တာနှင့် Performance အပြင် တခြားသောစိတ်ကြိုက် Custom Setting တွေကို အလိုအလျောက်ပြောင်းလဲပေးမှာဖြစ်ပါသည်။ သင့်အနေနဲ့ လုံးဝကိုယ်တိုင်ထိန်းချူပ်ပြီး အကောင်းဆုံးအတွေ့အကြုံကို ဖန်တီးနိုင်ပါပြီ။

XBOX GAME PASS

Windows 10 ပေါ်မှာ အရည်အသွေးမြင့် PC Game ၁၀၀ ကျော်ကို အကန့်အသတ်မရှိရယူလိုက်ပါ။ သင့် Device ဝယ်ယူမှုနှင့်အတူ Game Pass အတွက် တစ်လ Subscription ပါဝင်မှာဖြစ်ပါသည်။ ဂိမ်းတွေကို အမြဲတမ်းထည့်သွင်းပေးနေတာကြောင့် သင့်အနေနဲ့ အမြဲတမ်း ဆော့စရာတစ်ခုခုရှိနေမှာပါ။

*Active subscription required; continues until cancelled; game catalog varies over time. Requires Windows 10 and an app to play PC games; see details at xbox.com/pcgamesplan. See xbox.com/game-pass.

Bundles

GEAR UP AND GAME

TUF Gaming F15 ဟာ ရေရှည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတဲ့တခြားသော လိုက်ဖက်သည့် Accesories တွေနှင့်အတူ တွဲဖက်ပေးထားပါသည်။ TUF Gaming Backpack ဟာ အတွင်းဘက်မှာ Divider တွေပါဝင်သည့် ကြီးမားသည့် Internal Compartment ပါဝင်ပြီး LAN Party တွေနှင့် ပြိုင်ပွဲတွေအတွက် Laptop နှင့် တခြားသော Peripheral တွေကို လုံခြုံစွာသယ်ဆောင်သွားနိုင်မှာဖြစ်ပါသည်။ TUF Gaming M5 Mouse ဟာလည်း F15 Laptop အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်ပြီး အကြမ်းခံနိုင်သလို လက်ထဲမှာလည်း သက်သောင့်သက်သာရှိစေမှာဖြစ်ပါသည်။ စိတ်ကြိုက်ပြင်ဆင်နိုင်သည့် ခလုတ် ၆ ခု၊ Low-friction Feet အပြင် Lighting Effect တွေကိုပါ ပြင်ဆင်နိုင်မှာပါ။

*All bundled peripherals are subject to change without notice. Please check with local vendors for exact offers. Click here to learn more about TUF Gaming M5.

Learn more
Learn more
TUF BACKPACK
TUF GAMING M5

© 2020 NVIDIA Corporation. All rights reserved. NVIDIA, the NVIDIA logo, and GeForce are trademarks and/or registered trademarks of NVIDIA Corporation in the U.S. and other countries.

AMPLIFY YOUR EXPERIENCE

တောင်းဆိုမှုအများဆုံးသော တာဝန်တွေကို သင့်ထိန်းချုပ်မှုအောက်မှာ ရှိနေသည့် အမြင့်ဆုံး 10th Gen Intel® Core™ i7 CPU ဖြင့် လွယ်ကူစွာဆောင်ရွက်လိုက်ပါ။ CPU မှာပါဝင်သည့် 6 Cores ၊ 12 Threads ဟာ Hardcore Multitasking ၊ ရှုပ်ထွေးသည့် Multimedia Project တွေကနေ လျှင်မြန်မှုလိုအပ်သည့် Multimedia Gaming ပိုင်းတွေအထိ အကုန်လုံးကို ကောင်းကောင်းကိုင်တွယ်နိုင်မှာဖြစ်ပါသည်။ ဒါကြောင့် သင့်ကိုယ်ကို အချိန်တိုအတွင်းဆော့ကစားရသည့် ကစားပွဲတွေကနေ အချိန်အကြာကြီးပေးရသည့် စာလုပ်ချိန်တွေကို လုံးဝလှစ်ဟာမှုမရှိဘဲ ဆောင်ရွက်လိုက်ပါ။

GAME AT A NEW LEVEL

နောက်ဆုံးပေါ် NVIDIA® GeForce® GTX 1660 Ti GPU ဟာ သင့် Gaming Experience ကို နာမည်ကြီး Title Game တွေအများအပြားမှာ မြင့်မားတဲ့ Frame Rate တွေနှင့် အဆင့်မြှင့်တင်ပေးမှာဖြစ်ပါသည်။ First Person Shooter မှအစ Cinematic Role-playing Game တွေအထိ GPU ပိုင်း စွမ်းဆောင်နိုင်စွမ်းမြင့်မားပြီး Smooth ဖြစ်နေမယ့်အပြင် သင့်အာရုံကို ဂိမ်းအတွင်းမှာပဲရှိနေအောင် ကြည်လင်ပြတ်သားသည့် ရုပ်ထွက်ကိုလည်း ပေးစွမ်းနိုင်ဦးမှာပါ။ အဆင့်မြှင့်တင်ထားသည့် Video Encoder ကြောင့် သင့် Gameplay ကို ပိုကောင်းသည့် အရည်အသွေးနှင့် Stream ပြုလုပ်နိုင်မှာဖြစ်ပြီး ပိုကောင်းသည့် Content တွေအတွက် ပိုကောင်းသည့် Tools တွေရရှိစေမှာဖြစ်ပါသည်။

EXPANDABLE STORAGE

တောင်းဆိုမှုများပြားသည့် Game တွေနှင့် App တွေဟာ NVM Express® (NVMe®) SSD ဖြင့် လျှင်မြန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ အမြင့်ဆုံး 1TB Storage ပါဝင်တာကြောင့် သွက်လက်သည့် PCIe® Drive ဟာ ကြီးမားသည့် Game File တွေ၊ Multimedia Project တွေနှင့် Media တွေအတွက် နေရာအများအပြားရရှိစေမှာဖြစ်ပါသည်။ သင့် Program Library အတွက် ပိုမြန်ဆန်သည့် Load Time ကို ရရှိစေတာကြောင့် စောင့်ဆိုင်းရသည့်အချိန်လျော့နည်းသွားပြီး အလုပ်လုပ်ကိုင်ဖို့တန်ဖိုးရှိသည့် အချိန်တွေ ပိုထွက်လာစေပါသည်။ အပိုပါဝင်သည့် M.2 SSD Slot ဟာလည်း ပိုမိုများပြားသည့် Game တွေနှင့် App တွေကို နေရာတိုင်းသယ်သွားနိုင်ဖို့ Storage ကို အလွယ်တကူအဆင့်မြှင့်တင်နိုင်ဦးမှာဖြစ်ပါသည်။

DDR4-2933

DDR4-2666

UNZIPPING

UNZIPPING

10%FASTER WHILE UNZIPPING FILES

DO MORE MULTITASKING

အမြင့်ဆုံး 32GB Dual-channel DDR4-2933 RAM ပါဝင်တာကြောင့် TUF Gaming F15 ဟာ Multitasking ပြုလုပ်မှုတွေကနေ Multimedia Rendering တွေအတွက် အမြန်နှုန်းဖြင့် အားလုံးကို ဆောင်ရွက်နိုင်စေမှာဖြစ်ပါသည်။ အခုလိုမျိုး မြန်ဆန်သည့် Memory ဟာ 2666MHz RAM ထက် စွမ်းဆောင်ရည်ပိုင်းမှာ ၁၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်ပြီး သင့်ကို စာလုပ်သည့်အချိန်၊ Streaming နှင့် Website Browsing တွေအတွက် ပြိုင်တူပြုလုပ်သည့်အချိန်တွေမှာ ချောမွေ့စွာပြုလုပ်နိုင်စေဖို့ ပိုမြင့်မားသည့် Bandwidth ကို ပေးစွမ်းနိုင်ပါသည်။

Self-Cleaning Cooling

Fan တွေရဲ့ အစွမ်းဘက်မှာရှိသည့် Anti-dust Tunnel ၂ ခုဟာ ဝင်ရောက်လာသည့် ဖုန်နှင့်တခြားသော အမှုန်တွေကို Chassis ကိုယ်ထည်ထဲကနေ ထွက်သွားအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ အခုလိုမျိုး ပြုလုပ်သည့်အတွက် အတွင်းပိုင်း Cooling Component တွေရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ဖုန်တွေကြောင့် ကျဆင်းနိုင်မှုကို ကာကွယ်ပေးနိုင်ပြီး Overall System တည်ငြိမ်မှုကို ပိုကောင်းမွန်စေမှာပါ။ Self-cleaning Cooling ဟာ TUF နာမည်အတိုင်း System အတွက် ရေရှည်စိတ်ချရမှုကို အာမခံပေးနိုင်မှာဖြစ်ပါသည်။

Heatsinks

Heatsink ၃ ခုဟာ စွမ်းဆောင်ရည်ကို ပိုမိုတည်ငြိမ်စေပြီး ယုံကြည်စိတ်ချရစေမှာဖြစ်ပါသည်၊ ဒါဟာ အပူကြောင့် သင့် FPS တွေကို ထိခိုက်နိုင်သည့် မာရသွန် Gaming Session တွေအတွက်ပါ ပါဝင်ပါသည်။ ပိုအကြမ်းခံအောင် အဆင့်မြှင့်တင်ထားသည့် ကိုယ်ထည် Chassis Design ဟာ Vent တွေကို ပိုမိုပါဝင်လာစေတာကြောင့် Laptop အတွင်း လေစီးဆင်းမှုကို ပိုတိုးတက်လာစေပါသည်။

Scenario Profiles

Scenario Profile တွေဟာ မတူညီသည့် Game တွေနှင့် Application တွေအတွက် စွမ်းဆောင်ရည်ပိုင်းနှင့် အသံထွက်ကို Optimize ပြုလုပ်ဖို့အတွက် Operating Mode ကို အလိုအလျောက်ပြောင်းလဲနိုင်မှာဖြစ်ပါသည်။ Turbo Mode ဟာ အမြင့်မားဆုံး Fan Speed နှင့် Clock Speed တွေကို အမြင့်ဆုံးအမြန်နှုန်းဖြင့် မောင်းနှင်မှာဖြစ်ပြီး Performance Mode ဟာ Clock Speed နှင့် Cooling ပိုင်းကို ဂိမ်းဆော့ကစားသည့်အချိန်မှာ အသံဆူညံမှုသက်သာဖို့အတွက် ထိန်းညှိထားပြီး Silent Mode ကတော့ ပေါ့ပါးသည့်အလုပ်တွေနှင့် Entertainment ပိုင်းအတွက် တိတ်ဆိတ်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။ သင့်အနေနဲ့ စိတ်ကြိုက် Scenario Profile တွေကို မသိသာအောင်ပြောင်းလဲနိုင်သလို Keyboard Shortcut တွေကို အသုံးပြုပြီး Mode တွေကို ပြောင်းလဲနိုင်ပါသည်။

Close
comparison icon
Compare (0)