ASUS ZenPower

    • အလင်းတမျှ ပေါ့ပါးခြင်းနှင့် စွမ်းရည်ပြည့်ဝခြင်း
    • အကြွေးဝယ်ကဒ်အရွယ်အစား
    • စွမ်းရည်ပြည့်ဝသော
    • ပထမတန်းစား Zen ဒီဇိုင်း
    • ခရီးသွားဟန်လွဲစတိုင်
    • မြင့်မားသော အရည်အသွေး
    • အလွန်လျင်မြန်သော အားသွင်းမှု
    • သင်နဲ့ သင့်ဖုန်းကို ကာကွယ်ပါ
    • ထိပ်တန်းအရည်အသွေးကို ရရှိစေရေးအတွက် ကြပ်ကြပ်မတ်မတ် စမ်းသပ်စစ်ဆေးထားခြင်း

    အလင်းတမျှ ပေါ့ပါးခြင်းနှင့် စွမ်းရည်ပြည့်ဝခြင်း

    ကမ္ဘာ့နံပါတ် (၁) အကြွေးဝယ်ကဒ်အရွယ်၊ မြင့်မားသော စွမ်းဆောင်မှု၊ ၁၀၀၅၀mAh ပမာဏရှိ ပါဝါဘဏ်

    သေးငယ်ပေါ့ပါးသော
    သင့်လက်ဖဝါးအတွင်းက အကောင်းဆုံးသော အံဝင်ဂွင်ကျရှိမှု

    ASUS ZenPower ရဲ့ ၁၀၀၅၀ ပမာဏဆန့် ပါဝါဘဏ် ဘထ္ထရီက ဘယ်လိုစမတ်ဖုန်းကိုမဆို အပြည့်အဝ အားသွင်းပေးခြင်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။ အလေးချိန် ၂၁၅ ဂရမ်သာရှိပြီး အကြွေးဝယ်ကဒ်တစ်ကဒ်အရွယ်ထက် မပိုပါဘူး။

    ဆက်လက်လှုပ်ရှားနေနိုင်ဖို့အတွက် သင်လိုအပ်တဲ့ အလုံးစုံပါဝါ

    ASUS ZenPower ရဲ့ တစ်ဆက်တစ်စပ်တည်းပါရှိသော ၁၀၀၅၀mAh ဘက်ထရီက ဖုန်းတစ်လုံးတည်း အတွက်တင်မက ဖုန်းအမျိုးမျိုးကို အားသွင်းနိုင်ပြီး သွားခါနီးလာခါနီးမှာ အဆင်သင့်ဖြစ်နေစေမယ့် မြောက်မြားလှစွာသော စွမ်းအင်တွေကို ကမ်းလှမ်းနိုင်ပါတယ်။ ဤနေရာတွင် အသေးစိတ် ထပ်မံလေ့လာရန်

    ကြိမ်ကျော်
    ကြိမ်ကျော်
    ကြိမ်ကျော်
    ကြိမ်ကျော်

    ပထမတန်းစား Zen ဒီဇိုင်း

    အလှတရားနဲ့ ခိုင်ခံ့မှုတို့အတွက် အလင်းတစ်မျှပေါ့ပါးသော အလူမီနီယံ အပြင်ဘက်ကာဗာ ဖြစ်ပါတယ်။ ယင်းရဲ့ လူသားအင်ဂျင်နီယာပညာမြောက်သော ခံစားမှုနဲ့ ချောမွေ့သော ပထမတန်းစားလက်ရာက တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခုအလား ထင်ရစေပါတယ်။

    ခရီးသွားဟန်လွဲစတိုင်

    ASUS ZenPower ကို သင်မှ ဂုဏ်ယူဝင့်ကြွားလိုတဲ့ ဖုန်းတစ်လုံးအဖြစ် ဖန်တီးပေးရန်အတွက် သတ္ထုသုတ်လိမ်းထားသော အလူမီနီယံကာဗာနဲ့ ပုံဖော်ပေးထားပါတယ်။ အရောင်အမျိုးမျိုးနဲ့ ကာဗာအမျိုးမျိုးအနက်မှ သင်ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုလိုက်ပါ။

    အားမာန်ပြည့်ဝသော အကွေ့အချိုးတစ်ခုနဲ့ ထပ်ဆောင်းကာကွယ်ခြင်း

    ZenPower Bumper က အကောင်းဆုံးသော အံဝင်ဂွင်ကျမှုကို ရရှိစေရန်အတွက် သင်ရွေးချယ်ခဲ့သော အရောင်လို အားမာန်ပြည့်ဝနေတဲ့ ထိတွေ့သိစွမ်းအားကောင်းမွန်သော ပြင်ပအလွှာတစ်ခုကို ပေါင်းထည့် ပေးထားပါတယ်။

    အလွန်လျင်မြန်သော အားသွင်းမှု

    သင့်ဖုန်းအားလုံးအတွင်းသို့ နဂိုမူလအတိုင်း အားပြည့်စေရန် အလျင်အမြန် ဖြည့်သွင်းပေးပါတယ်။ ယင်းက ၂.၄ အမ်ပီအာမျှ ထုတ်ပေးတဲ့ အလွန်ထိရောက်သော မြန်နှုန်းမြင့် အာသွင်းခြင်းကို စွမ်းဆောင်နိုင်ပါတယ်။

    သင်နဲ့ သင့်ဖုန်းကို
    ကာကွယ်ပါ

    ကျွန်ုပ်တို့မူပိုင် ASUS PowerSafe နည်းပညာက အားသွင်းနေစဉ်မှာ အမြင့်ဆုံးသော ဘေးကင်းလုံခြုံမှုကို ဖော်ဆောင်ပေးဖို့အတွက် အပူ/အအေး အခြေအနေကို စောင့်ကြည့်စစ်ဆေးခြင်း၊ ဗို့အားအ၀င်/အထွက်နှစ်မျိုးစလုံးကို ထိန်းချုပ်ခြင်းနဲ့ ဆားကစ်ချိတ်ဆက်မှုတစ်ခုအတွင်း မှားယွင်းမှုဖြစ်စေသောအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ပြုလုပ်ပေးပါတယ်။
    ဤနေရာတွင် အသေးစိတ် ထပ်မံလေ့လာရန်

    ထိပ်တန်းအရည်အသွေးကို ရရှိစေရေးအတွက် ကြပ်ကြပ်မတ်မတ် စမ်းသပ်စစ်ဆေးထားခြင်း

    ASUS ZenPower က အလေးချိန် ၆၀ ကီလိုဂရမ်ကို ခံနိုင်တယ်ဆိုတာအပြင် နေ့စဉ်လိုလို အသုံးပြုနိုင်လိမ့်မယ်ဆိုတဲ့အသိနဲ့ ငြိမ်းချမ်းသာယာမှုတို့ကို ပေးစွမ်းဖို့အတွက် ထောင်နဲ့ချီသော စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ခြင်းအပေါ်မှာ ကျွန်ုပ်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။