ZenFone 2 Laser View Flip Cover (ZE600KL /ZE601KL)

    ZenFone 2 Laser View Flip Cover (ZE600KL /ZE601KL)

    လွယ်ကူနားလည်စွာ အသုံးပြုနိုင်တဲ့ ဖက်ရှင်တစ်ရပ်နဲ့ အရည်အသွေး အကောင်းဆုံးသော ကာကွယ်မှု

    • View Flip Cover က ZenFone2 Laser (ZE600KL/ZE601KL) ရဲ့ လှပသော မျက်နှာပြင်ပေါ်မှာ ခြစ်ရာ၊ ရှရာတွေ မရှိရလေအောင် ကာကွယ်ပေးထားပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို တစ်ချက်ကြည့်ရုံမျှဖြင့် သိရှိစေနိုင်ပါတယ်။
    • အရေးပါတဲ့ သင့်သတင်းအချက်အလက်တွေအားလုံးကို ကာဗာဖွင့်စရာမလိုပဲ လက်ခံရယူပါ။
    • ကာဗာပေါ်မှာ အပလီကေးရှင်း ၇ ခုထက်မနည်းကို ပြသပေးနိုင်ပါတယ်။
      Product Image

      ZenFone 2 Laser (ZE600KL/ZE601KL) View Flip Cover က ဖုန်းအ၀င်ခေါ်ဆိုမှုများ၊ မက်ဆေ့ချ်အသစ်များ၊ အချိန်၊ ရာသီဥပတုအခြေအနေ၊ ဖလက်ရှ်မီး၊ အလျင်အမြန် အပြင်အဆင်နဲ့ ဓာတ်ပုံတွေအပါအ၀င် အရေးကြီးသော သင့်သတင်း အချက်အလက်တွေအားလုံးကို အဖုံးဖွင့်စရာမလိုဘဲ မျက်စိတစ်မှိတ် လျပ်တစ်ပြက်တာကာလအတွင်း ကြည့်ရှူစေနိုင်ပါတယ်။

      ကာဗာပေါ်တွင် အပလီကေးရှင်း (၇) အထိ ကြည့်ရှူနိုင်ခြင်း

      • ရာသီဥတုခန့်မှန်းချက်များကို ကြည့်ရှူခြင်း
        လပ်တလော ရာသီဥတုအခြေအနေ သို့မဟုတ် (၄) ရက်တာခန့်မှန်းချက်ကို ကြည့်ရှူပါ။
      • ကာဗာမြင်ကွင်းပေါ်မှာ ဓာတ်ပုံရိုက်ခြင်း
        ကင်မရာကို ကာဗာဖွင့်စရာမလိုဘဲ အလျင်အမြန် ရယူလိုက်ပါ။
      • သီချင်းဖွင့်ခြင်း သို့မဟုတ် အယ်လ်ဘမ်ပြောင်းခြင်း
        သင်အကြိုက်ဆုံး အယ်လ်ဘမ်ကို သီချင်းဖွင့်နေစဉ်မှာ ကာဗာဖွင့်စရာမလိုဘဲ ရှာဖွေပါ။
      • ဖက်လက်ရှ်မီးအဖွင့်/အပိတ် ပြုလုပ်ခြင်း
        သင်လိုအပ်တဲ့အချိန်တိုင်းမှာ မီးဖွင့်လိုက်ပါ။
      • ပုံစံအနေအထားပြောင်းလဲရန် အလျင်အမြန် အပြင်အဆင်များ
        လေယာဉ်ပျံအနေအထား၊ မနှောက်ယှက်ရန် သတိပေးသော အနေအထားကို တိုက်ရိုက်ရယူ ပြင်ဆင်ပါ။ သို့မဟုတ်ပါက ဖုန်းကို တုန်ခါနေသော/ငြိမ်သက်နေသော အနေအထားတွင် ထားရှိလိုက်ပါ။
      • ပြောင်းလဲနိုင်သော နာရီအသွင်အပြင်
        သင့်ကာဗာပေါ်မှာ နှစ်သက်အလိုရှိရာ နာရီအသွင်အပြင်တစ်ခုကို ရွေးချယ်လိုက်ပါ။
      • ရက်စွဲဖြင့် မှတ်သားထားသော အဖြစ်အပျက်များနဲ့ အသိပေးချက်များကို စစ်ဆေးခြင်း
        သင့်ပြက္ကဒိန်ကို စစ်ဆေးလိုက်ပါ။ သို့မဟုတ်ပါက နှိုးစက်/ပြက္ကဒိန်/ခေါ်ဆိုမှုမက်ဆေ့ချ်/အီးမေးလ်အသိပေးချက်တို့ကို လက်ခံရယူလိုက်ပါ။