ZenFone 2 Laser (ZE500KL)

    ပြောစမတ်တွင်သော စွမ်းဆောင်မှု

    မီဒီယာစုံဖျော်ဖြေမှုနဲ့ဘထ္ထရီသက်သာမှုတို့ရဲ့ အကောင်းဆုံးသော ဟန်ချက်ညီမှု

    ZenFone 2 Laser ကို Qualcomm® Snapdragon™ 410 ပရိုဆက်ဆာနဲ့ မှောင်းနှင်ပေးတာဖြစ်ပါတယ်။ သင့်ရဲ့နေ့စဉ်အလုပ်တွေနဲ့ လှုပ်ရှားမှုတွေအတွက် အရမ်းများပြားတဲ့ စွမ်းအားဖြစ်ပါတယ်။ တစ်မိနစ်ကို ၁၅၀ မက်ဂါဘိုက် (၁၅၀ Mbps) အထိရှိတဲ့ LTE အဆင့် ၄ ရှိ ဒေါင့်လော့နှုန်းကိုလည်း ထည့်သွင်းထားပါတယ်။

    • 64-bit Qualcomm 8916 CPU
    • 64400Mhz Adreno 306 GPU
    • ၂ ဂစ်ဂါဘိုက် RAM
    • 64-bit Android L Android
    • Cat 4 အထိ တစ်မိနစ်လျင် ၁၅၀ မီဂါဘိုက် LTE
    • ဂြိုလ်တု ၃ ခု GPS လမ်းညွှန်ပြသသောစနစ်များ လမ်းညွှန်ပြသသော စနစ်များ
    • DSDS LTE/ LTE SIM ကဒ်
    • ၅ လက်မအကျယ် HD ဖန်သားမျက်နှာပြင်
    • Corning Gorilla Glass 4 မှန်

    မီဒီယာစုံဖျော်ဖြေမှုနဲ့ဘထ္ထရီသက်သာမှုတို့ရဲ့ အကောင်းဆုံးသော ဟန်ချက်ညီမှု

    ZenFone 2 Laser (ZE500KL) မှာ 64-bit ပမာဏရှိ ပရိုဆက်ဆာ Qualcomm’s Snapdragon 410 ကို ထည့်သွင်းပေးထားပါတယ်။
    ယင်းရဲ့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ သာလွန်ထူးကဲတဲ့ စွမ်းအင်သက်သာမှုတို့နဲ့ဆိုရင်
    ထင်ရှားပြတ်သားတဲ့ဓာတ်ပုံတွေကို အံ့သြဖွယ်ကောင်းတဲ့ အမြန်နှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်သလို
    HD ဗွီဒီယိုတွေကိုလည်း ဘထ္ထရီအားကုန်ဆုံးမှု အနည်းဆုံးအဆင့်နဲ့ မှတ်တမ်းတင်
    တည်းဖြတ်နိုင်ပါလိမ့်မယ်။

    Corning®Gorilla® Glass 4
    ရင်သပ်ရှုမောလောက်အောင် ခိုင်မာပြီး ဂေါ်ရီလာလိုု

    Corning® Gorilla® Glass 4 က ကမ္ဘာကျော် Corning ကုမ္ပဏီရဲ့ တီထွင်ဆန်းသစ်မှုရှိသော နောက်ဆုံးပေါ် ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ZenFone 2 Laser (ZE500KL) ရဲ့ Gorilla Glass 4 ဖန်သားမျက်နှာပြင်က

    • ×

      ပြုတ်ကျပျက်ဆီးမှု
      ခံနိုင်အား

    • ၈၅%

      နည်းပါးသော အခွင့်အလမ်း
      ကွဲရှရန်

    • ၂.၅ ×

      ထိန်းနိုင်သော
      ခိုင်မြဲမှု

    တစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက်နှုန်းနဲ့ ဆွဲနိုင်င်တဲ့ အလွန်ကောင်းမွန်သော LTE ဒေါင်းလော့မြန်နှုန်း

    ZenFone 2 Laser (ZE500KL) မှာ မိုဘိုင်းအင်တာနက် အမြန်ဆုံးနှုန်းဖြစ်သည့် တစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက်အထိ ဆွဲနိုင်တဲ့ နောက်ဆုံးပေါ် 4G LTE အဆင့်မြင့်နည်းပညာ ပါရှိပါတယ်။ *

    မြန်ဆန်သော ကြိုးမဲ့ဆက်သွယ်မှု

    ZenFone 2 Laser မှာ 802.11b/g/n ၀ိုင်ဖိုင်အစိတ်အပိုင်းတစ်ရပ် ပါရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ထောပတ်လို ချောမွေ့တဲ့ ကြိုးမဲ့ဆက်သွယ်မှုရဲ့ အကျိုးကို ရရှိမှာပါ။

    ဆင်းမ်ကဒ် နှစ်မျိုးအသုံး၊ နှစ်မျိုးစလုံး အသင့်အနေအထား

    ဖုန်းတစ်လုံးတည်းနဲ့ ဆင်းမ်ကဒ်နှစ်မျိုး အသုံးပြုနိုင်တာကြောင့် ခရီးသွားခြင်းအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဆင်းမ်ကဒ်နှစ်မျိုးအသုံးပြုခြင်းဖြင့် အရေးကြီးသော မက်ဆေ့ချ်များကို နောက်တစ်ခါ လွတ်သွားတာမျိုးမဖြစ်တဲ့ စိုးရိမ်ပူပန်မှုကင်းသော ဘ၀ပုံစံတစ်ရပ်ကို ဖန်တီးပါ။

    လုံး၀ရှင်းလင်းသော
    HD IPS ဖန်သားမျက်နှာပြင်

    ZenFone 2 Laser (ZE500KL) မှာ ထောင့်ကျယ် ၁၇၈ ဒီဂရီ မြင်ကွင်းကို ပေးစွမ်းနိုင်တဲ့ ၁၂၈၀×၇၂၀ HD IPS ဖန်သီးမျက်နှာပြင်တစ်ချပ် တပ်ဆင်ထားပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ၂၉၄ ppi ပုံရိပ်အစက်ပြောက် သိမ်းသည်းမှုက ပုံရိပ်တိုင်းကို မျက်စိကျဖွယ် အနုစိတ်ဆန်မှုနဲ့ ရရှိစေမှာ ဖြစ်ပါတယ်။

    ၇၂ ရာခိုင်နှုန်းရှိ NTSC အရောင်အမျိုးမျိုး

    ZenFone 2 Laser ရဲ့ ပါးလွှာလွန်းသော ဖန်သားမျက်နှာပြင်က ၇၂ ရာခိုင်နှုန်းရှိ အရောင်တွဲစပ်မှုကို ရရှိထားတာကြောင့် လက်တွေ့ကမ္ဘာမှာ သင့်မျက်လုံးမြင်တွေ့ရတဲ့ အရောင်များစွာအတိုင်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေက ပိုမိုရှင်းလင်းတောက်ပပြီး အရမ်းထင်ရှားလှပါတယ်။ အခြားပြိုင်ဘက် စမတ်ဖုန်းမှန်သားတွေထက် များစွာသက်၀င်ဆွဲဆောင်မှုရှိပါတယ်။

    ASUS TruVivid နည်းပညာဖြင့် ရရှိသော မျက်နှာပြင်ပြည့် အလွှာ

    အကောင်းဆုံးသော ရိုးရှင်းပြတ်သားမှုနဲ့ တို့ထိတို့ပြန်မှုတို့အတွက် ZenFone 2 Laser က တစ်မူထူးခြားသော ASUS TruVivid နည်းပညာဖြင့် ပေါင်းစပ်ထားပါတယ်။ ဤပေါင်းစပ်မှုက အစဉ်အလာ အလွှာလေးလွှာပါဒီဇိုင်းကို ဆန်းသစ်တီထွင်မှုရှိသော အလွှာနှစ်လွှာပါ ဒီဇိုင်းအဖြစ်သို့ အထစ်အငေါ့မရှိသော အလွှာပြည့်အဖြစ် အသွင်ပြောင်းပေးပါတယ်။ အဖုံးမှန်နဲ့ တို့ထိမှန်အလွှာတို့ကို ပေါင်းစပ်ပေးခြင်းက လေဟာနယ်ကို ဖယ်ရှားပေးတာကြောင့် အရာရာတိုင်းကို ZenFone 2 Laser ရဲ့ မျက်နှာပြင်နဲ့ နီးကပ်စေပြီး သင့်ရဲ့ တို့ထိမှုနဲ့ ပိုမို နီးကပ်စေပါတယ်။

    တို့ထိမှုတိုင်းအပေါ် တုံ့ပြန်ခြင်းများ
    လက်အိတ်များနဲ့ပင် ပြုလုပ်၍ရသော

    ZenFone 2 Laser မှာ ASUS Glove Touch နည်းပညာနဲ့ ဆောင်ရွက်လို့ရတာကြောင့် ဤဖုန်းက သင်လက်အိတ်တွေ ၀တ်ထားတယ်ဆိုရင်တောင်မှ သင့်ရဲ့ အားလုံးသော တို့ထိမှု၊ ဆွဲချက်နဲ့ လှုပ်ရှားမှုတိုင်းကို တုံ့ပြန်ပေးပါတယ်။

    ဈေးကြီးသော အော်ဒီယို
    ကျွမ်းကျင်ပညာရှင်များ၏ ဖန်တီးမှု

    သင့်အတွက် အကောင်းတကာ့ အကောင်းဆုံးသော စမတ်ဖုန်းအော်ဒီယိုတစ်ခုကို ပေးအပ်နိုင်ဖို့ နာမည်ကျော် ASUS Golden Ear အဖွဲ့နဲ့ ဖန်တီးတဲ့ ZenFone 2 Laser ရဲ့ SonicMaster နည်းပညာက အစဉ်သဖြလုံး၀ရှင်းလင်းတဲ့အသံကို ဖော်ဆောင်ပေးပါတယ်။ နားကြပ်နဲ့ နားထောင်သည်ဖြစ်စေ၊ စပီကာနဲ့ နားထောင်သည်ဖြစ်စေ သင့်လှုပ်ရှားမှုတိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အနုစိတ်ဆန်သော အော်ဒီယိုအတွေ့အကြုံကို ရရှိပါလိမ့်မယ်။

    အရွယ်အစားကိစ္စ

    ZenFone 2 Laser ရဲ့ အသံခန်းကို နည်းလမ်းများစွာနဲ့ ပိုကောင်းအောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် အခြေအနေအမျိုးမျိုးမှာ အစွမ်းပိုထက်တဲ့အသံကို ဖြစ်ပေါ်စေမယ့် သံလိုက်ငါးခုတည်ဆောက်မှုနဲ့ အနုစိတ်ဆန်သော သတ္ထုအသံကွိုင်တို့အပါအ၀င် ယခင်ထက် ၂၅ ရာနှုန်း ပိုမိုကြီးမားပါတယ်။

    အခြေအနေ အမျိုးအမျိုးအတွက် စမတ်ကျသော ​​ASUS AudioWizard

    ASUS AudioWizard က ရုပ်ရှင်ပုံစံ၊ ဂိမ်းကစားနေသောပုံစံ၊ ဂီတသံစဉ်သငေ်္ကတပုံစံ၊ ဂီတပုံစံနဲ့ စမတ်ပုံစံတို့အပါအ၀င် အခြေအနေအမျိုးမျိုးမှာ အကောင်းဆုံးသော နားထောင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ စမတ်ဆော့ဖ်၀ဲတစ်ခု ဖြစ်ပါတယ်။

    • ရုပ်ရှင်
      ပုံစံ
    • ဂီတ
      ပုံစံ
    • ဂိမ်းကစားနေသော
      ပုံစံ
    • မိန့်ခွန်း
      ပုံစံ
    • စမတ်
      ပုံစံ
    နောက်တစ်ခု

    အခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို ကြည့်ရှု့ပါ

    Sharp Vision အကြောင်း ပိုမိုလေ့လာရန်
    အခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို ကြည့်ရှု့ပါ