ZenFone 2 Laser (ZE500KL)

    ပါးရှသော အမြင်


    အခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို ကြည့်ရှု့ပါ

    အခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို ကြည့်ရှု့ပါ

    ZenFone 2 Laser ရဲ့ 13 MP PixelMaster မှာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းပြတ်သားမှုမြင့် ဓာတ်ပုံများကို တုံ့ဆိုင်းမှုမရှိ ချက်ခြင်းရိုက်ကူးနိုင်တဲ့ f/2.0-အပါချာအလင်း၀င်ပေါက်တစ်ခု ပါရှိပါတယ်။ ဤအမှတ်တံဆိပ် အသစ်စက်စက်ရဲ့ လေဆာစနစ်သုံး အလိုအလျောက် ဆုံချက်က မြင်ကွင်းေ၀၀ါးမှုကို သိသိသာသာ လျော့ချပေးပြီး ပုံရိပ်တည်ငြိမ်မှုကိုလည်း သိသိသာသာ မြှင့်တင်ပေးပါတယ်။ မိုဘိုင်းဖုန်း ကဏ္ဍရဲ့ ထိပ်သီးဖြစ်တဲ့ Low Light အနေအထားက ရုပ်သံဖမ်းစက် ပေါင်းစည်းမှုနည်းပညာကို အသုံးပြုပြီး ၄၀၀ ရာနှုန်းအထိ ပိုမိုကြည်လင်တဲ့ ဓာတ်ပုံတွေကို ညအချိန် သို့မဟုတ် အလင်းရောင် နည်းပါးတဲ့ ရှု့ခင်းတွေအတွင်းမှာ ရိုက်ကူးပေးပါတယ်။ Backlight (Super HDR) အနေအထားက နေ့အချိန်မှာ ကျရောက်တဲ့ အရိပ်ကို ရှင်းလင်းစွာ ကြည့်ရှု့နိုင်စေပြီး Super Resolution အနေအထားက မြင်ကွင်းပြတ်သားမှု ၅၂ MP အထိရှိတဲ့ ပုံရိပ်တွေကို အသေးစိတ် ရိုက်ကူးနိုင်စေမှာ ဖြစ်ပါတယ်။

    • 13 MP

      ကျောဘက်ကင်မရာ

    • 5, P

      Largan မှန်ဘီလူး

    • ƒ / 2.0

      အပါချာအလင်း၀င်ပေါက်

    • လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်
    • တိုရှီဘာ အာရုံခံကိရိယာ
    • အပြာရောင်စစ်မှန်ပြား
    • ထပ်တူကျသော နှစ်ဆပြေး LED ဖလက်ရှ်
    • 5 MP

      ရှေ့ဘက်ကင်မရာ

    • ƒ / 2.0

      အပါချာ အလင်း၀င်ပေါက်

    • 85 °

      ထောင့်ကျယ်

    လျှပ်စီးအလျဉ်မျှ မြန်ဆန်တဲ့ ရိုက်ချက်
    လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်

    ZenFone Laser (ZE500KL) ရဲ့ ကျောဘက်ကင်မရာမှာ မြန်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် ရှင်းလင်းစွာ ရိုက်ကူးနိုင်သည့် လေဆာစနစ်သုံး အလိုအလျောက် ဆုံချက်နည်းပညာတစ်ရပ်ပါရှိပါတယ်။ ZenFone 2 Laser ရဲ့ လေဆာရောင်ခြည်တန်းက အလှမ်းကွော၀းတဲ့ နေရာတွေကို လျှပ်စီးအလျဉ်နဲ့ တိုင်းတာပေးတယ် ဆိုတာ အထူးသဖြင့် မှုန်း၀ါးတဲ့ အလင်းရောင်အောက်မှာ အနီးဆုံးဆုံချက်ကို ၀.၀၃ စက္ကန့်မျှဖြင့် ရိုက်ကူးနိုင်တယ်လို့ ဆိုလိုခြင်းပါ။ လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်က အနီးကပ်ဓာတ်ပုံရိုက်ကူးမှုနည်းပညာကိုတောင်မှ မှန်ဘီလူးနဲ့ ဆွဲရိုက်စဉ်မှာ ဖန်တီးလိုက်တဲ့ ထပ်ဆောင်းအကွော၀းကို အစားထိုးပေးခြင်းအားဖြင့် အရှိန်မြင့်တင် ပေးနိုင်ပါတယ်။

    တုံ့ဆိုင်းမှုမရှိ ချက်ခြင်းရိုက်ကူးနိုင်သော Auto အနေအထား

    တုံ့ဆိုင်းမှုမရှိ ချက်ခြင်းရိုက်ကူးနိုင်ခြင်းဆိုတာ သင့်အနေနဲ့ သင်အလိုရှိသော ဓာတ်ပုံကိုု ခေတ္တမျှ နောက်ကျသွားခြင်း မရှိစေရဘဲ ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ ဆိုလိုခြင်းပါ။ ZenFone 2 Laser နဲ့ဆိုရင် သင့်ရိုက်ချက်တိုင်းက အချိန်ကိုက်ဖြစ်နေမှာပါ။ ဒါကြောင့် သင့်အနေနဲ့ အလှပဆုံးသော မီးရှူးမီးပန်းတွေရဲ့ တောက်ပနေတဲ့ မီးပန်းတွေ၊ လှုပ်လှုပ်ရွရွအဖြစ်ဆုံး ကလေးငယ်ရဲ့ မခို့တရို့ အပြုံးတွေနဲ့ မျက်စိတစ်မိတ် လျပ်တစ်ပျက်အတွင်း ဖြတ်သွားတဲ့ ကြယ်ကြွေတွေကို လျပ်တစ်ပြက် ရိုက်ကူးနိုင်ပါလိမ့်မယ်။

    • ZenFone 2
    • ပြိုင်ဘက် ၁
    • ပြိုင်ဘက် ၂
    • ပြိုင်ဘက် ၃
    • ပြိုင်ဘက် ၄
    • ပြိုင်ဘက် ၅

    PixelMaster နည်းပညာက ဘောင်သတ်မှတ်သော ဖီးချားတွေနဲ့ ပုံရိပ်ပုံစံတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် အမှောင်ဆုံးအပိုင်းတွေရဲ့ အနုစိတ်အနေအထားကို ပိုကောင်းစေရန် အမြင့်ဆုံး ခြားနားချက်အချိုး (ပုံရိပ်တစ်ခုရဲ့ အတောက်ပဆုံး အမှတ်မှ အမှောင်ဆုံးအမှတ်အထိ) အား အလိုအလျောက် ချိန်ညှိပေးပါတယ်။ WDR နဲ့သာဆိုရင် သင့်အနေနဲ့ စိန်ခေါ်မှုအရှိဆုံးသော မီးရောင်အောက်မှာတောင် ဓာတ်ပုံတွေကို ရှင်းရှင်းလင်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

    Backlight (Super HDR) အနေအထားကို ထိန်းချုပ်ပါ

    PixelMaste backlight (Super HDR) အနေအထားက ရိုက်ကွင်းပြ ကိရိယာအတွင်းက ရှု့ခင်းတွေရဲ့ စဉ်ဆက်မပြတ် ရိုက်ချက်တွေကို အလိုအလျောက် ဖမ်းယူပေးပြီး ASUS Enhancing နည်းပညာကို အသုံးပြုကာ ယင်းတို့ကို စီမံပြုပြင်ပေးပါတယ်။ ဤဆောင်ရွက်မှုက နောက်ဆုံးပုံရိပ်မှာ ပိုကောင်းသော အရောင်အလင်း/အမှောင်နဲ့အတူ ၄၀၀ ရာနှုန်းအထိရှိတဲ့ ပိုမိုတောက်ပမှုရှိစေရန် ရွေ့လျားအားအပိုင်းအခြားကို လေးဆမျှ (၄×) မျှ တိုးချဲ့ပေးပြီး တောက်ပသော နောက်ခံအလင်းရောင်နဲ့ ရှု့ခင်းမှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေကို နဂိုမူလ သဘာ၀အတိုင်း အနုစိတ်ဖြစ်ပေါ်စေမှာပါ။

    ×
    ကြည်လင်တောက်ပမှုနှင့် အရောင် အလင်း/အမှောင်
    • ZenFone 2
    • ပြိုင်ဘက် ၁
    • ပြိုင်ဘက် ၂
    • ပြိုင်ဘက် ၃
    • ပြိုင်ဘက် ၄
    • ပြိုင်ဘက် ၅

    ကျွန်ုပ်တို့ရဲ့ တစ်မူထူးခြားသော နည်းပညာက မှုန်၀ါးတဲ့ ပတ်၀န်းကျင်အတွင်းမှာ ဖမ်းယူတဲ့ ရိုက်ချက်အားလုံးကို ပိုကောင်းအောင် ဆောင်ရွက်ပေးပြီးနောက်မှာ ရွှေ့လျားအားမြင့်အပိုင်းအခြား (wide dynamic range - WDR) ဆိုင်ရာ ဓာတ်ပုံတည်းဖြတ်မှုက ဘယ်အချိန်မှာမဆို ရင်သပ်ရှုမောဖွယ်ဖြစ်စေတဲ့ အကောင်းဆုံးဓာတ်ပုံတွေအတွက် ရှင်းလင်းမှုနဲ့ လှပဆန်းကြယ်မှုတို့ကို ပိုကောင်းအောင် ဆောင်ရွက်ပေးပါသေးတယ်။

    ပြိုင်ဘက်ကင်းသော Low Light အနေအထား

    Low Light အနေအထားက ရုပ်သံဖမ်းစက် လေးခုကို တစ်ခုတည်း အဖြစ် ပေါင်းပေးထားတဲ့ ပုံရိပ် ထင်စေသော အစက်ပြောက်များ ပေါင်းစပ်မှုနည်းပညာတစ်ရပ်နဲ့ အဆင့်မြင့် ပုံရိပ်ပြုလုပ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်တို့မှတစ်ဆင့် အလင်းရောင် ထိတွေ့ခံစားနိုင်မှုကို လေးဆ (၄x) အထိ တိုးမြှင့်ပေးထားပါတယ်။ ယင်းက ဆူညံမှု လျော့ချခြင်းကို မြှင့်တင်ပေးသလို အလင်းရောင်နည်းပါးသော ရိုက်ချက်များကို ဖလက်ရှ်မပါဘဲ ရိုက်ကူးဖို့အတွက် အရောင် အလင်း/အမှောင်ကို ၄၀၀ ရာနှုန်း အထိလည်း မြှင့်တင်ပေးပါတယ်။

    4 ×
    အလင်းရောင်ထိတွေ့ခံစားမှုနဲ့ ဆူညံမှု လျော့ချခြင်း
    • ZenFone 2
    • ပြိုင်ဘက် ၁
    • ပြိုင်ဘက် ၂
    • ပြိုင်ဘက် ၃
    • ပြိုင်ဘက် ၄
    • ပြိုင်ဘက် ၅

    အနီးဆုံးအလင်းဖြတ်စက်တွေကို ပေါင်းစပ်ပေးခြင်းအားဖြင့် PixelMaster က အလင်းရောင် ထိတွေ့ ခံစားမှုးကို ၄၀၀ ရာနှုန်းအထိ တိုးမြှင့်ပေးသလို အလင်း/အမှောင်ကိုလည်း ၂၀၀ ရာနှုန်းအထိ တိုးမြင့် ပေးခြင်းကြောင့် အလင်းရောင် နည်းပါးတဲ့ ရိုက်ချက်များကို ဖလက်ရှ်မပါဘဲ ရှင်းလင်းတောက်ပစွာ ရိုက်ကူးစေနိုင်ပါတယ်။ ဒီဂျစ်တယ်ပုံရိပ်တည်ငြိမ်မှု (DIS) က ပိုမိုရှင်းလင်းပြီး မှုန်၀ါးမှုမရှိတဲ့ပုံများကိုပင် ရရှစေမည့် အလင်းရောင် နည်းပါးသော အခြေအနေအောက်ရှိ စွမ်းဆောင်မှုကို မြှင့်တင်ပေးပါတယ်။

    လေးဆမျှ ပိုမိုအနုစိတ်ဆန်သောဓာတ်ပုံများကို
    Super Resolution နဲ့ ရိုက်ကူးပါ

    လေးဆမျှ ပိုမိုအနုစိတ်ဆန်သောဓာတ်ပုံတွေကို Super Resolution နဲ့ ရိုက်ကူးပါ။

    ZenFone 2 Laser ရဲ့ Super Resolution အနေအထားက အလွန်အမင်း အနုစိတ်ဆန်တဲ့ ဓာတ်ပုံတွေ ဖန်တီးဖို့အတွက် ဖရိန်မျိုးစုံပေါင်းစပ်ခြင်းနည်းပညာလို့ လူသိများတဲ့ အထူးပုံရိပ် တည်းဖြတ်မှု နည်းပညာတွေကို အသုံးပြုထားပါတယ်။ ZenFone 2 Laser က 13 MP ဓာတ်ပုံ လေးပုံကို လေးဆမှ ပိုမိုရှင်းလင်းတဲ့ ထူးခြားသော ဓာတ်ပုံတစ်ပုံ အဖြစ် ရိုက်ကူးပေါင်းစပ်ပေးပါတယ်။ လင်းသည်ဖြစ်စေ၊ မှောင်သည်ဖြစ်စေ 52MP နဲ့ ညီမျှတဲ့ ထိပ်တန်းကျသော ရှင်းလင်းပြတ်သားဖြင့် ဆူညံမှုနည်းပါးတဲ့ ပိုမိုအနုစိတ်ဆန်သောဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။

    ဘယ်သူ့ကိုမှ မထားခဲ့ပါနဲ့
    မြင်ကွင်းကျယ်ဆယ်လ်ဖီပုံမှာ

    မြင်ကွင်းကျယ်ဆယ်လ်ဖီပုံမှာ ဘယ်သူ့ကိုမှ မထားပါနဲ့

    ထူးခြားသော ဤထောင့်ကျယ်အနေအထားနဲ့အတူ ZenFone 2 Laser f/2.0 အပါချာ အလင်း၀င်ပေါက် မှန်ဘူးလူးတွေနဲ့ ၈၅ ဒီဂရီမြင်ကွင်းတို့က သင့်ကို ၁၄၀ ဒီဂရီအထိရှိတဲ့ မြင်ကွင်းကျယ် ဆယ်လ်ဖီပုံတွေကို ရိုက်ကူးနိုင်စေမှာပါ။ သင့်ကိုယ်သင် ဒါမှမဟုတ် သင့်သူငယ်ချင်းတွေအားလုံးနဲ့အတူ လျပ်တစ်ပြက် ရိုက်ကူးလိုက်ပါ။ သင့်ရဲ့ ZenFone 2 Laser ကို ဘယ်မှညာသို့ ညွှန်ကြားချက်အတိုင်း အနည်းငယ် လှည့်ပေးလိုက်ယုံနဲ့ သင့်ပတ်၀န်းကျင်ရဲ့ ၁၄၀ ဒီဂရီအထိရှိတဲ့မြင်ကွင်းကို ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ သူငယ်ချင်းဆယ်ဦးမကပါတဲ့ ဆယ်လ်ဖီပုံတွေကို တစ်ကြိမ်တည်းနဲ့ ရိုက်လို့ရတဲ့အထိကို ရိုးရှင်းပါတယ်။

    သင့်လက်ဖ၀ါးအတွင်းက DSLR ကင်မရာ

    DSLR ကင်မရာ
    သင့်လက်ဖ၀ါးအတွင်းက

    ကျွန်ုပ်တို့က ZenFone 2 Laser မှာ Full Manual အနေအထားကို မိတ်ဆက်ပေးထားပါတယ်။ ဤအနေအထားမှာ ကင်မရာထဲက အပြင်အဆင်တွေအားလုံးကို သင့်လက်နဲ့ သင်ကိုယ်တိုင် ချိန်ညှိနိုင်ပါတယ်။ စုစုပေါင်းအားဖြင့် ပရော်ဖက်ရှင်နယ် အပြင်အဆင် ၁၃ ခုနဲ့ ရရှိနိုင်ပြီး ရိုက်ချက်ကို ဆွဲတာနဲ့တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပါတယ်။

    ဓာတ်ပုံတိုင်းမှာ စစ်မှန်သောအရောင်တွေကို မြင်တွေ့နိုင်ပါစေ

    စစ်မှန်သောအရောင်များကို
    ဓာတ်ပုံတိုင်းတွင် မြင်တွေ့နိုင်ပါစေ

    ZenFone 2 Laser ရဲ့ နှစ်ဆပြေး LED Real Tone ဖလက်ရှ်မီးက အခန်းတွင်းရိုက်ချက်တွေအတွက် သဘာ၀ အကျဆုံးသော အလင်းရောင်ကို ဖန်တီးပေးပါတယ်။ ရှတ္တာခလုတ်ကို နှိပ်လိုက်တဲ့ အချိန်မှာပဲ ZenFone 2 Laser က သင့်ပုံရိပ်တွေရဲ့ အရောင်အစစ်အမှန်တွေကို ဖမ်းယူထားတဲ့ ဖလက်ရှ်မီးမီးပေး ရိုက်ချက်တွေထုတ်ပေးဖို့ အ၀ါရောင်နဲ့ အဖြူရောင်အလင်းတို့ရဲ့ အကောင်းဆုံးသော ပေါင်းစပ်မှုကို ဖော်ဆောင်ပေးပါတယ်။

    သင့်ကိုတောင် ပိုမိုစွဲမက်စေဖို့အတွက်

    ZenFone 2 Laser ရဲ့ Beautification အနေအထားက သင်နဲ့ သင့်ပုံရိပ်ကို သင့်ရှေ့မှောက်မှာတင် ပိုမိုကောင်းမွန်သော အသွင်အပြင်ကို ဖန်တီးပေးပါတယ်။ ZenFone 2 Laser ကို မျက်နှာပြင်အသွင်အပြင် ထိန်းညှိခွင့် ပြုလိုက်ယုံဖြင့် အကောင်းဆုံးသောဓာတ်ပုံကို ဖန်တီးဖို့ ပိုမိုနူးညံ့သော အသားအရေ ဖြစ်အောင်ဆောင်ရွက်ပေးခြင်းနဲ့ အရေပြားပေါ်က အမည်းကွက်တွေကို ဖယ်ရှားပေးခြင်း တို့အား အချိန်တိုတွင်း အပြီးအစီး ဆောင်ရွက်ပေးပါတယ်။