သင့်ရဲ့ အကောင်းဆုံးသောအနေအထားကို ကြည့်ရှု့လိုက်ပါ

သင့်ရဲ့ အကောင်းဆုံးသောအနေအထားကို ကြည့်ရှု့လိုက်ပါ

ဖက်ရှင်၊ နည်းပညာနဲ့ အနုပညာလက်ရာမြောက်မှုတို့ရဲ့ ပြိုင်ဘက်ကင်းသော ပေါင်းစပ်မှုတစ်ရပ်က အကောင်းဆုံးသော ရှေ့၊ နောက်နှစ်ဘက်ပါ ကင်မရာတွေ၊ ပုံစံအနေအထားအမျိုးမျိုးနဲ့ အထူးရိုက်ကူးမှုတွေ၊ ချောမွေ့သော ZenUI ပေါင်းကူးဆက်သွယ်မှုတွေနဲ့ ပကတိပြီးပြည့်စုံတဲ့သင့်ကို မှတ်တမ်းတင်ပေးမယ့် တစ်မူထူးခြားသော ဆယ်လ်ဖီ အတွေ့အကြုံအတွက် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အနုစိတ်ဆန်တဲ့ ဖန်သားမျက်နှာပြင်တစ်ခုတို့ကို ပုံသွင်းပေးထားပါတယ်။

299000 Ks

စမတ်ဖုန်းကင်မရာပေါင်းစပ်မှုတို့ရဲ့ ရှေ့ဆောင်

Dual-13 megapixel
ရှေ့၊ နောက်ကင်မရာ
Dual Flash Real Tone LED
ရှေ့၊ နောက်ကင်မရာ
၀.၀၃ စက္ကန့်သာကြာမြင့်သည့် မြန်နှုန်းမြင့် လောဆာစနစ်သုံး အလိုအလျောက်ဆုံချက်
ကျောဘက်ကင်မရာ

ZenFone Selfie ရဲ့ ထူးခြားကောင်းမွန်လွန်းသော ရှေ့ဘက် PixelMaster ကင်မရာမှာ အပြုံးတိုင်းကို ပိုမိုရိုက်ကူးစေနိုင်မယ့် သိသာထင်ရှားတဲ့ 13MP ပုံရိပ်ပြတ်သားမှု၊ f/2.2 အပါချာအလင်း၀င်ပေါက်နဲ့ ၈၈ ဒီဂရီမျှရှိသော ထောင့်ကျယ်မှန်ဘီလူးတို့ ပါရှိပါတယ်။ သင့်အနေနဲ့ တစ်မူထူးခြားသော Selfie Panorama အနေအထားကို အသုံးပြုကာ ၁၄၀ ဒီဂရီအထိရှိတဲ့ မြင်ကွင်းတစ်ခု ပါသော ဆယ်လ်ဖီပုံတွေကို ရိုက်ကူးနိုင်တာကြောင့် သင့်ရိုက်ချက်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် လူတိုင်းပါ၀င်နိုင်မှာ ဖြစ်သလို အရာရာတိုင်းလည်း ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။ ZenFone Selfie ရဲ့ ကျောဘက်ကင်မယာက အလင်းရောင်နည်းပါးသော အခြေအနေအောက်ရှိ ထူးကဲသော ရိုက်ချက်များအတွက် ကျယ်ပြန်သည့် f/2.0 အပါချာအလင်း၀င်ပေါက်နဲ့အတူ အဆင့်မြင့်မားလှပါပေတယ်။ ရှေ့၊ နောက်နှစ်ဖက်စလုံးမှာပါတဲ့ ကင်မရာတွေကို Largan ပရမ်ဇမ် ငါးလုံးတွဲမှန်ဘီလူးတွေ၊ ထိပ်တန်းအရည်သွေးရှိ တိုရှီဘာအာရုံခံကိရိယာတွေနဲ့ ပြုလုပ်ထားတာပါ။ အရောင်အခြေအနေ အမျိုးမျိုးမှာ အကောင်းဆုံးသော အလင်းပေးမှုကို ဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဆပြေး LED ဖလက်ရှ်မီး နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။ သင့်အနေနဲ့ ၆ စင်တီမီတာလောက်အထိ နီးကပ်တဲ့ အရာ၀ထ္ထုတွေကိုတောင် ရိုက်လို့ရတဲ့ အနုစိတ် ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ၀.၀၃ စက္ကန့်အထိမြန်ဆန်လွန်းတဲ့ လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်စနစ်လည်း ပါ၀င်ပါသေးတယ်။

PixelMaster အကြောင်း ပိုမိုသိရှိနိုင်ရန်

PixelMaster အသုံးပြုသည့် ဆယ်လ်ဖီပုံရိုက်ကူးမှု အတွေ့အကြုံ

ပိုမိုအနုစိတ်ဆန်စွာ ရိုက်ကူးထားတဲ့ သင့်အပြုံးများ

[ S ]
ZenMotion
နှစ်ဆပြေး
LED ဖလက်ရှ်မီး
HDR
ပုံစံ
Low-Light
ပုံစံ
Beauty-fication
ပုံစံ
မြင်ကွင်းကျယ်ဆယ်လ်ဖီ
ပုံစံ
[ S ]
ZenMotion
နှစ်ဆပြေး
LED ဖလက်ရှ်မီး
HDR
ပုံစံ
Low-Light
ပုံစံ
Beauty-fication
ပုံစံ
မြင်ကွင်းကျယ်ဆယ်လ်ဖီ
ပုံစံ

ZenMotion - ဆယ်လ်ဖီပုံများအတွက် S
ကိုသာ
နှိပ်လိုက်ပါ

ZenFone Selfie က သင်အလိုရှိတဲ့ အချိန်အခိုက်အတန့်မှာ လျင်မြန်သောရိုက်ချက်တွေနဲ့ ဆယ်လ်ဖီပုံရိုက်ဖို့ အဆင့်သင့်ရှိနေပါတယ်။ S လို့သာ ဖန်သားမျက်နှာပြင်မှာ ရေးဆွဲလိုက်ပါ။ ပြီးရင်တော့ ပြုံးပြုံးလေးနဲ့ ရိုက်လိုက်ပေါ့။ ကိုယ်ဟန်အနေအထား ပြောင်းရတာကို သဘောကျတယ်ဆိုရင် သင့်ဘာသာသင် ဖန်တီးဖို့အတွက် အချိန် အနည်းငယ်သာ ကြာမြင့်ပါတယ်။

ZenUI အကြောင်း ပိုမိုသိရှိနိုင်ရန်

ZenMotion - ဆယ်လ်ဖီပုံတွေအတွက် S ကိုသာ နှိပ်လိုက်ပါ

ZenFone Selfie က သင်အလိုရှိတဲ့ အချိန်အခိုက်အတန့်မှာ လျင်မြန်သောရိုက်ချက်တွေနဲ့ ဆယ်လ်ဖီပုံရိုက်ဖို့ အဆင့်သင့်ရှိနေပါတယ်။ S လို့သာ ဖန်သားမျက်နှာပြင်မှာ ရေးဆွဲလိုက်ပါ။ ပြီးရင်တော့ ပြုံးပြုံးလေးနဲ့ ရိုက်လိုက်ပေါ့။ ကိုယ်ဟန်အနေအထား ပြောင်းရတာကို သဘောကျတယ်ဆိုရင် သင့်ဘာသာသင် ဖန်တီးဖို့အတွက် အချိန် အနည်းငယ်သာ ကြာမြင့်ပါတယ်။

ZenUI အကြောင်း ပိုမိုသိရှိရန်

သင့်ကိုတောင် ပိုမိုစွဲမက်စေဖို့အတွက်

ZenFone Selfie က သင့်ပုံကို သင့်ရှေ့မှောက်မှာတင် ပိုမိုကောင်းမွန်သော အသွင်အပြင်ကို ဖန်တီးပေးပါတယ်။ ZenFone Selfie က သင့်ပုံကို သင့်ရှေ့မှောက်မှာတင် ပိုမိုကောင်းမွန်သော အသွင်အပြင်ကို ဖန်တီးပေးပါတယ်။

ဓာတ်ပုံတိုင်းမှာ စစ်မှန်သောအရောင်တွေကို မြင်တွေ့နိုင်ပါစေ

ZenFone Selfie ရဲ့ နှစ်ဆပြေး LED Real Tone ဖလက်ရှ်မီးက အခန်းတွင်းရိုက်ချက်တွေအတွက် သဘာ၀ အကျဆုံးသော အလင်းရောင်ကို ဖန်တီးပေးပါတယ်။ ရှတ္တာခလုတ်ကို နှိပ်လိုက်တဲ့ အချိန်မှာပဲ ZenFone Selfie က သင့်ပုံရိပ်တွေရဲ့ အရောင်အစစ်အမှန်တွေကို ဖမ်းယူထားတဲ့ ဖလက်ရှ်မီးမီးပေး ရိုက်ချက်တွေထုတ်ပေးဖို့ အ၀ါရောင်နဲ့ အဖြူရောင်အလင်းတို့ရဲ့ အကောင်းဆုံးသော ပေါင်းစပ်မှုကို ဖော်ဆောင်ပေးပါတယ်။

ရင်သပ်ရှုမောဖွယ်ကောင်းသော backlight (Super HDR) ဓာတ်ပုံပညာ

ZenFone Selfie ရဲ့ PixelMaster ကင်မရာနည်းပညာက အသက်၀င်သောဓာတ်ပုံတွေကို အချိန်တိုင်း ရိုက်ကူးနိုင်စေဖို့အတွက် အလင်းရောင်ဟန်ချက်ညီမှုကို တိုးမြှင့်ပေးမယ့် backlight (Super HDR) နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ အထူးအလင်းဖြတ်စက်မြှင့်တင်ရေးနည်းပညာက မှောင်မိုက်သောနေရာတွေနဲ့ အရိပ်ထိုးနေသော နေရာတွေမှာ ၄၀၀ ရာခိုင်နှုန်းအထိ တောက်ပစေနိုင်တာကြောင့် ဓာတ်ပုံတွေကိုလည်း သင့်မျက်လုံးနဲ့ အပြင်မှာ မြင်တွေ့ရတဲ့ပုံစံ အနေအထားအတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။

×
တောက်ပမှု

ပြိုင်ဘက်ကင်းသော Low-Light စွမ်းဆောင်မှု

PixelMaster ရဲ့ Low Light အနေအထားက ရှင်းလင်းသောဓာတ်ပုံများ သို့မဟုတ် ဗွီဒီယိုများကို ညအချိန်အတွင်းမှာ၊ ဒါမှမဟုတ် မည်းမှောင်နေတဲ့ ပတ်၀န်းကျင်တစ်ခုမှာ ရှင်းလင်းစွာ ရိုက်ကူးပေးနိုင်ပါတယ်။ ဆန်းသစ်တီထွင်မှုရှိတဲ့ ရုပ်သံဖမ်းစက်ပေါင်းစည်းမှုနည်းပညာက အလင်းရောင် ထိတွေ့ခံစားနိုင်မှုကို ၄ ဆအထိ တိုးမြှင့်ပေးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာကလည်း Low Light ပုံစံအနေအထားကို ဆောင်ရွက်ပေးနိုင်တာကြောင့် သင့်အနေနဲ့ မှောင်မဲနေတဲ့ အခြေအနေတွေမှာတောင် ဖလက်ရှ်မီးမပါဘဲ ရှင်းလင်းသော ဆယ်လ်ဖီပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

×
အလင်းရောင် ထိတွေ့ခံစားနိုင်မှု

လူတိုင်း၊ အရာရာတိုင်းကို မြင်ကွင်းကျယ်ဆယ်လ်ဖီပုံစံနဲ့ ရိုက်ကူးလိုက်ပါ

ထူးခြားသော ဤထောင့်ကျယ်အနေအထားနဲ့အတူ ZenFone Selfie ရဲ့ f/2.2 အပါချာ
ရှေ့ဘက်မှန်ဘီလူးတွေနဲ့ ၈၈ ဒီဂရီ မြင်ကွင်းတို့ကြောင့် သင့်အနေနဲ့ ၁၄၀ ဒီဂရီအထိရှိတဲ့
မြင်ကွင်းကျယ် ဆယ်လ်ဖီပုံတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ မြင်ကွင်းကျယ် ဆယ်လ်ဖီပုံစံ ကိုသာ ရွေးချယ်ပေးလိုက်ပါ။ အဲဒီနောက်မှာတော့
သင်ကိုယ်တိုင်နဲ့ သူငယ်ချင်းတွေ အားလုံးကို ရိုက်ကူးပြီး အကောင်းဆုံးသော ဆယ်လ်ဖီပုံတွေအတွက်
မြင်ကွင်းနောက်ခံအဖြစ် တည်ရှိပေမယ့် ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းကို ရယူလိုက်ပါ။

140°
မြင်ကွင်းကျယ်ဆယ်လ်ဖီပုံစံ
88°
ထောင့်ကျယ်မြင်ကွင်း

သင့်အိတ်ကပ်နဲ့ အံ၀င်ဂွင်ကျရှိသော
ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးမှု

သင့်အိတ်ကပ်နဲ့ အံ၀င်ဂွင်ကျရှိသော
ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးမှု

လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်ဖြင့် အလင်းတမျှမြန်ဆန်သော ရိုက်ချက်များ

ZenFone Selfie ရဲ့ ကျောဘက်ကင်မရာမှာ မြန်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် ရှင်းလင်းစွာ ရိုက်ကူးနိုင်သည့် လေဆာစနစ်သုံး အလိုအလျောက် ဆုံချက်နည်းပညာတစ်ရပ်ပါရှိပါတယ်။ အလင်းရောင်နည်းပါးတဲ့ အခြေအနေအောက်မှာ ဆုံချက်ဖြတ်ခြင်းက အစဉ်အလာအားဖြင့် နှေးကွေးပေမယ့် ZenFone Selfie ပါ လေဆာရောင်ခြည်ရဲ့ အကွာအေ၀းတိုင်းတာမှုက အလင်းအလျင်လို မြန်ဆန်တာကြောင့် အနီးဆုံးဆုံချက်လို့ပင် ဆိုလိုနိုင်ပါတယ်။ လောဆာစနစ်သုံး အလိုအလျောက်ဆုံချက်ကအနီးကပ်ဓာတ်ပုံရိုက်ကူးမှုနည်းပညာ ကိုတောင်မှ မှန်ဘီလူးနဲ့ ဆွဲရိုက်စဉ်မှာ ဖန်တီးလိုက်တဲ့ ထပ်ဆောင်းအကွော၀းကို အစားထိုးပေးခြင်းအားဖြင့် အရှိန်မြင့်တင်ပေးနိုင်ပါတယ်။

၆ စင်တီမီတာအထိရှိတဲ့ right down to 6cm

သင့်မျက်စိကျစေမယ့် အနီးကပ်ရှင်းလင်းပြတ်သားမှု

၆ စင်တီမီတာအထိရှိတဲ့ right down to 6cm

သင့်မျက်စိကျစေမယ့် အနီးကပ်ရှင်းလင်းပြတ်သားမှု

လက်ရာမြောက်သော ရောင်စုံပန်းချီကားက Zen ရဲ့ အနုပညာလက်ရာမြောက်မှုနဲ့ တစ်တန်းတည်းပါ

ASUS ZenFone Selfie ရဲ့ ကြော့ရှင်းသော အရောင်မျိုးစုံနဲ့ လှပနေတဲ့စတိုင်ကျမှုက သင့်ရဲ့ ပိုမိုပျော့ပြောင်းသော စိတ်သဘောကို ထင်ဟပ်စေပြီး ပိုမိုတောက်ပတဲ့ သင်ရဲ့အသွင်အပြင်ကိုလည်း ထုတ်ဖော်ပြသနေပါတယ်။ ASUS ရဲ့ အထင်ကရဒီဇိုင်း အစိတ်အပိုင်းတွေက Zen ရဲ့စိတ်ဓာတ်ကို ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်အမှတ်တံဆိပ်ပါ ဗဟိုတူစက်၀ိုင်း အနုစိတ်ဖော်ပြချက်၊ ကြော့မော့သောဥခွံ့ကိုယ်ထည်တို့နဲ့အတူ ဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ်။

ဒီဇိုင်းအကြောင်း ပိုမိုလေ့လာရန်

အသုံးပြုရလွယ်ကူသည့် ကျောဘက်ဆယ်လ်ဖီခလုတ်ပါ၀င်သော Ergonomic Arc ဒီဇိုင်း

ZenFone Selfie က အနားစောင်းမှာ ၃.၉ မီလီမီတာအထိ လူသားဆက်သွယ်ရေးအတွက် ပိုမိုကောင်းမွန်သော အလိုအလျောက် တုံ့ပြန်မှုကို သတ်မှတ်ပေးထားတာကြောင့် အံ့သြဖွယ်ကောင်းလောက်အောင် သေးငယ်သွားတဲ့ သေတ္တာငယ်တစ်ခုပါရှိသော Ergonomic arc design ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျောဘက်ခလုတ်တစ်ခုကို လွှမ်းခြုံပေးထားပါတယ်။ ကျောဘက်မှာတပ်ဆင်ထားတဲ့ အသံတိုး/ချဲနဲ့ ရှတ္တာခလုတ်ကို သင့်ရဲ့လက်ညှိုးအတွက် အကောင်းဆုံးသော အနေအထားမှ ထားရှိပေးထားပါတယ်။ ဒါကြောင့် ဆယ်လ်ဖီဓာတ်ပုံတွေ ရိုက်ကူးခြင်း၊ အသံပမာဏ ချိန်ညှိခြင်းနဲ့ ခြေရာပြန်ကောက်ခြင်းတို့ကို သင့်အာရုံဖမ်းစားမှုအတိုင်း သဘာ၀ကျနေတယ်လို့ ခံစားရစေမှာပါ။

သင့်ပင်ကိုယ်စရိုက် နဲ့ ကိုက်ညီတဲ့ အရောင်များ

ကျော့ကျော့မော့မော့ဖြစ်အောင် နေဖို့အတွက် စိမ်းပြာရောင်၊ ပန်းနုရောင်၊ အဖြူစွတ်စွတ်ရောင်၊ ပထမတန်းစား Zen မီးခိုးဖျော့သက်ရောက်မှုနဲ့ ကြည့်ကောင်းနေတဲ့ မီးခိုးနုရောင်၊ မော်ဒန်နီ၊ ရွှေမှုန်ရောင် ZenFone ကို ရွေးချယ်လိုက်ပါ။ ဒါမှမဟုတ် စိန်ဖြူရောင်၊ ခရမ်းပြာရောင်နဲ့ ပန်းရင့်ရောင်တို့နဲ့ ဖြတ်သွားသူတိုင်းငေးမောရလောက်တဲ့ ZenFone Selfie ကို ရွေးချယ်လိုက်ပါ။

လုံး၀ဥသုံ ရှင်းလင်းပြတ်သားတဲ့ ဖန်သားမျက်နှာပြင်

ZenFone Selfie က ၅ လက်မအကျယ်ရှိ တွေ့နေကျဖုန်းတစ်လုံးရဲ့ ကိုယ်ထည်နဲ့ဆံ့တဲ့ ၅.၅ လက်မအကျယ်ရှိ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ 178-degree ဤဖုန်းကို မြင်ထောင့် ၁၇၈ ဒီဂရီကို ပေးစွမ်းနိုင်တဲ့ မြင်ကွင်းပြတ်သားမှု မြင်မားသော ၁၉၂၀×၁၀၈၀ Full HD IPS ဖန်သားမျက်နှာပြင်တစ်ချပ် တပ်ဆင်ထားတာပါ။ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ 403PPI ပမာဏရှိ ပုံရိပ်အစက်အပြောက် သိမ်းသည်းဆက ပုံရိပ်တိုင်းကို မျက်စိကျဖွယ်ကောင်းလောက်အောင် အနုစိတ်ကျကျ ပေးစွမ်းနိုင်စေပြီး ASUS TruVivid နည်းပါနဲ့ ပေါင်းစပ်ထားတဲ့ ZenFone Selfie က အသက်၀င်သော အရောင်တွေကို ရှင်းလင်းပြတ်သားမှုနဲ့ ဆောင်ကြဉ်းပေးပါတယ်။ ကျွန်ုပ်တို့ရဲ့ အင်ဂျင်နီယာတွေက အနားစောင်းကို ၃.၃ မီလီမီတာမျှအထိ ပါးလွှားသေးသွယ်သွားအောင် ပြုလုပ်ထားတာကြောင့်သင်က ဟန်ဆက်ထက် ဖန်သားမျက်နှာပြင်ကို ပိုမိုမြင်တွေ့ရမှာဖြစ်ပါတယ်။

Corning® Gorilla® Glass 4.
ရင်သပ်ရှုမောလောက်အောင်ခိုင်မာပြီး ဂေါ်ရီလာလို သန်မာပါတယ်

Gorilla® Glass 4 က ကမ္ဘာကျော် Corning ကုမ္ပဏီရဲ့ တီထွင်ဆန်းသစ်မှုရှိသော နောက်ဆုံးပေါ် ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ZenFone Selfie€™s (ZD551KL) ရဲ့ Gorilla® Glass 4 ဖန်သားမျက်နှာပြင်က ယင်းရဲ့ မူလလက်ဟောင်းတွေရဲ့ ကွဲရှပျက်စီးမှု ခံနိုင်အားထက် နှစ်ဆမြှင့်မားခြင်း၊ ထိန်းသိမ်းအား ၂.၅ ဆမြင့်မားခြင်းနဲ့ နေ့စဉ်အသုံးပြုမှုအတွင်း ပေါ်ပေါက်နိုင်တဲ့ ကွဲရှနိုင်ချေ ၈၅ ရာခိုင်နှုန်းနည်းပါးမှုတို့ကို ပေးအပ်ထားတာကြောင့် ယခင်ထက် ပိုမိုလုံခြုံ၊ ခိုင်ခံအောင် ပြုလုပ်ထားပါတယ်။

×
ပြုတ်ကျပျက်ဆီးမှု ခံနိုင်အား
၈၅%
နည်းပါးသော အခွင့်အလမ်း
ကွဲရှရန်
၂.၅ ×
ထိန်းထားနိုင်သော ခိုင်မြဲမှု

မီဒီယာစုံဖျော်ဖြေမှုနဲ့ဘထ္ထရီသက်သာမှုတို့ရဲ့ အကောင်းဆုံးသော ဟန်ချက်ညီမှု

ZenFone Selfie က ဖုန်းလောကရဲ့ ပထမဆုံးသော octa-core 64-bit ပရိုဆက်ဆာ ပမာဏရှိ Qualcomm's Snapdragon 615 ကို ထည့်သွင်းပေးထားပါတယ်။ ပထမဆန်းစား စွမ်းဆောင်ရည်နဲ့ သာလွန်ထူးကဲတဲ့ စွမ်းအင်သက်သာမှုတို့ကို ၃ ဂစ်ဂါဘိုက် ပမာဏရှိ အလွန်ကြီးမားသော မန်မိုရီနဲ့ ပေါင်းစပ်ပေးထားတာကြောင့် သင့်အနေနဲ့ ထင်ရှားပြတ်သားတဲ့ဓာတ်ပုံတွေကို အံ့သြဖွယ်ကောင်းတဲ့ အမြန်နှုန်းနဲ့ ရိုက်ကူးနိုင်ငံမှာ ဖြစ်သလို HD ဗွီဒီယိုတွေကိုလည်း ဘထ္ထရီအားကုန်ဆုံးမှု အနည်းဆုံးအဆင့်နဲ့ မှတ်တမ်းတင် တည်းဖြတ်နိုင်ပါလိမ့်မယ်။ ထို့အပြင် တစ်ဆက်တစ်စပ်တည်းပါရှိသော သင်လုပ်သမျှအရာအားလုံးကို တစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက်နှုန်းအထိ မယုံကြည်နိုင်လောက်အောင်မြန်ဆန်တဲ့နှုန်းထားနဲ့ မျှေ၀နိုင်ဖို့ 4G/LTE စနစ်ကိုလည်း နှစ်သက်သဘောကျစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်အကြောင်း ပိုမိုသိရှိလိုပါက
Octa-core
CPU
64-bit
CPU
3 ဂစ်ဂါဘိုက်
RAM

ZenFone Selfie ရဲ့ MyView Cover
လွယ်ကူနားလည်စွာ အသုံးပြုနဲ့တဲ့ပုံစံနဲ့ ပထမတန်းစား ကာကွယ်ပေးမှု

ZenFone Selfie ရဲ့ MyView Cover က ကျစ်လစ်ခိုင်မာပြီး တောက်တောက်ပပပုံစံရှိသော အဖုံးစွပ် တစ်ခုဖြစ်ပြီး၊ သင့်ဒီဂျစ်တယ်ဘ၀ကို တစ်ချက်မျှ စောင်းငဲ့ကြည့်ယုံနဲ့ အဆင်ပြေစေမယ့် ကျယ်ပြန့်သော စက်၀ိုင်းပုံ မှန်ပြတင်းတစ်ခုပါ၀င်တာကြောင့် ZenFone Delfie နဲ့ အလိုက်ဖက်ဆုံးပါဘဲ။ နှိုးစက်ပေးခြင်း၊ သင့်တစ်နေ့တာကို စီမံခြင်း၊ ဆယ်လ်ဖီပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး အားလုံးကို အဖုံးဖွင့်စရာမလိုပဲ ဆောင်ရွက်နိုင်တာကြောင့် မျက်နှာပြင်ကိုလည်း ဆက်လက် အကာကွယ်ပေးထားရာ ရောက်ပါတယ်။

comparison icon
Compare (0)