အသုံးပြုစည်းကမ်းများ သတိပေးချက် / ကိုယ်ရေးကိုယ်တာမ

    အသုံးပြုမှုသတိပေးချက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ

    ASUSTEK COMPUTER INC. (“ASUS”) မှ ပေးအပ်သော ထုတ်ကုန်များအားလုံးနှင့် ဝန်ဆောင်မှုတွေအားလုံးကိုအသုံးပြုမှုသတိပေးချက်ပါ ဤစည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ဝန်ဆောင်မှုဆိုသည်မှာ ထုတ်ကုန်များ၊ ဝက်ဘ်ဆိုဒ်၊ ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုများ (အောက်တွင်အနက်ဖွင့်ဆိုထားသည့်အတိုင်း)၊ ဆော့ဖ်ဝဲများ၊ အပလီကေးရှင်းများနှင့် ASUS ကုန်အမှတ်တံဆိပ် သို့မဟုတ် ASUS မှ ပိုင်ဆိုင်သည့် အခြားကုန်အမှတ်တံဆိပ်များ အတွက် ဖော်ဆောင်ပေးအပ်လိုက်သော သတင်းအချက်များ ပါဝင်ယုံမျှသာမက အခြားသော အရာများလည်း ပါဝင်နိုင်ပေသည်။ သင့်အနေဖြင့် ဤအသိပေးချက်အား ဖတ်ရှုပြီးဖြစ်ကြောင်း၊ ဤသတိပေးချက်တွင်ဖော်ပြထားသော အခွင့်အရေးများ၊ တာဝန်ဝတ္တရားများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အခြေအနေများကိုလည်း နားလည်ပါကြောင်းအား သင်မှ ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းပင်ဖြစ်သည်။ သင်သည် အသက်မပြည့်သေးသူတစ်ဦးဖြစ်ပါက သင့်မိဘ (သို့မဟုတ်၊ သင့်အုပ်ထိန်းသူ) မှ ဤသတိပေးချက်ပါ အခွင့်အရေးများ၊ တာဝန်ဝတ္တရားများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အခြေအနေများအား ဖတ်ရှုနားလည်ပြီးမှသာလျှင် အဖွဲ့ဝင်ဖြစ်ရန်အတွက် သို့မဟုတ် ဝန်ဆောင်မှုရယူသုံးခွင့် ရရှိရန်အတွက် မှတ်ပုံတင်စေရမည်။ တပ်ဆင်ခြင်း၊ ကူးယူခြင်း၊ အသုံးပြုခြင်း၊ ဒေါင်းလော့လုပ်ခြင်း၊ ရယူသုံးစွဲခြင်း၊ ဝယ်ယူခြင်း၊ ဝင်ရောက်ခြင်းနှင့်/သို့မဟုတ် ဤဝန်ဆောင်မှုကို အသုံးပြုခြင်းတို့အား ဆက်လက်ဆောင်ရွက်ခြင်းအားဖြင့် သင် သို့မဟုတ် သင့်မိဘများ (သို့မဟုတ် အုပ်ထိန်းသူ) တို့က ထပ်မံပြင်ဆင်မည့်သတိပေးချက်နှင့် အသုံးပြုနိုင်သော ဥပဒေများ၊ နည်းဥပဒေများအားလုံးအပါအ၀င် ဤသတိပေးချက်ကို လိုက်နာရန်သဘောတူသည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမည်ပေသည်။

    ခံဝန်ချက်
    ၁.၁
    ဤဝန်ဆောင်မှုအား သတ်မှတ်ထားသော ဖုန်းကိုယ်ထည်များနှင့် ဆော့ဖ်ဝဲပလက်ဖောင်းများ အပေါ်တွင်သာ အသုံးပြုသွားမည်ဟု သင်မှ အသိအမှတ်ပြု သဘောတူထားသည်။ ဤဝန်ဆောင်မှု၏ လက်ရှိကာလတင်ဆက်မှုပုံစံကို အသုံးပြုရန်အတွက် သင့်တော်ကောင်းမွန်သော ဆော့ဖ်ဝဲများ၊ အီလက်ထရောနစ် အမာထည်များနှင့် အင်တာနက်ကွန်နက်ရှင်များရှိနေရန်မှာ သင့်တာဝန်သာဖြစ်ကြောင်း သင်မှ အသိမှတ်ပြုလက်ခံထားသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ ASUS အနေဖြင့် ဤဝန်ဆောင်မှုကိုပြင်ဆင်ခြင်း၊ ဤဝန်ဆောင်မှုဖြင့်ဆက်စပ်သော လှုပ်ရှားမှုများ (“ဝက်ဘ်ဆိုဒ်လှုပ်ရှားမှု”) ကို ပယ်ဖျက်ခြင်း သို့မဟုတ် ဤဝန်ဆောင်မှုဖြင့်ဆက်စပ်သော ဝန်ဆောင်မှုတစ်ခုခုကို ရပ်ဆိုင်းခြင်းတို့အား အသိပေးအကြောင်းကြားမှု တစ်စုံတစ်ရာမရှိဘဲ အချိန်မရွေး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ ASUS အနေဖြင့် ဖုန်းကိုယ်ထည်တစ်ခုခု သို့မဟုတ် ဆော့ဖ်ဝဲတစ်ခုခုအတွက်ပလက်ဖောင်းများကို သတိပေးအကြောင်းကြားမှုမရှိဘဲ အချိန်မရွေး ရပ်တန့်နိုင်ပါတယ်။
    ၁.၂
    ဤဝန်ဆောင်မှုပါ အချို့သောအကြောင်းအရာများကို အခြားအဖွဲ့တစ်ဖွဲ့မှ ပေးအပ်ထားကြောင်း ဤဝန်ဆောင်မှုမှတစ်ဆင့် အခြားအဖွဲ့တစ်ဖွဲ့၏ ဝန်ဆောင်မှုများ သို့မဟုတ် ဝက်ဘ်ဆိုဒ်များကိုလည်း သွားရောက်ကြည့်ရှုနိုင်ကြောင်းတို့အား သိရှိပါကြောင်းကို သင်မှ သိမှတ်အသိမှတ်ပြုထားသည်။ သင့်အနေဖြင့် ထိုသို့သော ဝန်ဆောင်မှုများ သို့မဟုတ် ဝက်ဘ်ဆိုဒ်များကို ရယူသုံးစွဲလိုကြောင်း၊ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရယူအသုံးပြုခြင်းဖြစ်ကြောင်းနှင့် ထိုသို့သော ရယူသုံးစွဲမှုမှာ ရောင်းကုန်တန်ဖိုး၊ မှာယူမှုအတည်ပြုရေးစနစ်၊ မှာယူနိုင်သည့်အနိမ့်ဆုံးပမာဏ၊ ထုတ်ကုန်ပေးပို့မှုနှင့် ကျသင့်ငွေပေးသွင်းမှု မူဝါဒတို့သာမက အခြားသော အကြောင်းကိစ္စများလည်း ပါဝင်နိုင်သည့် သင်နှင့်ထိုသို့သောအခြားအဖွဲ့အကြားရှိ စည်းကမ်းသတ်မှတ်ချက်များ အတိုင်းသာဖြစ်ကြောင်းကိုလည်း သင်မှ အသိမှတ်ပြုထားသည်။ ASUS တွင် သင်နှင့် ထိုသို့သော အခြားအဖွဲ့အကြားရှိ သဘောတူညီမှုကိုသာမက ထိုသို့သောအဖွဲ့များမှ ပေးအပ်သည့် အကြောင်းအရာ တစ်စုံတစ်ခုနှင့်မျှ သက်ဆိုင်ခြင်းမရှိသည့်အကြောင်းကိုလည်း သင်မှ အသိမှတ်ပြုထားသည်။
    ၁.၃
    ဤဝန်ဆောင်မှုမှတစ်ဆင့် သင်ဒေါင်းလော့လုပ်ခဲ့သော သို့မဟုတ် ရယူခဲ့သော ဆော့ဖ်ဝဲ တစ်ခုခုမှ ဖော်ပြပေးထားသော သို့မဟုတ် ယင်းတွင်ပါဝင်သော ကုန်ချောအသုံးပြုသူ လိုင်စင်သဘောတူညီချက် (“EULA”) နှင့်အညီ အသုံးပြုခြင်းမျိုး ဖြစ်စေရမည်ဆိုသည်ကို သင်မှ အသိမှတ်ပြုထားသည်။
    ၁.၎
    ASUS သို့ စာဖြင့်ရေးသားတင်ပြကာ သဘောတူညီမှု ရယူထားခြင်းမရှိပါက ASUS ၏ ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်အသား၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအမည်များ၊ ကြော်ငြာဆောင်ပုဒ်များ၊ လိုဂိုတံဆိပ်များ၊ ပုံရိပ်များကို သင်အသုံးပြုရန် ခွင့်ပြုပေးထားသည့် ဖော်ပြချက်များ ဤသတိပေးချက်တွင် မပါရှိသည်ကို သင်သိရှိကြောင်းအား ဝန်ခံထားသည်။
    ၁.၅
    ဤသတိပေးချက်သည် ASUS မှ ထုတ်ပြန်ပေးထားသော ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုဆိုင်ရာ အခြားသောလမ်းညွှန်ချက်များ၊ အသိပေးစာများ၊ သဘောတူညီချက်များ သို့မဟုတ် အခြားသောစည်းကမ်းသတ်မှတ်ချက်များ သို့မဟုတ် ဤဝန်ဆောင်မှုတွင် ပါဝင်သော သတင်းအချက်အလက်များကို ကိုးကားနိုင်ဖွယ်ရှိပြီး ထိုသို့သောကိုးကားချက်သည် ဤသတိပေးချက်နှင့် ခွဲခြား၍မရသောအစိတ်အပိုင်းတစ်ရပ်အဖြစ် တည်ရှိစေရမည်ဆိုသည်ကို သင်မှ အသိမှတ်ပြုထားသည်။
    ၁.၆
    ASUS တွင် ဤသတိပေးချက်အား အချိန်မရွေးပြင်ဆိုင်ပိုင်ခွင့်ရှိကြောင်းနှင့် ထိုသို့သော သတင်းအချက်အလက် တစ်ခုခြင်းစီသည် ဤဝန်ဆောင်မှုစာမျက်နှာပေါ်တွင် တင်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သက်ဝင်မှုရှိစေရမည် ဆိုခြင်းတို့အား သင်မှ သဘောတူ လက်ခံထားသည်။ ထိုသို့သောပြင်ဆင်မှုများပြုလုပ်ပြီးနောက်ပိုင်းတွင် ဤဝန်ဆောင်မှုအား သင်ကဆက်လက် အသုံးပြုနေခြင်းမှာ ပြင်ဆင်ထုတ်ပြန်လိုက်သော သတိပေးချက်အား သင်မှ လက်ခံလိုက်နာသည်ဟု မှတ်ယူခြင်းခံရပေလိမ့်မည်။ ထို့ကြောင့် သက်ဆိုင်ရာသတိပေးချက်နှင့်ပတ်သက်သည့် နောက်ဆုံး အခြေအနေကို သင်သိရှိနိုင်စေရေးအတွက် ဤဝန်ဆောင်မှုစာမျက်နှာပေါ်သို့ ပုံမှန်လာရောက် ဖတ်ရှုရန် အရေးကြီးသည်။ ဤသတိပေးချက်အား လိုက်နာရန်နှင့် သက်ဆိုင်ရာ ဥပဒေများအားလုံးကို စောင့်ထိန်းရန်တို့အတွက် သဘောတူညီမှုမရှိပါက သင့်အနေဖြင့် ဤဝန်ဆောင်မှုအသုံးပြုခြင်းကို ချက်ခြင်းရပ်တန့်ရမည်ဖြစ်သည်။
    ၁.၇
    ဤအီလက်ထရောနစ်ပုံစံမှာ ဤဝန်ဆောင်မှု သို့မဟုတ် သတိပေးချက်၏ရည်ရွယ်ချက်ဆိုင်ရာ တစ်ခုတည်းသော ပုံစံဖြစ်သည်ဆိုသည်ကို သင်မှ အသိမှတ်ပြုထားသည်။
    ၁.၈
    သင်၏ အထူးအခွင့်အရေးကို ကာကွယ်ရန်အလို့ငှာ ဤသတိပေးချက်တွင် အင်တာနက်လျှောက်ထားမှု ဓလေ့ထုံးစံကို သင်မှလိုက်နာစေရမည်ဆိုသောဖော်ပြချက်ကို ကိုးကားနိုင်ခြင်းအား သင်မှ အသိမှတ်ပြုထားသည်။ အောက်ဖော်ပြပါ လှုပ်ရှားဆောင်ရွက်မှုများအား တင်းတင်းကြပ်ကြပ် ပိတ်ပင်တားမြစ်ထားခြင်းကို သင်မှ သဘောတူထားသည်။
    ၁.၈.၁
    အင်တာနက်ပေါ်ရှိ စနစ်တစ်ခုခု သို့မဟုတ် ရင်းမြစ်တစ်ခုခုအား ကြားဝင်စွက်ဖက်ခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊
    ၁.၈.၂
    အများပြည်သူတည်ငြိမ်အေးချမ်းရေးနှင့် ဓလေ့ထုံးတမ်းများကို ခြိမ်းခြောက်သော၊ မဖွယ်မရာပြုသော၊ ညစ်ညမ်းစေသော၊ သို့မဟုတ် ဖျက်ဆီးသော အချက်အလက်များကို ထုတ်လွှင့်ခြင်း၊
    ၁.၈.၃
    ဤဝန်ဆောင်မှုကွန်ယက်မှတစ်ဆင့် ကွန်ပျူတာဗိုင်းရပ်စ်များ ပျံ့နှံ့စေခြင်း၊
    ၁.၈.၎
    အချက်အလက်များ တူးဆွဖော်ထုတ်ခြင်း၊ ကွန်ပျူတာထိန်းချုပ်စက်ရုပ် သို့မဟုတ် အလားတူအချက်အလက်များ စုဆောင်းခြင်းနှင့်/သို့မဟုတ် ထုတ်ယူသုံးစွဲရေးဆိုင်ရာ အထောက်အကူပြုဆော့ဖ်ဝဲများ အသုံးပြုခြင်း။ အထက်တွင်ဖော်ပြထားသော ဆော့ဖ်ဝဲ သို့မဟုတ် အထောက်အကူပြုပရိုဂရမ်တစ်ခုကို အသုံးပြုခဲ့ပါက သင့်အနေဖြင့် ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုတွင်ပါဝင်ရန် အရည်အချင်း သတ်မှတ်ချက် ပြည့်မှီလိမ့်မည် မဟုတ်ပေ။


    ဥာဏဆိုင်ရာ မူပိုင်ခွင့်
    ၂.၁
    ဤဝန်ဆောင်မှုအတွက် သင်တင်လိုက်သော၊ ထုတ်လွှင့်လိုက်သော၊ ထည့်သွင်းလိုက်သော သို့မဟုတ် ပေးအပ်လိုက်သောသတင်းအချက်အလက်များအတွက် သင်သာလျှင် တာဝန်ရှိပြီး ထိုသို့သောသတင်းအချက်အလက်များသည် ASUS ၏ အမြင်သဘောထားအား ကိုယ်စားပြုခြင်းမရှိကြောင်းကို သင်မှ သဘောတူလက်ခံထားသည်။ ရှင်းရှင်းလင်းလင်းဆိုရပါက သတင်းအချက်အလက်များ၊ စာသားများ၊ ဆော့ဖ်ဝဲများ၊ ဂီတသံစဉ်များ၊ သီချင်းများ၊ ဓာတ်ပုံများ၊ ဂရက်ဖစ်များ၊ ဗွီဒီယိုများ၊ မက်ဆေ့ခ်ျများ သို့မဟုတ် အခြားအထောက်အကူပြုပစ္စည်းများ (“သတင်းအချက်အလက်”) များအပါအဝင် အခြားသောအရာများကဲ့သို့သော သတင်းအချက်အလက်များကို ဆိုလိုသည်။
    ၂.၂
    ဤဝန်ဆောင်မှုစာမျက်နှာပေါ်တွင် သတင်းအချက်အလက်များ တင်ပြခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖြည့်သွင်းခြင်း သို့မဟုတ် ပေးအပ်ခြင်းများအား သင်ပြုလုပ်လိုက်သည့်အချိန်မှာ ASUS နှင့် ယင်း၏ ဆက်စပ်အဖွဲ့များ၊ လက်အောက်ခံ ကုမ္ပဏီများအား ထိုသတင်းအချက်အလက်၏ တစ်စိတ်တစ်ဒေသ သို့မဟုတ် ထိုသတင်းအချက်အလက်တစ်စုံလုံးအား အကန့်အသတ်မရှိ ပြုပြင်မွမ်းမံခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ အများပြည်သူသို့ ထုတ်လွှင့်တင်ပြခြင်း၊ အများပြည်သူသို့ တစ်ဆင့်ပို့ပေးခြင်း၊ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခြင်း၊ ဖြန့်ချီခြင်း၊ ပုံနှိပ်ခြင်း၊ သတင်းထုတ်ပြန်ချက် သို့မဟုတ် အခြားနည်းများဖြင့် သုံးစွဲခြင်းတို့အပါအ၀င် မီဒီယာပုံသဏ္ဍာန်မျိုးစုံဖြင့် အထောက်အကူပြုခြင်းနှင့် ဖြန့်ဝေခြင်းများ ပြုလုပ်နိုင်သော တစ်ဆင့်ခံခွင့်ပြုချက်ပေးနိုင်သည့် မူပိုင်မဟုတ်သော၊ ပြန်လည်ဖျက်သိမ်းခြင်းမပြုနိုင်သော၊ မူပိုင်အခမဲ့ ကမ္ဘာအနှံ့ဖြန့်ဝေခွင့်အား သင်မှ ပေးအပ်လိုက်ခြင်းပင်ဖြစ်သည်။
    ၂.၃
    သင့်အနေဖြင့် အထက်ဖော်ပြပါအခွင့်အရေးအတွက် ခွင့်ပြုချက်ပေးရန် အကြောင်းမရှိပါက ကျေးဇူးပြု၍ ဤဝန်ဆောင်မှုစာမျက်နှာပေါ်တွင် သတင်းအချက်အလက်များ တင်ပြခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖြည့်သွင်းခြင်း သို့မဟုတ် ပေးအပ်ခြင်းများကို မပြုလုပ်ပါနှင့်။
    ၂.၎
    အခြားအဖွဲ့တစ်ဖွဲ့၏ ဥာဏဆိုင်ရာမူပိုင်ခွင့်တစ်ခုခုအား သုံးကြိမ် သို့မဟုတ် သုံးကြိမ်ထက် ကျော်လွန်၍ ဖောက်ဖျက်ခဲ့သည်ဟု သင့်ကိုစွပ်စွဲလာပါက ASUS တွင် သင်၏ ဤဝန်ဆောင်မှုအသုံးပြုခွင့်အား ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ကန့်သတ်ခြင်းများကို ပြုလုပ်ပိုင်ခွင့်ရှိသည်။
    ၂.၅
    ဤဝန်ဆောင်မှုတွင်ပါဝင်သည့် သို့မဟုတ် ဤဝန်ဆောင်မှုမှတစ်ဆင့် အသုံးပြုသည့် အခြားအဖွဲ့များ၏ ခေါင်းစဉ်များအားလုံးနှင့် ဥာဏဆိုင်ရာမူပိုင်ခွင့်များအားလုံးမှာ သက်ဆိုင်ရာ အကြောင်းအရာပိုင်ရှင်များ၏ ပိုင်ဆိုင်မှုဖြစ်ပြီး ယင်းတို့အား သက်ဆိုင်ရာဥာဏမူပိုင်ခွင့်ဥပဒေများ၊ သဘောတူညီချက်များဖြင့် ကာကွယ်ထားပေလိမ့်မည်။
    ၂.၆
    သင့်အနေဖြင့် ဤဝန်ဆောင်မှုပါအကြောင်းအရာတစ်ခုခု၏ အမှန်တကယ်သော စည်းမျဉ်းချိုးဖောက်မှု သို့မဟုတ် ထိုသို့သောအလားအလာတစ်ရပ်ရပ်ကို သတိထားမိပါက သို့မဟုတ် သက်ဆိုင်ရာဥပဒေများ သို့မဟုတ် နည်းဥပဒေများနှင့်အညီ စည်းမျဉ်းချိုးဖောက်မှု သတိပေးချက်တစ်ရပ်ကို လိုအပ်နေပါက ကျေးဇူးပြု၍ ဤသတိပေးချက်တွင်ဖော်ပြထားသော ဆက်သွယ်ရန်အချက်အလက်များကိုအသုံးပြုကာ ASUS ၏ ဥပဒေလိုက်နာရေးကွပ်ကဲမှုဦးစီးဌာနသို့ ထိုသတိပေးချက်အား တင်ပြပေးပါ။ ASUS အနေဖြင့် သက်ဆိုင်ရာ ဥပဒေများနှင့်ညီညွှတ်သော ဆက်စပ်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်။
    ၂.၇
    မူပိုင်ခွင့်ပိုင်ရှင်တစ်ဦး သို့မဟုတ် ၄င်း၏ကိုယ်စားလှယ်တစ်ဦးထံမှ စည်းမျဉ်းချိုးဖောက်ကြောင်း သတိပေးချက်ကို လက်ခံရရှိပြီးနောက်တွင် ASUS အနေဖြင့် သင်၏ရယူအသုံးပြုပိုင်ခွင့်ကိုပယ်ဖျက်ရပ်ဆိုင်းခြင်း သို့မဟုတ် စွပ်စွဲထားသည့် စည်းမျဉ်းချိုးဖောက်သောအကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုများအား သက်ဆိုင်ရာဥပဒေများနှင့်အညီ အခြားသော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားဖွယ်ရှိသည်။ ထိုသို့သော အကြောင်းအရာ သို့မဟုတ် ဝန်ဆောင်မှုများမှာ စည်းမျဉ်းချိုးဖောက်ခြင်း မဟုတ်ဟု သင်ယုံကြည်ပါက သင့်အနေဖြင့် ဤသတိပေးချက်တွင်ဖော်ပြထားသော ဆက်သွယ်ရန် အချက်အလက်များဖြင့် ASUS ၏ ဥပဒေ လိုက်နာရေးကွပ်ကဲမှုဦးစီးဌာနသို့ သတိပေးချက်အပေါ် ခုခံချေပသောစာအား တင်ပြပေးနိုင်သည်။ ASUS အနေဖြင့် သက်ဆိုင်ရာဥပဒေများနှင့်ညီညွှတ်သော ဆက်စပ်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်။


    မှတ်ပုံတင်ခြင်း
    ဤဝန်ဆောင်မှုတွင်ပါရှိသော ဝန်ဆောင်မှုများအားလုံးကို အသုံးပြုရန်အတွက် အောက်ဖော်ပြပါ အချက်များကို သင်မှ အသိမှတ်ပြုလက်ခံထားသည်။
    ၃.၁
    ASUS Account ၏ မှတ်ပုံတင်လျောက်ထားသောလုပ်ငန်းစဉ်တစ်ရပ်မှ သင်နှင့်ပတ်သက်သည့် မှန်ကန်၊ တိကျ၊ ပြည့်စုံသည့် လတ်တလော သတင်းအချက်အလက်ကို ဖော်ပြပေးရန်အတွက် စေ့ဆော်တောင်းဆို လာပါက သင့်အနေဖြင့် ထိုသို့ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သင့်အနေဖြင့် ဤဝန်ဆောင်မှုမှတစ်ဆင့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူကြည့်ရှုခြင်းနှင့် ပြင်ဆင်ခြင်းများအား အချိန်မရွေး ပြုလုပ်နိုင်ပေသည်။
    ၃.၂
    သင့်အနေဖြင့် ဤဝန်ဆောင်မှုစာမျက်နှာပေါ်တွင်ရှိသောသင့်အကောင့်အပြင်အဆင်အတွင်းသို့ ဝင်ရောက် တည်းဖြတ်ခြင်းအားဖြင့် သင့်မှတ်ပုံတင်အချက်အလက်များကို ကြည့်ရှုပြောင်းလဲနိုင်သည်။ သင့်အနေဖြင့် သင့်အကောင့် လုံခြုံရေးအတွက် သင်၏အသုံးပြုသူအမည်နှင့် စကားဝှက်တို့ဖြင့် သင့်အကောင့်ထဲသို့ ဝင်ရောက်ရန်လိုအပ်သည်။ သင့်စကားဝှက်နှင့် အသုံးပြုသူအမည်တို့ လုံခြုံစိတ်ချရစေရေးနှင့် သင့်အကောင့်အတွင်းတွင် တွေ့ရှိရသော လှုပ်ရှားမှုအားလုံးအတွက် သင်တစ်ဦးတည်းသည်သာလျှင် လုံးလုံးလျားလျားတာဝန်ရှိသည်။
    ၃.၃
    ASUS Account ပေါ်ရှိ သင့်အကောင့်/စကားဝှက်အား အလွဲသုံးစားပြုနေသည်ကို ASUS မှ တွေ့ရှိခဲ့ရပါက ASUS အနေဖြင့် ထိုသို့သော ASUS Account ၏ စကားဝှက် (သို့မဟုတ်ထိုနှစ်ခု၏ တစ်စိတ်တစ်ဒေသ) သို့မဟုတ် ဤဝန်ဆောင်မှုကို အသုံးပြုခြင်းတို့အားချက်ခြင်းဆိုသလို ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ဖွယ်ရှိသည်။ ထို့အတူ ယခုကဲ့သို့သော ASUS Account နှင့်ဆက်စပ်သည့်သတင်းအချက်အလက်များ အားလုံးကိုလည်း ဤဝန်ဆောင်မှုမှ ဖယ်ရှားသွားဖွယ်ရှိသည်။
    ၃.၎
    သင့်အနေဖြင့် ဤသတိပေးချက်ကို လိုက်နာစေရမည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများကိုလည်း ချိုးဖောက်ခြင်းမပြုစေရပေ။ ASUS တွင် ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုတစ်ခုအတွင်း သို့မဟုတ် လှုပ်ရှားမှုတစ်ခုပြီးဆုံးပြီးနောက်တွင် သင်၏အဖွဲ့ဝင် ဖြစ်တည်မှုကို အချိန်မရွေး အတည်ပြုစစ်ဆေးပိုင်ခွင့်ရှိပြီး ဝက်ဘ်ဆိုဒ်လှုပ်ရှားမှု တစ်ခုအပေါ် ကလိန်ငြမ်းဆင်သော သို့မဟုတ် ကလိန်ငြမ်းဆင်မည့် သံသယဖြစ်ဖွယ်ရာ လွဲမှားသောဆောင်ရွက်မှုများကို ပြုလုပ်ပါက သင်၏ ဆုရရှိရန် အရည်အချင်း သတ်မှတ်ချက် အပါအဝင် ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုများမှ သင့်အား (ဆုရှင်တစ်ဦးဖြစ်နေသည့် အချိန်တွင်ပင်လျှင်) ပယ်ဖျက်ခွင့်ရှိသည်။ ဤဖော်ပြချက်ပါအခွင့်အရေးများအား လက်တွေ့ဖော်ဆောင်ခြင်းဆိုင်ရာ ASUS ၏ ပျက်ကွက်မှုသည် ထိုသို့သော အခွင့်အရေးများကို စွန့်လွှတ်သည့် တရားဝင် ဖော်ပြချက်တစ်ရပ် မဟုတ်ပေ။


    ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံရေးမူဝါဒ

    ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို လေးစားသမှုရှိသောအားဖြင့် ASUS မှ ASUS ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးမူဝါဒ နှင့်ဆက်စပ်သော သင့်ကိုယ်ရေးကိုယ်တာအား အကာအကွယ်ပေးခြင်းနှင့် လေးစားသမှုပြုခြင်းတို့ကို စိုက်လိုက်မတ်တပ် စောင့်ထိန်းလျက်ရှိပါသည်။

    လိုင်စင်နှင့် ကန့်သတ်ခြင်း
    ၅.၁
    ASUS အနေဖြင့် ဤသတိပေးချက်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဤဝန်ဆောင်မှုကိုရယူသုံးစွဲရန် သို့မဟုတ် ဤဝန်ဆောင်မှုတွင်ပါဝင်ရန် လိုင်စင်ခွဲချပေးခြင်း၊ လွှဲပြောင်းပေးခြင်းတို့ကို ပြုလုပ်၍မရသည့် စီးပွားဖြစ်မဟုတ်သော အကန့်အသတ်ရှိသည့် ကိုယ်ရေးကိုယ်တာသုံး အခမဲ့လိုင်စင်တစ်ရပ်ကို သင့်အား ပေးအပ်လိုက်ပြီဖြစ်သည်။ ဤနေရာတွင် ရှင်းလင်းစွာပေးအပ်ထားသော အခွင့်အရေးများမှအပ အခြားသော အခွင့်အရေးများ အားလုံးအား ASUS မှ ပိုင်ဆိုင်သည်ဆိုသည်ကို သင်မှ အသိမှတ်ပြုလက်ခံထားသည် ဤဝန်ဆောင်မှုတွင် ပါဝင်သည့် အားလုံးသော အခွင့်အရေးအပြင် အခြားအခွင့်အရေးများမှာလည်း ASUS နှင့်/သို့မဟုတ် ASUS လိုင်စင်ထုတ်ပေးသူများ၏ တစ်ဦးတည်းပိုင် ပိုင်ဆိုင်မှုဖြစ်ပြီး ဤအနေအထားအတိုင်းပင် ဆက်ရှိနေစေရမည်ဖြစ်သည်။ ဤသတိပေးချက်တွင် ထိုသို့သောအခွင့်အရေးများအား သင့်ထံသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ပေးအပ်ခြင်းများကို ရည်ရွယ်သည့် အကြောင်းအရာတစ်စုံတစ်ရာမျှ ပါရှိခြင်းမရှိပေ။
    ၅.၂
    သတိပေးချက်အား ဖယ်ရှားမှုမပြုစေခြင်း - သင့်အနေဖြင့် အခွင့်အရေးတစ်ခုခုနှင့်/သို့မဟုတ် ASUS ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှုများအားလုံး၏ သတိပေးချက်များ သို့မဟုတ် ညွှန်ပြချက်များကို ဖယ်ရှားခြင်း၊ ဖျောက်ဖျက်ခြင်း၊ ဖတ်မရစေရန် ဖျက်ပစ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ မပြုလုပ်ရန် သင်မှ သဘောတူထားသည်။ ထိုသို့သောသတိပေးချက် သို့မဟုတ် ညွှန်ကြားချက်များအား အဆက်ကပ်ခြင်း၊ တစ်စိတ်တစ်ဒေသအဖြစ်ထည့်သွင်းခြင်း၊ သို့မဟုတ် အခြားသောမှတ်တမ်းမှတ်ရာများနှင့် ချိတ်ဆက်ခြင်းများ ရှိနေသည့်အချိန်တွင်ပင်လျှင် ထိုသို့ဆောင်ရွက်ခြင်းမပြုရန်ကိုပင် သင်မှ သဘောတူထားသည်။


    အင်တာနက်မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားခြင်း

    ASUS မှ ပြုလုပ်ပေးသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ/အထောက်အကူပြုအသုံးချပရိုဂရမ်များကို ဝယ်ယူခြင်းများအား အင်တာနက်မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားသော စတိုးဆိုင်များ၏စည်းကမ်း သတ်မှတ်ချက်များ အတိုင်းသာ စီမံဆောင်ရွက်စေရမည်ဖြစ်သည်။ ကျေးဇူးပြု၍ ASUS အရောင်းအဝယ် သဘောတူညီမှုများနှင့် ဆက်စပ် မူဝါဒများကို ကိုးကားပေးပါ

    သက်တမ်းကာလနှင့် ပယ်ဖျက်ခြင်းဆိုင်ရာကိစ္စရပ်
    ၇.၁
    ဤဝန်ဆောင်မှုဆိုင်ရာ စီမံအုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားမျှတရေး၊ တည်ကြည်ဖြောင့်မတ်မှု သို့မဟုတ် မှန်ကန်သော ကျင့်ဝတ်တို့ကို ပျက်စီးစေသည့် သို့မဟုတ် သက်ရောက်မှုရှိစေသည့် ASUS ၏ ထိန်ချုပ်နိုင်စွမ်းထက် ကျော်လွန်သော ထိန်မနိုင်သိမ်းမရအခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုများ၊ ခွင့်ပြုချက်ရရှိထားခြင်းမရှိသော ကြားဝင်စွက်ဖက်မှုများ၊ မသမာမှုများ သို့မဟုတ် အခြားသောအကြောင်းတရားများအပါအဝင် စီစဉ်ထားသည့်အတိုင်း ဤဝန်ဆောင်မှုအား ဆောင်ရွက်နိုင်ခြင်း မရှိသော အကြောင်းအရင်များပေါ်ပေါက်လာပါက ASUS တွင် ယင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်အဖွဲ့ တစ်ဖွဲ့ထံမှ ရေးသားညွှန်ကြားချက်နှင့်အညီ ဤဝန်ဆောင်မှုအား ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။
    ၇.၁
    ဤသတိပေးချက်မှာ သင် သို့မဟုတ် ASUS မှ ပယ်ဖျက်လိုက်သည့်အချိန်အထိ အကျုံးဝင်နေမည်ဖြစ်သည်။ ဤသတိပေးချက်တွင်ဖော်ပြထားသော စည်းကမ်းချက်များနှင့် အခြေအနေများအား သင်လိုက်နာရန် ပျက်ကွက်ပါက သင်၏ဝန်ဆောင်မှုအသုံးပြုခွင့်အား သတိပေးမှုတစ်စုံတစ်ရာမရှိဘဲ အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် ASUS ၌ သင်နှင့်ပတ်သက်သော တာဝန်တစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပေ။ ဤသတိပေးချက်အား ပယ်ဖျက်လိုက်သည့်အခါတွင် သင့်အနေဖြင့် ဤဝန်ဆောင်မှုနှင့် ယင်း၏မူပွားများကို အသုံးပြုခြင်းအား တစ်စုံလုံးအားဖြင့် သို့မဟုတ် တစ်စိတ်တစ်ဒေသအားဖြင့် ချက်ခြင်းဆိုသလို ရပ်တန့်စေရမည်။


    အာမခံဖြင့်သက်ဆိုင်မှုမရှိကြောင်း ရှင်းလင်းချက်နှင့် တာဝန်ယူမှုကန့်သတ်ချက်
    ၈.၁
    ဤဝန်ဆောင်မှုအတွက်အသုံးပြုသော ကွန်ပျူတာစနစ်မှာ လက်တွေ့ကျကျ မျှော်မှန်းထားသည့် ဘေးကင်လုံခြုံသော စံညွှန်းတစ်ရပ်ရှိစေရန် ASUS မှ အသေအချာ ဆောင်ရွက်ထားသည်
    ၈.၂
    ဤဝန်ဆောင်မှုအား “ယခုအတိုင်းသာရှိနေစေရန်” ဖော်ဆောင်ပေးထားခြင်းအား သင်က လက်ခံထားသည်။ ဤဝန်ဆောင်မှုအား “ယခုအတိုင်းသာရှိနေစေရန်” ဖော်ဆောင်ပေးထားခြင်းအား သင်က လက်ခံထားသည်။ လိုအပ်သော ဝန်ဆောင်မှုပေးအပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းများအားလုံးအတွက် ဆက်စပ် ကုန်ကျစရိတ်များ အပါအဝင် အခြား ဆက်စပ်ကုန်ကျစရိတ်များလည်းပါဝင်နိုင်သော ဤဝန်ဆောင်မှု၏ အရည်အသွေးနှင့် စွမ်းဆောင်မှုတို့ဖြင့်ပတ်သက်သည့်အန္တရာယ်ရှိနိုင်ခြေများ အားလုံးမှာသင်နှင့်သာ သက်ဆိုင်သည်။ ဥပဒေမှ ခွင့်ပြုထားသော အတိုင်းအတာအရ ASUS အနေဖြင့် ရောင်းဝယ်ဖောက်ကားမှု အာမခံများ သို့မဟုတ်ရည်ရွယ်ချက်တစ်ခုခုအတွက် အဆင်ပြေမှု သို့မဟုတ်စည်းမျဉ်းချိုးဖောက်မှု ဆန့်ကျင်ခြင်း၊ အသုံးပြုမှုနှင့် ဆက်စပ်မှုမရှိဘဲ သို့မဟုတ် စွမ်းဆောင်မှုဖြစ်စဉ်နှင့် ဆက်စပ်မှုမရှိဘဲ ပေါ်ပေါက်လာသော အာမခံတို့အပြင် အခြားဆက်စက်အကြောင်းကိံစ္စများလည်း ပါဝင်နိုင်သော ဤဝန်ဆောင်မှု သို့မဟုတ် အခြားသော သတင်းအချက်အလက်များ သို့မဟုတ် ဤသတိပေးချက်အောက်တွင် ဖော်ပြပါရှိသော အထောက်အထား မှတ်တမ်းများနှင့်ပတ်သက်၍ အာမခံပေးခြင်း၊ ရေးသားဖော်ပြခြင်း သို့မဟုတ် ညွှန်းဆိုခြင်းများကို ပြုလုပ်ခြင်းမရှိပေ။ ASUS အနေဖြင့် ဤဝန်ဆောင်မှု အသုံးပြုခြင်းကြောင့် ရရှိလာဖွယ်ရှိသော သို့မဟုတ် ဤဝန်ဆောင်မှု မှတစ်ဆင့်ရရှိသော သတင်းအချက်အလက်များ၏ တိကျမှု သို့မဟုတ် ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်နိုင်ချေရှိသော ရလဒ်များနှင့်ဆက်စပ်၍လည်း အာမခံထားခြင်း မရှိပေ။အချို့သောတရားစီရင်ပိုင်ခွင့်များတွင် ပျက်ဆီးဆုံးရှုံးမှု အချို့အတွက် အာမခံချန်လှပ်ခြင်း သို့မဟုတ် တာဝန်ယူခြင်းအပေါ် ကန့်သတ်မှု သို့မဟုတ် ချန်လှပ်မှုတို့အား ခွင့်ပြုမထားပေ။ သို့ဖြစ်၍ အထက်ဖော်ပြပါ ရှင်းလင်းငြင်းဆိုချက်အချို့နှင့် တာဝန်ယူခြင်းပေါ် ကန့်သတ်မှုအချို့တို့မှာ သင်နှင့်အကျုံးဝင်ခြင်းမရှိပေ။
    ၈.၃
    ဤဝန်ဆောင်မှုအသုံးပြုခြင်းနှင့်/သို့မဟုတ် ဤဝန်ဆောင်မှု၏စွမ်းဆောင်မှုဖြင့် ဆက်စပ်မှုမရှိဘဲ ပေါ်ပေါက်လာသည့် ဖြစ်နိုင်ချေရှိသောအန္တရာယ်များအားလုံးမှာ သင်နှင့်သက်ဆိုင်သည်။ ဤသတိပေးချက် သို့မဟုတ် ဤဝန်ဆောင်မှုကို အသုံးပြုခြင်း သို့မဟုတ် အသုံးမပြုနိုင်ခြင်းတို့နှင့် ဆက်စပ်၍ ပေါ်ပေါက်လာသော သို့မဟုတ် ဆက်စပ်မှုမရှိဘဲ ပေါ်ပေါက်လာသော အကျိုးဆက်အားဖြင့်ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ ထူးခြားမှုတစ်ခု အဖြစ်လည်းကောင်း၊ ပြစ်ဒဏ်အဖြစ်လည်းကောင်း သို့မဟုတ် အခြားသော ပျက်စီဆုံးရှုံးမှု ပုံသဏ္ဍာန်အမျိုးမျိုး (အကန့်အသတ်မရှိသော၊ အမြတ်ဆုံးရှုံးမှုအတွက် နစ်နာချက်များ၊ ကြားဝင် နှောက်ယှက်မှုများ၊ သတင်းအချက်အလက်ဆုံးရှုံးမှုများ သို့မဟုတ် အခြားငွေကြေးဆုံးရှုံးမှုများအပါအဝင်) ကဲ့သို့သော ဆုံးရှုံးနစ်နာမှု ပေါ်ပေါက်စေသည့် အကြောင်းများအား ASUS မှ အကြံပြုခဲ့လျှင်ပင် ထိုဆုံးရှုံးနစ်နာမှုအတွက် ASUS ၊ ASUS အတွက် လိုင်စင်ထုတ်ပေးသူများ သို့မဟုတ် ၄င်းတို့နှင့်သက်ဆိုင်သော တာဝန်ရှိသူများ၊ ဒါရိုက်တာများ၊ အလုပ်သမားများ၊ အေးဂျင့်များ သို့မဟုတ် ပေါင်းစည်းထားသောအသင်းအဖွဲ့များတွင် တာဝန်ရှိသောဖြစ်ရပ်များ ရှိပေလိမ့်မည်မဟုတ်ပေ။ အချို့သောတရားစီရင်ပိုင်ခွင့်များတွင် ပျက်ဆီးဆုံးရှုံးမှုအချို့အတွက် အာမခံချန်လှပ်ခြင်း သို့မဟုတ် တာဝန်ယူခြင်းအပေါ် ကန့်သတ်မှု သို့မဟုတ် ချန်လှပ်မှုတို့အား ခွင့်ပြုမထားပေ။ သို့ဖြစ်၍ အထက်တွင် ဖော်ပြထားသည့် ရှင်းလင်းငြင်းဆိုချက်အချို့နှင့် တာဝန်ယူခြင်းပေါ် ကန်သတ်မှုအချို့တို့မှာ သင်နှင့်အကျုံးဝင်ခြင်း မရှိပေ။
    ၈.၎
    ASUS အနေဖြင့် အင်တာနက်အသုံးပြုသူများကြောင့်ဖြစ်ပွားသည့် မမှန်ကန်သော သို့မဟုတ် မတိကျသော သတင်း အချက်အလက်များ သို့မဟုတ် ဤဝန်ဆောင်မှုနှင့်ဆက်စပ်သော သို့မဟုတ် ဤဝန်ဆောင်မှုတွင် အသုံးပြုသော ပစ္စည်းပစ္စယများ သို့မဟုတ် ပရိုဂရမ်ထိန်းချုပ်မှုများအတွက် သို့မဟုတ် ဤဝန်ဆောင်မှုတွင် ပါရှိသည့် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် ပစ္စည်းများကို ဒေါင်းလော့လုပ်ခြင်းတို့ဖြင့် ဆက်စပ်သော သို့မဟုတ် ထိုသို့သော ဆောင်ရွက်ချက်များကြောင့်ရရှိလာသော ထိန်ချန်မှု ကြားဝင် နှောက်ယှက်မှု၊ ပယ်ဖျက်မှု၊ ချွတ်ယွင်းမှု၊ လုပ်ငန်း ဆောင်ရွက်ခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်းတွင် နှောင့်နှေးကြန့်ကြာမှု၊ ဆက်သွယ်ရေးလိုင်းများ သို့မဟုတ် တယ်လီဖုန်း၊ မိုဘိုင်း သို့မဟုတ် ဂြိုလ်တုကွန်ယက် ချွတ်ယွင်းမှု၊ အင်တာနက် သို့မဟုတ် ဤဝန်ဆောင်မှုနှင့် ပတ်သက်သော နည်းပညာ ပြဿနာရပ်များ သို့မဟုတ် လိုင်းကြပ်တောက်မှု၊ ဆော့ဖ်ဝဲချွတ်ယွင်းမှု၊ ခိုးယူမှု သို့မဟုတ် ဖျက်စီးမှု သို့မဟုတ် ခွင့်ပြုချက်မရဘဲ ဝင်ရောက်သုံးစွဲမှု သို့မဟုတ် ဝင်ရောက်ပြင်ဆင်မှုနှင့် သင့်ကွန်ပျူတာ အနာတရဖြစ်မှု သို့မဟုတ် ပျက်စီးမှုတို့အပါအဝင် ဤဝန်ဆောင်မှုအား စီမံကွပ်ကဲနေစဉ်အတွင်း ကြုံတွေ့ရဖွယ်ရှိသော နည်းပညာအမှားများ သို့မဟုတ် ထိုပြဿနာရပ်များအားလုံးအတွက် တာဝန်ယူမည် မဟုတ်ပေ။
    ၈.၅
    ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုများတွင်ပြုလုပ်ပေးသည့် ဆုပေးခြင်းနှင့် သက်ဆိုင်သော ဖြစ်ရပ်များတွင် အောက်ဖော်ပြပါ အချက်များကို သင်မှ အသိမှတ်ပြု လက်ခံထားပြီးဖြစ်သည်။
    ၈.၅.၁
    သင်၏ဆုလက်ခံခြင်းကြောင့်ပေါ်ပေါက်လာသည့် အခွန်အခကိစ္စရပ်များအတွက် ASUS မှ တာဝန်တစ်စုံတစ်ရာ လက်ခံမည်မဟုတ်ပေ။ လွတ်လပ်သောဘဏ္ဍာရေးအကြံပြုဆွေးနွေးမှုအား သင်ကိုယ်တိုင်သာ ရှာဖွေသင့်သည်။
    ၈.၅.၂
    ဆုတစ်ခုကို တစ်စုံလုံးအားဖြင့် သို့မဟုတ် တစ်စိတ်တစ်ဒေသအားဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ဖလှယ်ခြင်နှင့် ငွေသားအဖြစ်သို့ပြောင်းလဲခြင်းအား တိတိပပ ဖော်ပြထားခြင်းမရှိပါက ခွင့်ပြုမည်မဟုတ်ပေ။
    ၈.၅.၃
    ဆုတစ်ခုအား ရယူပေးရန်အတွက် ASUS ၏ လက်တွေ့ကျသောကျိုးပမ်းမှုများရှိခဲ့သော်လည်း ထိုဆုကို လက်ခံနိုင်ခြင်း မရှိသောဖြစ်ရပ်တွင် ဆုတစ်ခုအား သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တစ်ဦးထံမှ ရေးသားညွှန်ကြားချက်များနှင့် ညီညွှတ်သည့် အကြံပြုထားသော လက်လီတန်ဖိုးတစ်ရပ်ဖြင့် အစားထိုးပိုင်ခွင့်ရှိသည်။
    ၈.၅.၎
    ASUS တွင် နောက်ပိုင်းကာလ ဆုတန်ဖိုးပြောင်းလဲမှုများအတွက် တာဝန်တစ်စုံတစ်ရာမရှိပါ။
    ၈.၅.၅
    ဆုရရှိသူတစ်ဦးမှ ဝက်ဘ်ဆိုဒ်လှုပ်ရှားမှုတစ်ရပ်တွင်ဖော်ပြထားသည့် အချိန်ကာလ သတ်မှတ်ချက်တစ်ခု အတွင်းတွင် ထိုဆုကိုလက်ခံရန် ပျက်ကွက်သောဖြစ်ရပ်များအား ဆုရယူခွင့် စွန့်လွှတ်ကြောင်း တရားဝင် စာတင်ခြင်းဟု မှတ်ယူမည် ဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ASUS တွင် ထိုသို့သောဆုပိုင်ရှင်အတွက် အစားထိုးနည်းလမ်းတစ်ရပ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။


    လျော်ကြေးငွေ

    ဤသတိပေးချက် သို့မဟုတ် သက်ဆိုင်ရာဥပဒေ သို့မဟုတ် နည်းဥပဒေ သို့မဟုတ် အခြားအဖွဲ့၏ အခွင့်အရေးအပေါ်တွင် သင်ကျူးလွန်သောချိုးဖောက်မှုကြောင့် သို့မဟုတ် သင်ကျူးလွန်သောချိုးဖောက်မှုနှင့် ဆက်စပ်သည့် စွပ်စွဲချက် သို့မဟုတ် နစ်နာကြေးတောင်းဆိုချက် (သက်ဆိုင်ရာ အကျိုးဆောင်ရှေ့နေ၏ ဝန်ဆောင်ခများနှင့် တရားရုံးစရိတ်များအပါအဝင်) နှင့် သက်ဆိုင်ခြင်းမရှိဘဲပေါ်ပေါက်လာသော ဆုံးရှုံး နစ်နာမှုများ၊ တာဝန်ယူမှုများနှင့် ကုန်ကျစရိတ်အစုစုအား ASUS နှင့် ယင်း၏ဆက်စပ် အဖွဲ့အစည်းများ၊ ဝန်ဆောင်မှုပေးအပ်သူများ၊ လုပ်ငန်းစုများ၊ ဖြန့်ဖြူးရောင်းချသူများ လိုင်စင် ထုတ်ပေးသူများ တာဝန်ရှိသူများ၊ ဒါရိုက်တာများနှင့် ဝန်ထမ်းများထံမှ တောင်းဆိုခြင်းအပေါ် ခုခံကာကွယ်ခြင်း၊ လျော်ကြေးပေးခြင်းနှင့် အန္တရာယ်မပေးခြင်းတို့အား သင်မှ သဘောတူထားသည်။

    ဤသတိပေးချက်နှင့် ကိုးကားလမ်းညွှန်ချက်တို့ဖြင့်ဆက်စပ်သော သတင်းအချက်အလက်များကို ထပ်မံ သိရှိလိုပါက ASUS ၏ ဥပဒေလိုက်နာရေးကွပ်ကဲမှုဌာနသို့ မှတ်ပုံတင်ထားသော စာတိုက်လိပ်စာ၊ ဖက်စ်၊ အီးမေးလ် သို့မဟုတ် ဖုန်းများဖြင့် ဆက်သွယ်မေးမြန်နိုင်ပါသည်။

    ASUSTeK Computer Inc.
    ကုမ္ပဏီကိုယ်စားလှယ်တော် - မစ္စတာ ဂျော်နီရှစ်ဟ်
    တရားရေးစင်တာ၊
    ဥပဒေနှင့်အညီဆောင်ရွက်ရေးကွပ်ကဲမှုဌာန
    လိပ်စာ - 15, Li-Te Rd., Taipei 112, Taiwan
    အီးမေးလ် - LegalCompliance@asus.com
    တယ်လီဖုန်း - (၈၈၆) ၂ ၂၈၉၄ ၃၄၄၇
    ဖက်စ် - (၈၈၆) ၂ ၂၈၉၀ ၇၆၇၄
    ASUS ၏ တရားရေးစင်တာမှ ၂၀၁၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ထားခြင်းဖြစ်သည်။