About ASUS

    ဥက္ကဌ၏ အမှာစကား

    လေးစားအားကျဖွယ်ကောငး်သော ဆန်းသစ်တီထွင်မှုနဲ့ ပြောင်းလဲမှုမရှိသော ပြိက်ဘက်ကင်း ကောင်းမွန်မှု

    ASUS ကို ၁၉၈၉ ခုနှစ်မှာ အလယ်အလတ်အဆင့်ရှိ လုပ်ငန်းတစ်ခုအဖြစ် စတင်ခဲ့ရာကနေ ယနေ့အခါမှာတော့ ၀င်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ရှိပြီး ကုန်အမှတ်တံဆိပ် တန်ဖိုးအားဖြင့် ၁.၃၂၄ ဘီလီယံအထိရှိတဲ့ ဆန်းသစ်တီထွင်မှုနဲ့ အရည်အသွေးပိုင်းဆိုင်ရာ ကမ္ဘာ့သိ နည်းပညာဦးဆောင်နေရာကို ရယူထားတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

    အလျင်အမြန်ပြောင်းလဲနေတဲ့ နည်းပညာထုတ်ကုန်လုပ်ငန်းကဏ္ဍအတွင်းက ကျွန်ုပ်တို့ရဲ့ စဉ်ဆက်မပြတ် တိုးတက်မှုအပေါ် သုံးဆွဲသူအတွေ့အကြုံသစ်ဖန်တီးလိုတဲ့ ကျွန်ုပ်တို့ရဲ့ စိတ်အားထက်သန်မှုနဲ့ အရည်အသွေး ကောင်းမွန်ရေးဆိုင်ရာ မဆုတ်မနစ် ကြိုးပမ်းမှုဆိုတဲ့ စဉ်ဆက်မပြတ်ဆောင်ရွက်မှုနှစ်ရပ်က အထောက်အကူပြုခဲ့တာပါ။ ဤစံတန်ဖိုးတွေကို ကျွန်ုပ်တို့ရဲ့ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ကတိက၀တ်ဖြစ်တဲ့ "လေးစားအားကျဖွယ်ကောငး်သော ဆန်းသစ်တီထွင်မှုနဲ့ ပြောင်းလဲမှုမရှိသော ပြိက်ဘက်ကင်း ကောင်းမွန်မှု" တို့မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

    လေးစားအားကျဖွယ်ကောငး်သော ဆန်းသစ်တီထွင်မှု

    ဆန်းသစ်တီထွင်မှုက ASUS ရဲ့ အသက်သွေးကြောပဲ ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှုပိုင်းအရ ဖုန်းကိုယ်ထည်အစိတ်အပိုင်းတွေ၊ ဆော့ဖ်၀ဲတွေကို ထုတ်လုပ်အဆင့်မြှင့်တင်ခြင်းကနေ ပစ္စည်းပစ္စယရွေးချယ်မှုတွေ၊ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေအထိ သေသေချာချာ ဂရုတစိုက် အသေးစိတ်ကျကျ ဆောင်ရွက်ခြင်းကြောင့် ဆန်းသစ်တီထွင်မှုက ကျွန်ုပ်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှု တစ်ခုလုံးအတွင်းမှာအတွင်းကျကျ သက်၀င်စီးဆင်းနေပါတယ်။ ကျွန်ုပ်တို့က ယနေ့ခေတ် ဒီဂျစ်တယ်အိမ်ယာတွေ၊ ဒီဂျစ်တယ်ရုံးခန်းတွေနဲ့ ဒီဂျစ်တယ်ပုဂ္ဂိုလ်တွေရဲ့ လိုအပ်ချက်အကြောင်း ဂဃနန နားလည်ထားပြီး ထိုလိုအပ်ချက်တွေကို ဖြည့်စည်းပေးမယ့် တီထွင်မှုရှိရှိ၊ ထိထိရောက်ပြောင်းလဲပေးသော ဖြေရှင်းချက်တွေကို အစဉ်သဖြင့် ရှာဖွေဖော်ထုတ်လျှက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ခံယူချက်က ထုတ်လုပ်စွမ်းအားနဲ့ ပျော်ရွှင်မှုတို့ရဲ့ အမြင့်တကာ့ အမြင့်ဆုံးသို့ ရောက်ရှိရန်အတွက် သုံးစွဲသူတွေကို အားကျလာစေမယ့် အမှန်တကယ် ဆန်းသစ်တီထွင်မှုရှိသောထုတ်ကုန်များ ပေးစွမ်းနိုင်ရေးပဲ ဖြစ်ပါတယ်။

    ပြောင်းလဲမှုမရှိသော ပြိက်ဘက်ကင်း ကောင်းမွန်မှု

    ASUS မှာ ကျွန်ုပ်တို့ရဲ့ဆောင်ရွက်သမျှအရာတိုင်းက လုံး၀ဥသုံ ကောင်းမွန်မှုအတွက် ကြိုးပမ်းခြင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အဖွဲ့အစည်းရဲ့ အဆင့်ဆင့်တိုင်းနဲ့ ကျွန်ုပ်တို့ကုမ္ပဏီအတွင်းရှိ လုပ်ငန်းအဖွဲ့များအားလုံးမှာ "အလုံးစုံအရည်အသွေး စီမံခန့်ခွဲရေးဆိုင်ရာ ASUS နည်းလမ်း" အပေါ် စည်းကမ်းပိုင်းအရ လေးစားလိုက်နာခြင်းအားဖြင့် အကောင်းဆုံးသောဒီဇိုင်းတွေနဲ့ တန်ဖိုးမျှတသည့် အမြင့်ဆုံးသောအရည်သွေးပိုင်းဆိုင်ရာ ဖြေရှင်းချက်တွေကို ကျွန်ုပ်တို့ရဲ့သုံးစွဲသူများ ရရှိစေနိုင်ရေးအား အသေအချာ ဆောင်ရွက်ပေးနိုင်စေပါတယ်။ ယခုကဲ့သို့သော ကျွန်ုပ်တို့ရဲ့ကြိုးပမ်းချက်တွေက လုပ်ငန်းကဏ္ဍအမျိုးမျိုးနဲ့ မီဒီယာများရဲ့ ချီးကျူးဂုဏ်ပြုမှုတို့လို ပုံသဏ္ဍာန်အမျိုးမျိုးသော အသိမှတ်ပြုမှုတွေကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဥပမာပြရမယ်ဆိုရင် Wall Street Journal က ပြုလုပ်ခဲ့တဲ့ အာရှ ၂၀၀ စစ်တမ်းမှာ ASUS က ၂၀၀၉ ခုနှစ်ရဲ့ အရည်အသွေးနဲ့ ဆန်းသစ်တီထွင်မှုပိုင်းဆိုင်ရာ ပထမဆုံးအဆင့်ကို ရရှိခဲ့ပါတယ်။ ASUS notebooks ကို စိတ်ချယုံကြည်မှုပိုင်းအရ နံပါတ် (၁) အဖြစ် Rescuecom နဲ့ SquareTrade တို့နှစ်ခုစလုံးရဲ့ အဆင့်သတ်မှတ်ချက်အပါအ၀င် စိတ်ချယုံကြည်မှုပိုင်းဆိုင်ရာ စစ်တမ်းတွေမှာလည်း အတော်လေးကောင်းတဲ့နေရာတစ်ခုကို ရရှိထားပါတယ်။ ASUS ထုတ်ကုန်တွေက စက်မှုဒီဇိုင်းဘက်အပိုင်းမှာဆိုရင်လည်း လူသိများထင်ရှားသော ဆုတွေဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ Good Design ဆုနဲ့ ဂျာမနီနိုင်ငံရဲ့ iF Design ဆုနဲ့ Red Dot Design ဆုတို့ကို ဆွတ်ခူးထားခြင်းကြောင့် အလားတူအောင်မြင်မှုကို ရရှိထားတယ်လို့ ဆိုနိုင်ပါတယ်။

    "လေးစားအားကျဖွယ်ကောငး်သော ဆန်းသစ်တီထွင်မှုနဲ့ ပြောင်းလဲမှုမရှိသော ပြိက်ဘက်ကင်း ကောင်းမွန်မှု" တို့က ကျွန်ုပ်တို့ရဲ့ ဆောင်ရွက်မှုတိုင်းမှာ မျှော်မှန်းထားတာထက် သာလွန်ရရှိဖို့နဲ့ ပြီးပြည့်စုံသော သုံးစွဲသူစိတ်ကျေနပ်မှုကို အပြောင်းအလဲမရှိ ပေးစွမ်းခြင်းတို့အတွက် ကျွန်ုပ်တို့ရဲ ဖော်မြူလာတစ်ခုပဲဖြစ်ပါတယ်။ ဒီဂျစ်တယ်ခေတ်သစ်မှာ ဤကမ္ဘာမြေရဲ့ လေးစားအားကျဖွယ်ရာအကောင်းဆုံးသော ဦးဆောင်လုပ်ငန်းတစ်ရပ် ဖြစ်လာစေရေးဆိုတဲ့ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် ASUS ရဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ရေးဆွဲသွားဦးမှာ ဖြစ်သလို ကျွန်ုပ်တို့ကုန်ပစ္စည်းကို သုံးစွဲသူတွေရဲ့ အိမ်မက်တွေ လာမယ့်ဆယ်စုနှစ်တွေအတွင်းမှာ အမှန်တကယ်ဖြစ်လာစေမယ့် ပုံစံပြားတစ်ခု အဖြစ်လည်း ဆက်လက်ဆောင်ရွက်ပေးသွားဦးမှာပါ။


    ဂျော်နီ ရှစ်ဟ်၊ Asustek Computer Inc ဥက္ကဌ