ASUS recommends Windows 10 Pro.

    A455LA

    သုံးစွဲသူဗဟိုပြုသော ဖီးချားတွေနဲ့အတူ နေ့စဉ်တန်ဖိုးရှိသော ထုတ်ပိုးမှုဖြစ်နေတဲ့ နုတ်ဘွတ်

    ASUS X Series က အလုပ်နဲ့ ဆော့ကစားခြင်းတွေအတွက် အဖက်ဖက်က ပြည့်စုံနေတဲ့ တန်ဖိုးရှိသော လက်ပ်တော့တစ်လုံးဖြစ်ပါတယ်။ Intel သို့မဟုတ် AMD ပရိုဆက်ဆာတို့ကို ရွေးချယ်အသုံးပြုခြင်းအားဖြင့် မှောင်းနှင်လည်ပတ်တဲ့ X Series က လူအများအကြား ၀င့်၀င့်ထည်ထည်ရှိစေရေးကို အလိုရှိသူတွေအတွက် ပုံဖော်ထုတ်လုပ်ပေးထားတဲ့ စတိုက်ကျသော နုတ်ဘွတ်တစ်လုံးဖြစ်ပါတယ်။ ဤ X Series က သင့်ကို အရည်အသွေးမြင့် ASUS SonicMaster ဖြင့် အဆင့်မြှင့်တင်ထားသော အော်ဒီယိုနဲ့ ပေါင်းစပ်ပေးပြီး၊ ငြိမ်သက်နေသောအနေအထားမှ ၂ စက္ကန့်မျှအချိန်အတွင်း ပြန်လည်စတင် ပေးနိုင်တာကြောင့် သတိပြုမိလိုက်တဲ့အချိန်တိုင်းမှာ အစဉ်သဖြင့် အဆင်သင့်ဖြစ်နေစေပါတယ်။ ဒါ့အပြင် အလွန်အမင်း မြန်ဆန်လွန်းတဲ့ အချက်အလက်ကူးပြောင်းမှုအတွက် USB 3.0 လည်း ပါရှိပါသေးတယ်။

    *အားလုံးသောသတ်မှတ်ချက်များအား အသိပေးမှုတစ်စုံတစ်ရာမရှိဘဲ ပယ်ဖျက်နိုင်ပါတယ်။ တိကျသောကမ်းလှမ်းမှုများအတွက် သင့်ကိုရောင်းချသူနဲ့ ကျေးဇူးပြု၍ ဆက်သွယ်ပါ။ ထုတ်ကုန်များအား ဈေးကွက်တိုင်းတွင် ရရှိနိုင်ဖွယ်မရှိပါ။

    ပထမတန်းစားခံစားမှုကို ရရှိစေမယ့် အရည်အသွေးရှိ နုတ်ဘွတ်တစ်လုံး

    တန်ဖိုးရှိသောနုတ်ဘွတ်တစ်လုံးဆိုတာ အခြေခံကျသော အရာတစ်ခုခုအတွက် ဖြေရှင်းဆောင်ရွက်ခြင်းဟု ဆိုလိုခြင်းမဟုတ်ပါ။ ASUS X Series နုတ်ဘွတ်တွေက ထိတွေ့အာရုံသိ ပြီးမြောက်မှုတစ်ခုနဲ့ အရည်သွေး ကောင်းမွန်သော ပထမတန်းစား ခံစားမှုတို့ကို ပေးစွမ်းတဲ့ နုတ်ဘွတ်တစ်လုံး အတွင်းမှာ အားလုံးသော ကွန်ပျူတာသုံးစွဲမှု ခြေခံတွေကို ပေးစွမ်းထားပါတယ်။ အခြေခံအားလုံးကို ထည့်သွင်းပေးထားတာကြောင့် သင့်ကွန်ပျူတာ သုံးစွဲမှု လိုအပ်ချက်တွေအတွက် အကောင်းဆုံးသော ရွေးချယ်ချယ်မှုတစ်ခု ဖြစ်စေပါတယ်။

    အလုံးစုံ အနုစိတ်ဆန်မှု

    ရွေးချယ်လို့ရတဲ့ အမျိုးမျိုးသော အချောသတ်မှုတွေ၊ အရောင်တွေနဲ့ ရရှိနိုင်မယ့် ASUS X Series နုတ်ဘွတ်တွေက သင့်ရဲ့ကိုယ်ပိုင်စတိုင်ကို ဖော်ပြနိုင်စေပါတယ်။ ဒါ့အပြင် X Series မှာ အသွင်အပြင်ပိုင်းသာမက သင့်ရဲ့ နေ့စဉ်ကွန်ပျူတာသုံးစွဲမှုအတွက် မရှိမဖြစ် လိုအပ်မယ့် အားလုံးသော ဖီးချားတွေ၊ ကြားခံချိတ်ဆက်ပေးမယ့်အပေါက်တွေလည်း ပါ၀င်ပါတယ်။ တကယ်တော့ ဒါဟာ အရေးပါတဲ့ အနည်းငယ်မျှသော အနုစိတ်ဆန်မှုမျှသာ ဖြစ်ပါတယ်။

    ထုတ်လုပ်စွမ်းအားနဲ့ ဖျော်ဖြေရေးတို့အတွက် ပုံဖော်ဖန်တီးမှု

    ASUS X Series နုတ်ဘွတ်တွေကို ပြေပြစ်စွာ တုံ့ပြန်စွမ်းဆောင်နိုင်စေရန်အတွက် Intel® သို့မဟုတ် AMD® ပရိုဆက်ဆာတို့ဖြင့် မှောင်းနှင်လည်ပတ်ပေးပါတယ်။ စွမ်းရည်ပြည့်၀သော ဂရက်ဖစ်တွေ၊ အဆင့်မြင့်မန်မိုရီထိန်းချုပ်ရေးအစိတ်အပိုင်းတွေနဲ့အတူ ဤလုပ်ငန်းစွမ်းဆောင်မှုက X Series ကို ကွန်ပျူတာအခြေပြု နေ့စဉ်လုပ်ငန်းကိစ္စရပ်များ သို့မဟုတ် ရုပ်သံဗွီဒီယိုများ ကြည့်ရှူခြင်းအတွက် အကောင်းဆုံးနုတ်ဘွတ်အဖြစ်သို့ ရောက်ရှိစေပါတယ်။ X Series က ဒါတွေအားလုံးကို လွယ်လင့်တကူ ကိုင်တွယ်ဆောင်ရွက်ပေးပြီး သင့်အလုပ်အတွက် သို့မဟုတ် သင့်ဂိမ်းကစားမှုအတွက် လိုအပ်တဲ့ ဆောင်ရွက်မှုမျိုးစုံကို ကျစ်လျစ်သပ်ရပ်သော အောက်ခံခံကိုယ်ထည် တစ်ခုအတွင်းမှ ပေးစွမ်းနိုင်ပါတယ်။

    နှာတစ်ဖျားသာသော ဂရပ်ဖစ်စွမ်းဆောင်မှု

    ASUS X Series နုတ်ဘွတ်တွေမှာ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုများ တည်းဖြတ်ခြင်း သို့မဟုတ် လူသုံးအများဆုံးသော နောက်ဆုံးပေါ်ဂိမ်းများကစားခြင်းတို့တွင် သင့်အတွက် ရုပ်မြင်စွမ်းအား မြှင့်တင်ပေးမယ့် သိသိသာသာ ကွဲပြားခြားနားတဲ့ NVIDIA® GeForce™ ဂရက်ဖစ်ကဒ်* တစ်ခုပါရှိပါတယ်။

    *ရွေးချယ်သတ်မှတ်ထားသော မော်ဒယ်များအတွက်သာ

    အသက်၀င်သောအရောင်တွေပါရှိတဲ့ ASUS Splendid Technology

    ASUS Golden Eye အဖွဲ့က ဖန်တီးလိုက်တဲ့ ကျွန်ုပ်တို့မူပိုင် ASUS Splendid နည်းပညာက သင့်အတွက် တိကျသောအရောင်တွေနဲ့ အရောင်အပူချိန်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဤနည်းပညာက အနုစိတ်ကျကျဖန်တီးထားတဲ့ အမျိုးမျိုးသော ဖန်သားမျက်နှာပြင် အပြင်အဆင်တွေနဲ့ ကန့်သတ်ဘောင်တွေကြောင့် အရမ်းကောင်းတဲ့ အားမာန်ပြည့်၀သော အရောင်တွေကို ဖန်တီးပေးပါတယ်။

    Normal

    Theater

    Vivid

    Manual

    Normal
    Theater
    Vivid
    Manual

    အခြေအနေအမျိုးမျိုး ရွေးချယ်မှုအတွက် အမျိုးမျိုးသော ပုံစံအနေအထားများ

    ASUS Splendid နည်းပညာက ဖန်သားမျက်နှာပြင်တိုင်းနဲ့ အဆင်ပြေစေမယ့် ဗွီဒီယိုအပြင်အဆင် (၄) မျိုးကို သင့်အတွက် ဖန်တီးပေးထားတာကြောင့် အကောင်းဆုံးသောမြင်ကွင်းတွေကိုသာ သင်ရရှိမှာဖြစ်ပါတယ်။ ရုပ်သံဖိုင်တွေကြည့်ရှူရာမှာ သို့မဟုတ် အင်တာနက်ပေါ်က ဓာတ်ပုံတွေ ကြည့်ရှူရာမှာ ရင်သပ်ရှူမောဖွယ် တွေ့မြင်ခံစားမှုတွေအတွက် ပိုမိုကောင်းမွန်တောက်ပတဲ့ အရောင်တွေကို ပေးစွမ်းဖို့အတွက်လည်း ပုံရိပ်အဆင်မြှင့်တင်မှု ပြုလုပ်ပေးထားပါတယ်။

    စမတ်ဖုန်းကဲ့သို့ သုံးခွင့်ရစေမယ့် နုတ်ဘွတ်တစ်လုံး

    ASUS X Series နဲ့ဆိုရင်တော့ သင့်အနေနဲ့ စမတ်ဖုန်းတစ်ခုလို တုံ့ပြန်ချိန်မျိုးကို ပေးစွမ်းနိုင်တဲ့ နုတ်ဘွတ်တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဤနုတ်ဘွတ်က နှစ်စက္ကန့်မျှသာကြာမြင့်တဲ့ တိုတောင်းသော ပြန်လည်စတင်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အိပ်နေသောအနေအထား (sleep mode) မှတစ်ဆင့် အင်တာနက်အသုံးပြုခြင်း သို့မဟုတ် မိုက်ကရိုဆော့ဖ်တစ်ခုခုအပေါ်မှာ အလုပ်လုပ်ခြင်းတို့ကို အလွန်တိုတောင်းသော အချိန်တစ်ခုအတွင်းမှ ပြုလုပ်နိုင်ပါလိမ့်မယ်။
    X Series နုတ်ဘွတ်တွေက စွမ်းရည်အကျိုးရှိမှုကို မြှင့်တင်ပေးသော ပါ၀ါအနေအထား (power mode) အမျိုးမျိုးကိုတောင် သင့်အတွက် ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ဘထ္ထရီရဲ့ အကောင်းဆုံးသော ဘထ္ထရီအားတာရှည်ခံနိုင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဤနုတ်ဘွတ်တွေက အသင့်အနေထား (standby mode) မှာဆိုရင် အံ့သြဖွယ်ကောင်းလောက်တဲ့ နှစ်ပတ်မျှအားခံနိုင်မှုကို ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုအချိန်အတွင်းမှာဆိုရင် အချက်အလက်တွေ ဆုံးရှုံးသွားရမယ့်အရေးကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ ဘထ္ထရီလက်ကျန်ပမာဏက ၅ ရာနှုန်းသို့ ရောက်ရှိသွားပြီဆိုရင် အချက်အလက်တွေကို အလိုအလျောက် အရံသိမ်းဆည်းမှု ပြုလုပ်ပေးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ *

    *ဘထ္ထရီအားခံနိုင်မှုနဲ့ အသင့်အနေအထား ထားရှိနိုင်ခြေတို့က သတ်မှတ်ချက်နဲ့ အသုံးပြုမှုတို့အပေါ်မူတည်ပြီး ကွဲပြားသွားဖွယ် ရှိပါတယ်။

    ချိတ်ဆက်ရန်အတွက် ပေါပေါများများ ရွေးချယ်နိုင်ခြင်း

    ASUS X Series နုတ်ဘွတ်မှာ USB 3.0 ၊ HDMI နှင့် VGA ကြိုးပေါက်များ၊ သရီးအင်၀မ်း SD/SDHC/SDXC ကဒ်ရီဒါတစ်ခု၊ အမျိုးမျိုးသော ကွန်ပျူတာချိတ်ဆက်ကိရိယာများ၊ စက်ပစ္စည်းများဖြင့် အဆင်ပြေစေမည့် အခြားသောချိတ်ဆက်မှုစနစ်တွေကို ထည့်သွင်းပေးထားပါတယ်။

    အလွန်လျင်မြန်သော အချက်အလက်ကူးပြောင်းမှုများအတွက် USB3.0

    USB 3.0 က USB 2.0 မှ ဓာတ်ပုံများသိမ်းဆည်းရန် ခွင့်ပြုသော သို့မဟုတ် သီချင်းဖိုင်နှင့် ကြီးမားသည့်ရုပ်သံဖိုင်များကို အပိုင်းလိုက်ကူးပြောင်းသောမြန်နှုန်းထက် ဆယ်ဆမျှပိုမြန်သောနှုန်းကို ပေးစွမ်းနိုင်ပါတယ်။ ယခုအခါတွင် ၂၅ ဂစ်ဂါဘိုက်ပမာဏရှိ Blu-ray အရည်အသွေးရှိသောရုပ်သံဖိုင်အား ၇၀ စက္ကန့်မျှဖြင့် ကူးပြောင်းနိုင်ပြီဖြစ်ပါတယ်။

    HDMI ကေဘယ်ကြိုမှတစ်ဆင့်ထွက်လာမယ့် Full HD 1080p

    ASUS X Series နုတ်ဘွတ်က စံချိန်ကိုက် VGA ကြိုးပေါက်ရဲ့အပေါ်မှာ Full HD 1080p အထွက်အတွက် HDMI ကြိုးပေါက်တစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။

    လုံး၀ဥပသုံရှင်းလင်းသည့် သုံးဘက်ပြေးအသံ

    နုတ်ဘွတ်အများစုမှာ တစ်ဆက်တစ်စပ်တည်းပါရှိသော စပီကာငယ်များ ထည့်သွင်းထားပြီး ယင်းတို့က တမူထူးခြားမှု မရှိသလောက်နည်းပါးသည့် အသံရင်းမြစ်တစ်ခုတည်းသော အော်ဒီယိုများကိုသာ ပေးစွမ်းလေ့ရှိပါတယ်။ ASUS X Series နုတ်ဘွတ်တွေကတော့ ASUS SonicMaster နည်းပညာနဲ့ ASUS AudioWizard တို့ကျေးဇူးကြောင့် တိကျမှုမြင့်မားသော အော်ဒီယိုအရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ X Series တွေရဲ့ လေးဘက်လေးတန်ထွက်ပေါ်နေသောအသံတွေကို စီးမျောရင်း ဂီတသံတွေကို ကြားသိရရန် ရည်ရွယ်ထားသောအသံအတိုင်း နားထောင်ကြည့်ပါ။

    ပရော်ဖက်ရှင်နက်ဆန်သော CODEC ချစ်ပ်ပြား
    နှာတစ်ဖျားသာသော တိကျမှု
    အမြင့်ဆုံးစွမ်းရည်ကို ထုတ်ပေးသော အသံချဲ့စက်
    ပိုမိုမြင့်မားသောအသံတုံး
    အကောင်းဆုံးသောစွမ်းဆောင်မှုနဲ့ စပီကာ
    ပိုမိုကြီးမားသောသက်ရောက်မှုကို ဖန်တီးခြင်း
    ပိုမိုကြီးမားသော အသံခန်းများ
    ပိုမိုမြင့်မားသောအသံတုံးနဲ့
    ပိုမိုကျယ်ပြန့်သောကြိမ်နှုန်း
    အကောင်းဆုံးသောစွမ်းဆောင်မှုရှိ ဆစ်ဂနယ်လုပ်ငန်းဆောင်ရွက်မှု
    ရှင်းလင်းမှုကို အဆင့်မြှင့်တင်ရန်နဲ့ ဆူညံ့မှုကို လျော့ချရန်အတွက် လိုက်လျောညီထွေရှိသော ချိန်ညှိမှုများ ပြုလုပ်ခြင်း
    ကိုယ်ထည်ဒီဇိုင်း
    ဆော့ဖ်၀ဲဆိုင်ရာ အကောင်းဆုံးသောစွမ်းရည်
    စွမ်းအား
    ဖြည့်စည်းမှု
    အော်ဒီယို
    ရင်းမြစ်

    ကိုယ်ထည်ပိုင်းနဲ့ ဆော့ဖ်၀ဲပိုင်းဆိုင်ရာ သင့်မြတ်မှုအတွက် SonicMaster နည်းပညာ

    ကိုယ်ထည်ပိုင်း၊ ဆော့ဖ်၀ဲပိုင်းနဲ့ အသံပိုင်းဆိုင်ရာချိန်ညှိမှုများကို ပေါင်းစပ်ထားသော SonicMaster ကို သင့်ကို အကောင်းဆုံးသော နုတ်ဘွတ်ပီစီအော်ဒီယိုတစ်ခု ပေးအပ်နိုင်ရေးရည်မှန်းချက်ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ပရောဖက်ရှင်နယ်ဆန်သော CODEX ခြစ်ပ်ပြားတစ်ခုက တိကျသော အသံစွမ်းဆောင်မှုကို အသေအချာ ရရှိစေပြီး သင့်လျှော်အောင် ဆောင်ရွက်ပေးထားသော အသံချဲ့စက်က ပိုမိုကျယ်လောင်သောအသံတုံးကို ပေးစွမ်းစဉ်မှာ ပိုမိုကြီးမားသောစပီကာတွေနဲ့ အသံသြဇာညောင်းသောအသံခန်းတွေက စွမ်းရည်ပြည့်၀သော အသံထွက်ရှိမှုနဲ့ ပိုမိုနက်နဲသောဘေ့စ်သံတို့ကို ပေးစွမ်းပါတယ်။ ဖြည့်စွက်ဆစ်ဂနယ်လုပ်ငန်းစဉ်က ကိုယ်ထည်ပိုင်းကို ကောင်းမွန်သော အသံချိန်ညှိမှုအတွက် အထောက်အကူ ပေးသလို အသံရှင်းလင်းမှုကိုလည်း မြှင့်တင်ပေးတာကြောင့် သင့်အနေနဲ့ သင့်ရဲ့ X Series ပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ အော်ဒီယိုသံကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

    ထူးခြားသောဗိုကယ်သံများ
    စစ်မှန်သော
    ၀ိုင်းရံမှု
    ပိုမိုကျယ်ပြန့်သော
    စွမ်းရည်ပြည့်ထွက်ရှိမှု
    လုံး၀ဥသုံရှင်းလင်းသော
    အသံ
    ပိုမိုနက်နဲ
    ခိုင်မာသော ဘေ့စ်သံ

    SonicMaster အဆင့်မြင့်တင်ရေး အော်ဒီယို

    သင့်အတွက် အကောင်းတကာ့ အကောင်းဆုံးသော စမတ်ဖုန်းအော်ဒီယိုတစ်ခုကို ပေးအပ်နိုင်ဖို့ ASUS Golden Ear အဖွဲ့နဲ့ ဖန်တီးတဲ့ SonicMaster နည်းပညာက ASUS X Series နုတ်ဘွတ်ကို လုံး၀ရှင်းလင်းတဲ့အသံကို ဖော်ဆောင်ပေးနိုင်စေမယ့် ကိုယ်ထည်ပိုင်းဆိုင်ရာနဲ့ ဆော့ဖ်၀ဲပိုင်းဆိုင်ရာ ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။ ASUS SonicMaster နဲ့ AudioWizard အသံချိန်ညှိမှုဆော့ဖ်၀ဲက သင့်ရဲ့ဖျော်ဖြေရေး အတွေ့အကြုံအတွက် အသစ်ဖြစ်နေသောနက်နဲမှုတစ်ခုကို ပေါင်းစပ်ပေးတာကြောင့် သင့်အား နားကြပ်နဲ့နားထောင်သည်ဖြစ်စေ၊ စပီကာနဲ့နားထောင်သည်ဖြစ်စေ ဘယ်လိုပုံစံမျိုးမှာမဆို ပိုမိုရှင်းလင်းသာယာသောအသံကို ခံစားနိုင်စေမှာဖြစ်ပါတယ်။

    တင်ကြိုသတ်မှတ်ထားသည့် အော်ဒီယို AudioWizard

    AudioWizard က သင့်လိုအပ်ချက်တွေနဲ့ကိုက်ညီစေဖို့အတွက် တင်ကြိုသတ်မှတ်ထားသော အော်ဒီယိုအနေအထား ၅ မျိုးပါးရှိတဲ့ အသံချိန်ညှိပေးသည့်ဆော်ဖ်၀ဲတစ်ခု ဖြစ်ပါတယ်။ ASUS Golden Ear အဖွဲ့ရဲ့ လက်ရာမြောက်သောဖန်တီးမှုဖြစ်ပြီး သင့်အနေနဲ့ ဂီတ၊ ရုပ်ရှင်နဲ့ ဂိမ်းကစားခြင်းတွေမှာ စစ်မှန်သောအသံကို ရရှိခံစားနိုင်ပါလိမ့်မယ်။ ယင်းရဲ့ ကျွန်ုပ်တို့တစ်ဦးတည်းပိုင် ပေါင်းကူးဆက်သွယ်ရေးစနစ်က သုံးစွဲသူအခြေအနေနဲ့ အလွန်အမင်း ကိုက်ညီမှု ရှိတာကြောင့် အပြည့်အ၀စွမ်းရည်မြှင့်ထားသောအော်ဒီယိုကို ခံစားဖို့အတွက် သင်အကြိုက်ဆုံး အပြင်အဆင်တွေကို နှိပ်လိုက်ယုံပါဘဲ။

    တိကျသောအချက်အလက်သွင်းစနစ်နဲ့ သင့်လက်ညှိုးထိတွေ့မှုအောက်က ထိန်းချုပ်မှု

    ASUS X Series နုတ်ဘွတ်တွေကို ပိုမိုနားလည်လွယ်ကူစွာ အသုံးပြုနိုင်သော ထိတွေ့မျက်နှာပြင် အတွေ့အကြုံ တစ်ရပ်ပေးစွမ်းနိုင်စေဖို့အတွက် ပုံဖော်ထုတ်လုပ်ထားပါတယ်။ အံ့သြဖွယ်ကောင်းလောင်အောင်တိကျတဲ့ ခံစားမှုမြင့် ထိတွေ့မျက်နှာပြင်တစ်ခုကို သင့်အား ပေးအပ်ရန်အတွက် စမတ်ဖုန်း ထိတွေ့ဖန်သားမျက်နှာပြင်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကျွန်ုပ်တို့မူပိုင် နည်းပညာကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

    Smart Gesture-
    ထိတွေ့မှုမျိုးစုံက လွယ်ကူမှုကို ဖန်တီးပေးပါတယ်

    ASUS X Series နုတ်ဘွတ်တွေမှာ ပိုမိုနားလည်လွယ်ကူစွာ အသုံးပြုနိုင်ရေးနဲ့ သဘာ၀ကျသော လက်ချောင်းတို့ထိမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ရေးတို့အတွက် ASUS Smart Gesture နည်းပညာပါရှိသော ထိတွေ့မှုမျိုးစုံပြုလုပ်နိုင်သော ထိတွေ့မျက်နှာပြင်တစ်ခု ထည့်သွင်းထားပါတယ်။

    Smart Gesture နည်းပညာက ထိတွေ့အမိန့်ပေးမှု အမျိုးမျိုးအတွက် အဆင်ပြေတာကြောင့် သင့်အနေနဲ့ မြင်ကွင်းချုံ့/ချဲ့မှုကို ပြုလုပ်နိုင်ခြင်း သို့မဟုတ် မြင်ကွင်းချုံ့/ချဲ့မှု ပြုလုပ်ခြင်းကဲ့သို့သော တို့ထိခြင်း၊ Windows 8 ထိတွေ့မျက်နှာပြင်ရဲ့ အခြေခံလုပ်ငန်းတွေကို ရယူသုံးစွဲနိုင်စေမယ့် ထက်/အောက်ရွှေ့ခြင်း၊ တို့ထိခြင်းများကို ပြုလုပ်နိုင်ပါတယ်။

    ဘေးကင်း၊ ထိရောက်စွာ ပုံဖော်ထုတ်လုပ်နိုင်မယ့် ကီးဘုတ်

    တစ်ဆက်တစ်စပ်တည်းသော မျက်နှာပြည့် ခြစ်ကလက်ကီးဘုတ်မှာ ခိုင်မာသောခံစားမှုတစ်ခုနဲ့ သက်တောင့်သက်သာ ပိုရှိသော စာရိုက်ခြင်းအတွေ့အကြုံကို ရရှိစေရန်အတွက် ၁.၆ မီလီမီတာမျှရှိတဲ့ ကီးဖိချိန်၊ အနိမ့်ဆုံး ကီးပေါ်ချိန်တို့နဲ့အတူ ပိုကောင်းလာသော ကျောဘက်အစိတ်အပိုင်း ဒီဇိုင်းတစ်ရပ်ကို ထည့်သွင်းပေးထားပါတယ်။

    10 သန်းခလုတျကှကျတာရှည်ခံ, full-size ကီးဘုတ်

    ဤကီးဘုတ်ကို ကီးတုံ့ပြန်မှုတိုးမြှင့်ရန်အတွက် လူသားအင်ဂျင်နီယာပညာရပ်ဖြင့် ပုံဖော်ပေးထားခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သောကီးဘုတ်အား၊ ရိုက်ချက်နဲ့ ဖိချိန်တို့အတွက် အသေအချာ ချိန်ညှိထုတ်ပေးထားခြင်း ဖြစ်ပါတယ်။ သင့်အနေနဲ့ အချိန်များစွာကြာအောင် စာရိုက်ခဲ့တယ်ဆိုရင်တောင် သက်တောင့်သက်သာရှိနေဦးမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
    ASUS က တင်းကြပ်သော ကီးဘုတ်စစ်ဆေးမှုစံချိန်စံညွှန်းတွေကို အသုံးပြုလျက်ရှိတာကြောင့် X Series မှာပါတဲ့ကီးဘုတ်က ကီးရိုက်နှိပ်မှုအကြိမ်အရေ ၁၀ သန်းလောက်အထိ ခံနိုင်ရည်ရှိပါတယ်။

    သင့်လက်ဖ၀ါးကို အေးအေးလူလူရှိစေခြင်း

    ASUS နုတ်ဘွတ်တွေမှာ လက်တင်ရာနေရာအောက်မှ မြင့်တက်လာတဲ့အပူချိန်ကို ကာကွယ်ခြင်းအားဖြင့် သက်တောင့်သက်သာမရှိသော အပူချိန်ပြဿနာရပ်ကို ကိုင်တွယ်ဖြေရှင်းပေးမယ့် တစ်မူထူးခြားသော အတွင်းဒီဇိုင်းတစ်ခုကို ထည့်သွင်းထားပါတယ်။
    ASUS IceCool က လက်ဖ၀ါးတင်သောနေရာကို အပူအချိန် ၂၈ ဒီဂရီဆဲလ်စီယပ်နဲ့ ၃၅ ဒီဂရီဆဲလ်စီယပ်အကြား ထိန်းသိမ်းပေးထားပြီး ယင်းမှာ ခန္ဓာကိုယ်အပူချိန်ထက် သိသိသာသာ လျော့နည်းသော အပူချိန်ဖြစ်ပြီး စာရိုက်ရာမှာ သင့်ကို ပိုမိုသက်တောင့်သက်သာ ရှိစေပါတယ်။

    သက်တော်ရှည် Li-Polymer ဘထ္ထရီ*

    ASUS X Series နုတ်ဘွတ်တွေမှာ Li-ion ဆလင်ဒါဘထ္ထရီတွေရဲ့ သက်တမ်းထက် ၂.၅ ဆမျှအထိ ပိုများတဲ့ သက်တမ်းတစ်ခုကို ပေးစွမ်းနိုင်သော Li-Polymer ဘထ္ထရီတစ်လုံး ပါရှိပါတယ်။ အားသွင်းခြင်းကို အကြိမ်ရာပေါင်းများစွာ ပြုလုပ်ပြီးတဲ့နောက်မှာတောင် ယင်းရဲ့ မူလအားသွင်းစွမ်းရည်ရဲ့ ၈၀ ရာနှုန်းအထိ ထိန်းထားနိုင်ပါသေးတယ်။**.

    *X455/X555/X302 တွင်သာ ရနိုင်ပါတယ်။

    **ဘထ္ထရီအားခံနိုင်မှုနဲ့ အသင့်အနေအထား ထားရှိနိုင်ချေတို့က သတ်မှတ်ချက်နဲ့ အသုံးပြုမှုတို့အပေါ် မူတည်ပြီး ကွဲပြားသွားဖွယ် ရှိပါတယ်။

    သင့်ဒေတာတွေနဲ့ ဖိုင်တွေကို အချိန်မရွေး၊ နေရာမရွေး ရယူပါ

    ASUS WebStorage က အင်တာနက်ချိတ်ဆက်မှုတစ်ခုရှိနေတဲ့ အီလက်ထရောနစ်ကိရိယာ တစ်ခုခုပေါ်က သင့်အချက်အလက်တွေနဲ့ ဖိုင်တွေကို သင်ရယူသုံးစွဲနိုင်စေဖို့ အသေအချာ ဆောင်ရွက်ပေးပါတယ်။ ASUS WebStorage နဲ့ဆိုရင် သင့်ဖိုင်တွေကို နောက်ဆုံးပြုပြင်တည်းဖြတ်မှုများအထိ အလိုအလျောက် သိမ်းဆည်းပေးနိုင်မှာဖြစ်ပြီး အီလက်ထရောနစ်ကိရိယာအမျိုးမျိုးပေါ်မှာ ချိန်ကိုက်လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ သူငယ်ချင်းများ၊ မိသားစု၀င်များနဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို မျှေ၀နိုင်မှာဖြစ်သလို သင့်ဂီတနဲ့ရုပ်ရှင်တွေကိုလည်း သင့်အီလက်ထရောနစ် ကိရိယာပေါ်မှာ စီးဆင်းစေနိုင်မှာဖြစ်ပါတယ်။

    ASUS Aglaia ကယ်ရီအိတ်
    ASUS WT415 Optical Wireless Mous
    COLOR:

    သင်ရွေးချယ်နိုင်စေမယ့် အမျိုးမျိုးသော တွဲဖက်ပစ္စည်းများ

    သင့်ရဲ့ ASUS နုတ်ဘွတ်ကို အရည်အသွေးမြင့်မောက်စ်တစ်ခု သို့မဟုတ် ဖက်ရှင်ကျသော အိတ်တစ်လုံးလို တွဲဖက်ပစ္စည်းတွေနဲ့ ယှဉ်တွဲအသုံးပြုပါ။ အသေးစိတ်အချက်အလက်တွေအတွက် ASUS လက်လီရောင်းချသူတွေ၊ အီလထရောနစ်အခြေပြု ရောင်းချသူတွေ သို့မဟုတ် ASUS အွန်လိုင်းစတိုးဆိုင်တွေထံမှာ မေးမြန်းပါ။