ASUS recommends Windows 10 Pro.

    A556UF

    ထိပ်ဆုံးသို့ပြန်သွားပါ
    ဂန္တ၀င်မြောက်သောဒီဇိုင်း၊ အသက်ပါသောအရောင်။  
    ဂန္တ၀င်မြောက်သောဒီဇိုင်း။
    အသက်ပါသောအရောင်။  
    ဂန္တ၀င်မြောက်သောဒီဇိုင်း။
    အသက်ပါသောအရောင်။  
    ခိုင်မာသော စွမ်းဆောင်မှု
    ASUS A Series လက်ပ်တော့တွေကို ၈ ဂစ်ဂါဘိုက်အထိရှိတဲ့ RAM (၁၆ ဂစ်ဂါဘိုက်အထိ တိုးမြှင့်နိုင်ပါတယ်) နဲ့ NVIDIA GeForce GT 940 ဂရက်ဖစ်များပါရှိသော မျိုးဆက်ခြောက်ဆက်မြောက် Intel Core i7 ပရိုဆက်ဆာဖြင့် လည်ပတ်မောင်းနှင်ပါတယ်။ Windows 10 တင်ကြိုတပ်ဆင်ပေးထားတဲ့ A Series က နေ့စဉ်ကွန်ပျူတာသုံးစွဲမှုနဲ့ ဖျော်ဖြေရေး လုပ်ငန်းများအတွက် ကောင်းဆုံးဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ပိုမိုလျင်မြန်သော အချက်အလက် ရယူသုံးစွဲမှုမြန်နှုန်းများအတွက် 2TB ကွန်ပျူတာဓာတ်ပြား တစ်ခုကို ရွေးချယ်ခြင်း သို့မဟုတ် ပိုမိုခိုင်မာသောဓာတ်ပြားတစ်ခုကို အဆင့်မြှင့်တင်ခြင်းတို့အား ပြုလုပ်နိုင်ပါတယ်။
    Windows 10 မူလနေရာ
    ASUS Splendid နည်းပညာဖြင့်
    အရောင်ကမ္ဘာတစ်ခုကို ခံစားကြည့်ပါ
    အကောင်းတကာ့အကောင်းဆုံးသော ပုံရိပ်တွေကို ရရှိစေရေးအတွက် ကျွန်ုပ်တို့မူပိုင် ASUS Splendid နည်းပညာမှာ ပိုမိုကောင်းမွန်နက်နဲသော အရောင်တွေကို ပြန်ထုတ်ပေးမယ့် အရောင်အပူအအေး ပြုပြင်မွမ်းမံမှု ပါရှိပါတယ်။ ယင်းမှာ ကလစ်တစ်ချက်တည်းဖြင့် ရယူသုံးစွဲနိုင်မယ့် မြင်ကွင်းအနေအထားလေးမျိုး ပါရှိပါတယ်။ Vivid အနေအထားက ဓာတ်ပုံများကြည့်ရှူခြင်း သို့မဟုတ် ရုပ်သံဗွီဒီယိုများ ကြည့်ရှူခြင်းတို့အတွက် အလင်း/အမှောင် ချုံ့ချဲ့မှုကို အကောင်းဆုံးအနေအထားသို့ မြှင့်တင်ပေးပါတယ်။ Eye Care အနေအထားက အပြာရောင်အလင်းတန်း ပါ၀င်မှုနှုန်းထားတွေကို လျော့ချပေးပြီး သင့်အနေနဲ့ အချိန်အတော်ကြာကြာ စာဖတ်တော့မယ်ဆိုရင် အကောင်းဆုံးသော အနေအထားဖြစ်ပါတယ်။ Normal အနေအထားကတော့ နေ့စဉ်လုပ်ငန်းတွေအတွက် ဖန်တီးပေးထားခြင်းဖြစ်ပြီး Manual အနေအထားကိုတော့ အဆင့်မြင့်အရောင် ချိန်ညှိမှုအတွက် တီထွင်ထားခြင်းဖြစ်ပါတယ်။ ASUS A Series လက်ပ်တော့တွေကို Full HD (၁၉၂၀×၁၀၈၀) မြင်ကွင်းတွေအထိ ချဲ့နိုင်တာကြောင့် သင့်အနေနဲ့ ဖန်သားမျက်နှာပြင်ပေါ်မှာ ပိုမိုအနုစိတ်ဆန်တဲ့ပုံရိပ်တွေကို တွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။
    Normal
    Eye Care
    Manual
    Vivid
    သင့်မျက်လုံးကို ASUS Eye Care နဲ့ ကာကွယ်ပါ
    LED မှန်လွှာအများစုက အပြာရောင်အလင်းတန်းတွေကို ထုတ်လွှင့်ပေးပြီး ယင်းတို့က အမြင်အာရုံ မှုန်၀ါးခြင်းနဲ့ မျက်ကြောလွှာပြဿနာတွေကို ပေါ်ပေါက်စေတဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ASUS Eye Care အနေအထားက အပြာရောင်အလင်းတန်းပါ၀င်မှုနှုန်းထားကို ၃၃ ရာနှုန်းအထိ ထိထိရောက်ရောက် လျော့ချပေးတာကြောင့် စာဖတ်ခြင်းအား သက်တောင့်သက်သာဖြစ်စေသလို မျက်လုံးအောင့်မယ့်အရေးနဲ့ အခြားသော အပယိကဖျားနားမှုတွေဖြစ်ပွားမယ့်အရေးကလည်း သင့်ကို ကာကွယ်ပေးပါတယ်။
    Asus Eye Care
    ၃၃ %


    ပိုမိုနည်းပါးသော အပြာရောင်အလင်းတန်းပါ၀င်မှုနှုန်းထား
    Eye Care အနေအထား
    / ပိတ်လိုက်ပါ
    Eye Care အနေအထား
    / ဖွင့်ပါ
    အသက်ပါသောအရောင်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော လက်ရာများ။
    နေ့စဉ်ကွန်ပျူတာသုံးစွဲမှုအတွက် ပုံဖော်ထုတ်လုပ်ထားတဲ့ စတိုင်ကျသော ASUS Series က သင့်အား လူကြားထဲတွင် ပေါ်ပေါ်လွင်လွင်ဖြစ်စေရေးအတွက် အသက်၀င်သော အရောင်အမျိုးမျိုးနဲ့ မျက်နှာပြင်မျိုးစုံတို့ဖြင့် ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ Asus A Series မှာ ကြော့ရှင်းသောသထ္ထု၊ မိတ်ကပ်ရောင် သို့မဟုတ် ပထမတန်းစား သတ္ထုရောင် အချောထည်အောက်ခံနဲ့ ပေါ်ထွက်လာခြင်းဖြစ်ပြီး အသက်၀င်တဲ့အရောင် (၅) မျိုးဖြစ်သော ချောကလက်ဖျော့ရောင်၊ ငှက်ခါးရောင်၊ စိမ်းပြာရောင်၊ မော်ဒန်နီရောင်၊ ရွှေအိုရောင်တို့နဲ့ ရရှိနိုင်ပါတယ်။
    တာရှည်ခံ Polymer ဘက်ထရီ
    ASUS A Series လက်ပ်တော့တွေမှာ စံချိန်ပြည့် Li-ion ဆလင်ဒါဘက္ထရီတွေရဲ့ သက်တမ်းထက် ၂.၅ ဆပိုများတဲ့ အကြိမ် ၇၀၀ သွင်းနိုင်သော Li-Polymer တစ်လုံး ပါရှိပါတယ်။ ဲ ဒါ့အပြင် Li-Polymer ဘက္ထရီက အကြိမ်ရာပေါင်းများစွာအားသွင်းပြီးတဲ့နောက်မှာတောင် မူရင်းဓာတ်အားသွင်းမှု စွမ်းရည်ရဲ့ ၈၀ ရာနှုန်းအထိ ဆက်လက်ထိန်းသိမ်းပေးနိုင်တာကြောင့် သင့်အနေနဲ့ ဘက္ထရီစွမ်းဆောင်ရည် ဆိုးရွားသွားမယ့်အရေးအပေါ် ပူပန်နေစရာမလိုပါဘူး။ ကိုယ်ထည်ပိုင်းနဲ့ ဆော့ဖ်၀ဲပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှုတို့ရဲ့ ပါးနပ်သော ပေါင်းစပ်မှုကျေးဇူးကြောင့် ဤဘက္ထရီက အမြင့်ဆုံးသော ဘက္ထရီဘေးကင်းလုံခြုံရေးစံညွှန်းနဲ့ကိုက်ညီမှုရှိပြီး သင့်ကို ဘက္ထရီသက်တမ်းရှည်ကြာစေမယ့် အမြင့်ဆုံးသော အားသွင်းစွမ်းဆောင်မှုကို ပေးအပ်နိုင်စွမ်းရှိပါတယ်။
    2.5 X ပိုမိုရှည်ကြာသော ဘက်ထရီသက်တမ်း

    ဆားကစ်တို
    အကာကွယ်

    ထိန်းချုပ်ရေးဘုတ်က ဆားကစ်တိုတစ်ခုကို စစ်ဆေးတွေ့ရှိတဲ့အခါ ဘထ္ထရီကို အလိုအလျောက် ပိတ်ပေးပါတယ်။

    ထိန်းချုပ်ရေးဘုတ်က ဆားကစ်တိုတစ်ခုကို စစ်ဆေးတွေ့ရှိတဲ့အခါ ဘထ္ထရီကို အလိုအလျောက် ပိတ်ပေးပါတယ်။

    Cell TCO
    အကာကွယ်

    ဘက်ထရီဆဲလ်မှာ အပူချိန်အလွန်အမင်းမြင့်တက်ခြင်းကို ကာကွယ်ဖို့အတွက် ကြည်လင်သောလျပ်ကူးအောက်ဆိုက်များ (TCOs) ထည့်သွင်းထားပါတယ်။

    ဘက်ထရီဆဲလ်မှာ အပူချိန်အလွန်အမင်းမြင့်တက်ခြင်ကို ကာကွယ်ဖို့အတွက် ကြည်လင်သောလျပ်ကူးအောက်ဆိုက်မျ}း (TCOs) ထည့်သွင်းထားပါတယ်။

    အားသွင်းမှု
    အကာကွယ်

    Overcharge/Discharge ဖီးချားက ဘက်ထရီအားပြည့်သောအခါ သို့မဟုတ် အားမသွင်းသောအခါ လျပ်စီးကြောင်းကို ဖြတ်တောက်ပေးပါတယ်။

    Overcharge/Discharge ဖီးချားက ဘက်ထရီအားပြည့်သောအခါ သို့မဟုတ် အားမသွင်းသောအခါ လျပ်စီးကြောင်းကို ဖြတ်တောက်ပေးပါတယ်။

    အပူအအေး
    အကာကွယ်

    တစ်ဆက်တစ်စပ်တည်းပါရှိသောအာရုံခံကိရိယာတွေနဲ့ ထိန်းချုပ်ရေးမော်ဂျူးတွေက ဘက်ထရီတွေကို ဘေးကင်းလုံခြုံသောအပူချိန်တစ်ခုအတွင်းတွင် လည်ပတ်စေပြီး ပုံမှန်မဟုတ်သော အပူအချိန်တစ်ရပ်နှင့် ကြုံတွေ့ရပါက အားသွင်းခြင်းအား အလိုအလျောက် ဖြတ်တောက်ပေးပါတယ်။

    တစ်ဆက်တစ်စပ်တည်းပါရှိသောအာရုံခံကိရိယာတွေနဲ့ ထိန်းချုပ်ရေးမော်ဂျူးတွေက ဘက်ထရီတွေကို ဘေးကင်းလုံခြုံသောအပူချိန်တစ်ခုအတွင်းတွင် လည်ပတ်စေပြီး ပုံမှန်မဟုတ်သော အပူအချိန်တစ်ရပ်နှင့် ကြုံတွေ့ရပါက အားသွင်းခြင်းအား အလိုအလျောက် ဖြတ်တောက်ပေးပါတယ်။

    JEITA
    အကာကွယ်

    ပိုလီမာဘက်ထရီက ကဏ္ဍတူ အခြားဘက်ထရီတွေရဲ့စံချိန်စံညွှန်းတွေထက် ကျော်လွန်တဲ့ ဘေးကင်းလုံခြုံမှုတစ်ရပ်ကို ပေးစွမ်းနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ JEITA နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ ဘက်ထရီအပူအချိန် စောင့်ကြည့်လေ့လာရေး ဆော့ဖ်၀ဲကလည်း ဘေးကင်းလုံခြုံစိတ်ချရသော အဆင့်အနေအထားတစ်ရပ်ကို ထပ်မံဖော်ဆောင်ပေးပါတယ်။

    ပိုလီမာဘက်ထရီက ကဏ္ဍတူ အခြားဘက်ထရီတွေရဲ့စံချိန်စံညွှန်းတွေထက် ကျော်လွန်တဲ့ ဘေးကင်းလုံခြုံမှုတစ်ရပ်ကို ပေးစွမ်းနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ JEITA နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ ဘက်ထရီအပူအချိန် စောင့်ကြည့်လေ့လာရေး ဆော့ဖ်၀ဲကလည်း ဘေးကင်းလုံခြုံစိတ်ချရသော အဆင့်အနေအထားတစ်ရပ်ကို ထပ်မံဖော်ဆောင်ပေးပါတယ်။
    USB Type-C နဲ့အတူ
    ပိုမိုမြန်ဆန်လွယ်ကူသောချိတ်ဆက်မှုများ
    ASUS A Series က USB 3.0 Type-C ၊ HDMI နှင့် VGA ကြိုးပေါက်များ၊ သရီးအင်၀မ်း SD/SDHC/SDXC ကဒ်ရီဒါတစ်ခုအပါအ၀င် ချိတ်ဆက်မှုအမျိုးမျိုးကို ရွေးချယ်နိုင်စေပြီး ကွန်ပျူတာချိတ်ဆက်ကိရိယာများ၊ စက်ပစ္စည်းများဖြင့် အဆင်ပြေစေပါတယ်။ နှစ်ဖက်ထိုး USB Type-C ပေါက်က ညာဘက်ကဖြစ်ဖြစ်၊ အောက်ဖက်ပေါက်ကဖြစ်ဖြစ် ကောင်းမွန်သော ချိတ်ဆက်မှုကို အချိန်တိုင်း ရရှိစေပါတယ်။ USB Type-C က တစ်စက္ကန့်လျင် ၅ ဂစ်ဂါဘိုက်အထိရှိတဲ့ အချက်အလက် ကူးပြောင်းမှုနှုန်းကို ပေးစွမ်းနိုင်ပြီး USB 2.0 ထက် ဆယ်ဆနီးပါး ပိုမြန်ပါတယ်။ သင့်အနေနဲ့ ဓာတ်ပုံများ၊ တေးဂီတများနဲ့ ပိုမိုကြီးမားသောဗွီဒီယိုဖိုင်တွေကိုတောင် ခဏလေးနဲ့ ကူးပြောင်းပေးနိုင်ပြီး ၂ ဂစ်ဂါဘိုက်ပမာဏာရှိတဲ့ ရုပ်သံဖိုင်တစ်ဖိုင်ကို နှစ်စက္ကန့်တောင်မကြာတဲ့ အချိန်တစ်ခုအတွင်း ပေးပို့ပေးပါတယ်။
    Type-c
    USB 3.0
    USB 2.0
    HDMI
    SD ကဒ်
    VGA
    ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်သော ကီးဘုတ်ဒီဇိုင်း
    A Series ရဲ့ တစ်ဆက်တစ်စပ်တည်းသော မျက်နှာပြည့် ခြစ်ကလက်ကီးဘုတ်နဲ့ဆိုရင် ယခုအခါမှာ စာရိုက်ခြင်းက ဘယ်တုန်းကနဲ့မှမတူတဲ့ သက်တောင့်သက်သာရှိမှုကို ရရှိလာပါပြီ။ တိုးတက်လာသော ကျောဘက်အစိတ်အပိုင်းက ၁.၈ မီလီမီတာမျှရှိသော ကီးဖိချိန်နဲ့ အနိမ့်ဆုံကီးပေါ်ချိန်တို့ကို ပေးစွမ်းခြင်းကြောင့် သင့်အနေနဲ့ ပိုမိုခိုင်မာသော စာရိုက်မှုအတွေ့အကြုံကို ရရှိနိုင်မှာဖြစ်ပါတယ်။
    ခိုင်မာတိကျစွာဖြတ်တောက်ထားသောဒီဇိုင်း
    ၁.၈ မီလီမီတာ ကီးဖိချိန်
    အသုံးပြုရလွယ်ကူသော ASUS Smart Gesture အချက်အလက်ဖြည့်သွင်းမှုစနစ်
    ASUS Smart Gesture နည်းပညာက သင့်အား တိကျသော အချက်အလက် ဖြည့်သွင်းမှုစနစ်ကို ပေးအပ်ဖို့အတွက် ကိုယ်ထည်ပိုင်းနဲ့ ဆော့ဖ်၀ဲပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုရဲ့ ပါးနပ်လိမ္မာသော ပေါင်းစပ်မှုတစ်ခုကို အသုံးပြုထားပါတယ်။ ခေတ်မီဆန်းကျယ်သော စမတ်ဖုန်းတို့ထိမျက်နှာပြင်ထုတ်လုပ်ရေး နည်းလမ်းတွေက သင့်ကို ပုံရိပ်တွေနဲ့ ၀က်ဘ်ဆိုဒ်တွေပေါ်မှာ လွယ်လွယ်ကူကူ ရွေ့ပြောင်းရန် သို့မဟုတ် လက်ဖြင့်ဖိကာ ချုံ့/ချဲ့ပြုလုပ်ရန်တို့အား ဆောင်ရွက်စေနိုင်မယ့် ထိတွေ့သိရှိမှုမြင့်မားသော တို့ထိလွှာတစ်ခုကို ရရှိစေပါတယ်။

    ၀က်ဘ်ဆိုဒ်စာမျက်နှာပေါ်တွင် ရွှေ့ပြောင်းခြင်း

    အပေါ်ဘက်နှင့်အောက်ဘက်

    မြင်ကွင်းချုံ့/ချဲ့

    လက်နှစ်ချောင်းခွဆွဲခြင်း

    လက်သုံးချောင်းဖြင့် ဆွဲတင်ခြင်း

    လုပ်ငန်းပိုင်ဆိုင်ရာကြည့်မြင်မှုကို စီမံရန်

    လက်သုံးချောင်းဖြင့် ဆွဲတင်ခြင်း

    လုပ်ငန်းပိုင်ဆိုင်ရာကြည့်မြင်မှုကို စီမံရန်

    လက်သုံးချောင်းဖြင့် ပွတ်ဆွဲခြင်း (ညာ/ဘယ်)

    ဒက်စတော့ပြောင်းရန်

    လက်သုံးချောင်းဖြင့် တို့ထိခြင်း

    ကော်တီနာကို စီမံရန်

    ပိုမိုကြီးမားကောင်းမွန်သော တို့ထိလွှာ
    A Series ပေါ်မှာတွေ့ရှိရတဲ့ ပိုမိုကြီးမားသော ၁၀၆ မီလီမီတာ × ၇၄ မီလီမီတာ တို့ထိလွှာမှာ မတော်တဆ ကာဆာလှုပ်ရှားမှုကို ထိန်းချုပ်ဖို့အတွက် လက်ဗွေယာအစစ်နဲ့ လက်ဖ၀ါးတို့ထိမှုအကြား ခွဲခြားပေးမယ့် လက်ဖ၀ါးငြင်းပယ်ရေးဖီးချားတစ်ခု ပါရှိပါတယ်။
    နာရီများစွာအသုံးပြုပြီးတဲ့နောက်မှာတောင် အေးအေးလူလူရှိနေဦးမှာပါ
    ASUS IceCool နည်းပညာက A Series ကို လက်တင်ရာ နေရာအောက်မှ မြင့်တက်လာတဲ့ အပူအချိန်ကို ကာကွယ်ခြင်းအားဖြင့် သက်တောင့်သက်သာ မရှိသောအပူချိန်ပြဿနာရပ်ကို ကိုင်တွယ်ဖြေရှင်းပေးမယ့် တမူထူးခြားသော အတွင်းဒီဇိုင်းတစ်ခုကို ပေးအပ်ထားပါတယ်။ ဤနည်းပညာက လက်တင်ရာနေရာ မျက်နှာပြင်ကို အပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်နဲ့ ၃၅ ဒီဂရီစင်တီဂရိတ် အကြား ထိန်းသိမ်းပေးပါတာကြောင့် ကိုယ်ခန္ဓာအပူအချိန်ထက် သိသိသာသာလျော့နည်းပါတယ်။ ကျွန်ုပ်တို့မူပိုင် ဤအတွင်းဒီဇိုင်းအပြင်အဆင်က အပူထုတ်လွှင့်သောအစိတ်အပိုင်းတွေကို သင်နေဲ့၀းရာမှာ ထားရှိပေးပြီး အပူအအေးပိုက်နဲ့လေ၀င်လေထွက်ပေါက်မှ ထူးခြားကောင်းမွန်သော အအေးခံမှုပြုလုပ်ခြင်းဖြင့် ပေါင်းစပ်သောအခါ အချိန်အတော်ကြာကြာအသုံးပြုခြင်းကိုပင်လျင် သက်တောင့်သက်သာရှိနေစေပါတယ်။
    ASUS IceCool
    နည်းပညာ
    အံ့သြဖွယ်ကောင်းသော NVIDIA Discrete ဂရပ်ဖစ်များ
    ASUS A Series မှာ ဂရပ်ဖစ်ပိုင်းဆိုင်ရာလိုအပ်ချက်မြင့်မားတဲ့ လုပ်ငန်းတွေကို အလွယ်တကူ ကိုင်တွယ်ဆောင်ရွက်စေမယ့် ရုပ်မြင်စွမ်းပကားကို ပေးစွမ်းနိုင်စေရန်အတွက် NVIDIA® GeForce® 940M ထည့်သွင်းပေးထားပါတယ်။ ရုပ်ရှင်ကြည့်ခြင်း၊ နောက်ဆုံးပေါ်ဂိမ်းများကစားခြင်}း သို့မဟုတ် ဓာတ်ပုံနှင့်ဗွီဒီယိုများ တည်းဖြတ်ခြင်းတို့ အားလုံးကို A Series ဖြင့် ရွေးချယ်ပါ။ (*ရွေးချယ်ထားသောမော်ဒယ်အတွက်သာ)
    ကျွမ်းကျင်ပညာရှင်တွေ ဖန်တီးထားတဲ့ ဈေးကြီးသော အော်ဒီယို
    ကိုယ်ထည်ပိုင်း၊ ဆော့ဖ်၀ဲပိုင်းနဲ့ အသံပိုင်းဆိုင်ရာချိန်ညှိမှုများကို ပေါင်းစပ်ထားသော SonicMaster ကို သင့်ကို အကောင်းဆုံးသော နုတ်ဘွတ်ပီစီအော်ဒီယိုတစ်ခု ပေးအပ်နိုင်ရေးရည်မှန်းချက်ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ပရောဖက်ရှင်နယ်ဆန်သော CODEX ခြစ်ပ်ပြားတစ်ခုက တိကျသော အသံစွမ်းဆောင်မှုကို အသေအချာရရှိစေပြီး သင့်လျှော်အောင် ဆောင်ရွက်ပေးထားသော အသံချဲ့စက်၊ ပိုမိုကြီးမားသော စပီကာတွေနဲ့ အသံသြဇာညောင်းသော အသံခန်းတွေက စွမ်းရည်ပြည့်၀သောအသံထွက်ရှိမှုနဲ့ ပိုမိုနက်နဲသောဘေ့စ်သံတို့ကို ပေးစွမ်းပါတယ်။ ဖြည့်စွက်ဆစ်ဂနယ်လုပ်ငန်းစဉ်က ကိုယ်ထည်ပိုင်းကို ကောင်းမွန်သော အသံချိန်ညှိမှုအတွက် အထောက်အကူပေးသလို အသံရှင်းလင်းမှုကိုလည်း မြှင့်တင်ပေးတာကြောင့် သင့်အနေနဲ့ သင့်ရဲ့ A Series ပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ အော်ဒီယိုသံကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
    AudioWizard အား သင့်လျော်အောင်ချိန်ညှိခြင်း
    AudioWizard က တင်ကြိုစီမံထားသော အနေအထားခြောက်မျိုးမှတစ်ဆင့် သင့်အော်ဒီယိုကို ချိန်ညှိဖို့အတွက် အထောက်အကူပြုပါတယ်။ ယင်းရဲ့ ရိုးရိုးရှင်းရှင်းနဲ့ နားလည်ရလွယ်ကူသော ပေါင်းကူးစနစ်က သင့်ကို နေရာအမျိုးမျိုးမှာ အကြောင်းအရာ အမျိုးမျိုးအတွက် အကောင်းဆုံးသောအော်ဒီယိုကို ရရှိစေဖို့ ဤအနေအထားခြောက်မျိုးအကြား စဉ်ဆက်မပျက် ပြောင်းလဲနိုင်စေမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သင်အလိုရှိတယ်ဆိုရင်လည်း ထိန်ချုပ်ရေးအပြင်အဆင် အပြည့်အ၀ကို လက်ဖြင့်ချိန်ညှိလိုက်ပါ။ Music အနေအထားက သင်အကြိုက်ဆုံးသီချင်းတွေကို သက်၀င်လှုပ်ရှားလာစေမယ့်အချိန်မှာ Movie အနေအထားက သင့်ကို ရုပ်ရှင်ရုံအရည်အသွေးရှိ အော်ဒီယိုကို ပေးစွမ်းမှာဖြစ်ပါတယ်။ Recording အနေအထားက အပြင်အဆင်တွေကို သင့်လျော်အောင်စီမံပေးတာကြောင့် လုံး၀ဥသုံရှင်းလင်းသော အသံဖမ်းယူမှုကို သင်ရရှိပါလိမ့်မယ်။ Gaming အနေအထားက သင့်ကို ဂိမ်းအတွင်းသို့ အပြည့်အ၀နစ်မျှောစေမှာဖြစ်ပြီး Speech အနေအထားကတော့ ပိုမိုရှင်းလင်းသော ဆွေးနွေးပြောဆိုမှုကို ရရှိစေပါတယ်။
    Gamming
    Movies
    Music
    Recording
    Speech