ASUS recommends Windows 10 Pro.

    K401UB

    သတ္ထုနဲ့တူသော ခေတ်ဆန်ကြော့မော့မှုဖြင့် အေးအေးလူလူနေကြည့်ပါ

    သင့်နေ့စဉ်ကွန်ပျူတာသုံးစွဲမှုလိုအပ်ချက်တွေကို ဖြည့်စည်းဖို့ ပုံဖော်ထုတ်လုပ်ထားတဲ့ ASUS K Series လက်ပ်တော့တွေက ရှတတ အချောသတ်ထားတဲ့ သိသိသာသာပါးလွှာပေါ့ပါး ရိုးရှင်းသော ဒီဇိုင်းတစ်ရပ်အဖြစ် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် Intel® Core™ i7 ပရိုဆက်ဆာတွေနဲ့ NVIDIA® GeForce® GTX™ 9 series ဂရက်ကဒ်တွေရဲ့ အကျိုးကျေးဇူးနဲ့ကိုက်ညီတဲ့ စွမ်းဆောင်မှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဆန်းသစ်တီထွင်သော ASUS မူပိုင်နည်းပညာတွေက ပိုမြင့်သောအဆင့်တစ်ခုသို့ ပို့ဆောင်ပေးမှာ ဖြစ်တာကြောင့် သင့်ကို နားလည်အသုံးပြုရလွယ်ကူသော သုံးစွဲသူအတွေ့အကြုံနဲ့ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်သော ပြိုင်ဘက်ကင်းဒီဇိုင်းတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။

    IceCool နည်းပညာက သင့်ကို အေးအေးလူလူ၊ သက်တောင့်သက်သာ ရှိစေပါတယ်

    အပူချိန်မြင့်တက်လာခြင်းကိစ္စရပ်ကို ဘေးချိတ်ထားဖို့အတွက် ASUS IceCool နည်းပညာမှာ လက်ဖဝါးတင်သော နေရာတွေကို အပူချိန် ၂၈ ဒီဂရီဆဲလ်စီယပ်နဲ့ ၃၅ ဒီဂရီဆဲလ်စီယပ်အကြား ထိန်းသိမ်းပေးထားမယ့် တစ်မူထူးခြားသော အတွင်းပိုင်းအပြင်အဆင်တစ်ရပ် ပါရှိပါတယ်။ ဒါက ခန္ဓာကိုယ်အပူချိန်ထက် သိသိသာသာလျော့နည်းတာကြောင့် နာရီများစွာကြာနေသော်လည်း သက်တောင့်သက်သာရှိနေဦးမှာဖြစ်ပါတယ်။

    ပါးလွှာပေါ့ပါးသောဒီဇိုင်း

    ASUS K Series က နုတ်ဘွတ်တစ်လုံးရဲ့ ဖီးချားတွေအကုန်လုံးကို ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းတစ်ခုအတွင်း ထုတ်ပိုးထားခြင်းဖြစ်ပါတယ်။ အထူအားဖြင့်၂၁ မီလီမီတာမျှသာရှိပြီး အလေးချိန်ကလည်း ၂ ကီလိုဂရမ်ထက်နည်းပါးခြင်းနဲ့အတူ ဖီးချားအပြည့်အစုံပါတဲ့ ဤနုတ်ဘွတ်ကို ရွှေ့လျားနိုင်မှုမြင့်မားသော စံပြုဖွယ်စွမ်းဆောင်မှုဖြင့် ပေါင်းစပ်ထားပါတယ်။ အပြင်ကိုသွားတော့မယ်ဆိုရင်လည်း K Series ရဲ့ ဘက်စုံပြည့်စုံနေတဲ့ နှုတ်ခမ်းသားတွေနဲ့ ကျစ်လစ်ကြော့မော့မှု၊ ရိုးရှင်းသောလိုင်းများက ဈေးကွက်အတွင်းမှာ အခြားသောမန်နုတ်ဘွတ်တွေထက် ထူးခြားနေပါလိမ့်မယ်။

    စွမ်းရည်ပြည့်ဝသော Intel Core စွမ်းဆောင်မှု

    စိန်ခေါ်မှုအရှိဆုံးသော လုပ်ငန်းကိစ္စတွေကိုတောင် လွယ်လွယ်ကူကူ လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် စွမ်းဆောင်မှုမျိုးရရှိဖို့အတွက် K Series ကို နောက်ဆုံးပေါ် Intel® Core™ i7 အထိ တိုးမြှင့်တပ်ဆင်နိုင်ပါတယ်။

    နှာတစ်ဖျားသာသော NVIDIA GeForce ဂရပ်ဖစ်များ

    နောက်ဆုံးပေါ် NVIDIA® GeForce® GTX 940 ဂရက်ဖစ်နဲ့ Direct X 11 အထိ ရရှိနိုင်တဲ့ K Series က သင့်ကို စံပြုလောက်သော လုပ်ငန်းပိုင်းဆိုင်ရာတင်ပြဆွေးနွေးမှုများ ဖန်တီးနိုင်စေမှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါကလည်း သက်တောင့်သက်သာ အနားယူတော့မယ့်အချိန်မှာ အနုစိတ်ဆန်လွန်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဂိမ်းတွေကို ရရှိမှာဖြစ်ပါတယ်။

    ပထမတန်းစား သတ္ထုသုတ်အချောထည်နဲ့ ထိတွေ့အာရုံသိ မျက်နှာပြင်များ

    K Series က ရိုးရှင်းသောလိုင်းများ၊ ပထမတန်းစားသတ္ထုသုတ်အချောထည်များနဲ့ ထည်ထည်ဝါဝါ ရှိလှပြီး အိမ်မှာ သို့မဟုတ် အလုပ်မှာ အသုံးပြုဖို့အတွက် အကောင်းဆုံးသောအနေအထားမှာလည်း အတူတူပဲဖြစ်ပါတယ်။ အနီးကပ်အသေအချာကြည့်ရှု ကြည့်မယ်ဆိုရင် သင့်အနေနဲ့ ကီးဘုတ်ပတ်လည်မှာ အလှဆင် တွင်းထွက်ကျောက်နဲ့ တိုက်ချွတ်ထားတဲ့ လက်ရာမြောက်သော မျက်မှာပြင်တွေလို တို့ထိမှုတွေ၊ ချောမွတ်လှပအောင် ပြုလုပ်ထားတဲ့ ပါဝါခလုတ်တစ်ခုနဲ့ တို့ထိလွှာဘေးပတ်လည်က တိကျစွာ ဖြတ်တောက်ထားသော အလှဆင်မှုတွေကို သတိပြုမိပါလိမ့်မယ်။

    အသက်ရှိတယ်လို့တောင် ထင်ရစေမယ့် ပုံရိပ်တွေအတွက် ASUS Splendid Technology

    ASUS Splendid နည်းပညာက ပိုမိုကောင်းမွန်နက်နဲတဲ့ အံ့အားသင့်ဖွယ်ရာ မြင်တွေ့နိုင်မှုကို သင့်အတွက် ဆောင်ကြဉ်းပေးရန် ASUS နုတ်ဘွတ်ဖန်သားမျက်နှာပြင်ပေါ်က စာတွေနဲ့ ပုံတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။

    သင့်မျက်လုံးကို ASUS Eye Care နဲ့ ကာကွယ်ပါ

    Eye Care

    LED မှန်လွှာအများစုက အပြာရောင်အလင်းတန်းတွေကို ထုတ်လွှင့်ပေးပြီး ယင်းတို့က အမြင်အာရုံ မှုန်ဝါးခြင်းနဲ့ မျက်ကြောလွှာ ပြဿနာတွေကို ပေါ်ပေါက်စေတဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ASUS Splendid Eye Care အနေအထားက စာဖတ်ခြင်းအတွက် မှန်ကန်သောအပြင်အဆင်များ ရှိစေရန် အပြာရောင်အလင်းအဆင့်တွေကို ထိထိရောက်ရောက်လျော့ချပေးတာကြောင့် မျက်လုံးအောင့်ခြင်းနဲ့ အနာတရဖြစ်ခြင်းတွေကို ကြုံတွေ့ရမယ့်အန္တရာယ်မှလည်း သင့်ကို ကာကွယ်ပေးပါတယ်။

    Eye Care အနေအထားကို ဖွင့်ပါ Eye Care အနေအထားကို ပိတ်ပါ
    တစ်မူထားခြားသောဗိုကယ်သံများ
    စစ်မှန်သော ဝန်းရံမှု
    ပိုမိုကျယ်ပြန့်သော
    စွမ်းရည်ပြည့်ဝသော ထွက်ရှိမှု
    လုံးဝဥသုံရှင်းလင်းသောအသံ
    ပိုမိုကောင်းမွန်နက်ရှိုင်းသောဘေ့စ်သံ

    ASUS SonicMaster နဲ့အတူ တိကျမှန်ကန်သောအသံ

    ကိုယ်ထည်ပိုင်း၊ ဆော့ဖ်ဝဲပိုင်းနဲ့ အသံပိုင်းဆိုင်ရာချိန်ညှိမှုများကို ပေါင်းစပ်ထားသော SonicMaster အား သင့်အတွက် အကောင်းဆုံးသော နုတ်ဘွတ်ပီစီ အော်ဒီယိုတစ်ခု ပေးအပ်နိုင်ရေးရည်မှန်းချက်ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ပရောဖက်ရှင်နယ်ဆန်သော CODEX ခြစ်ပ်ပြားတစ်ခုက တိကျသော အသံစွမ်းဆောင်မှုကို အသေအချာ ရရှိစေပြီး သင့်လျော်အောင် ဆောင်ရွက်ပေးထားသော အသံချဲ့စက်က ပိုမိုကျယ်လောင်သောအသံတုံးကို ပေးစွမ်းစဉ်မှာ ပိုမိုကြီးမားသော စပီကာတွေနဲ့ အသံသြဇာညောင်းသော အသံခန်းတွေက စွမ်းရည်ပြည့်ဝသော အသံထွက်ရှိမှုနဲ့ ပိုမိုနက်နဲသောဘေ့စ်သံတို့ကို ပေးစွမ်းပါတယ်။ ဖြည့်စွက်ဆစ်ဂနယ်လုပ်ငန်းစဉ်က ကိုယ်ထည်ပိုင်းကို ကောင်းမွန်သော အသံချိန်ညှိမှုအတွက် အထောက်အကူ ပေးသလို အသံရှင်းလင်းမှုကိုလည်း မြှင့်တင်ပေးတာကြောင့် သင့်အနေနဲ့ သင့်ရဲ့ K Series ပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ အော်ဒီယိုသံကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

    ဘေးကင်းလုံခြုံစွာ အသုံးပြုရန် ရည်ရွယ်ပုံဖော်ထားသော မျက်နှာပြင်ပြည့်ကီးဘုတ်

    K Series မှာ ပိုမိုတိကျသော စာရိုက်နှိပ်ခြင်းအတွက် မျက်နှာပြင်ပြည့် ခြစ်ကလက်ကီးဘုတ်တစ်ခုကို တပ်ဆင်ပေးထားပါတယ်။ ၁.၆ မီလီမီတာမျှသာရှိတဲ့ ကီးဖိချိန်ကျေးဇူးကြောင့် သင့်အနေနဲ့ ပိုမိုခိုင်မာပြီး တို့ထိသိရှိမှုကောင်းတဲ့ ကီးဘုတ်ရိုက်ချက်တွေနဲ့ သက်တောင့်သက်သာရှိသော စာရိုက်ခြင်းအတွေ့အကြုံ တစ်ရပ်ကိုလည်း ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

    အသုံးပြုရလွယ်ကူသော Smart Gesture အချက်အလက်ဖြည့်သွင်းမှုစနစ်

    Smart Gesture အလုံးစုံတို့ထိလွှာက သင့်ကို တိကျပြီး အသုံးပြုရလွယ်ကူတဲ့ လက်ဖျားအသုံးပြု အချက်အလက် ထည့်သွင်းမှုရဲ့ ပြိုင်ဘက်ကင်းသော အဆင့်အတန်းများ ပေးအပ်ထားပါတယ်။ ဒါကြောင့် ဝက်ဘ်ဆိုဒ်အသုံးပြုခြင်း သို့မဟုတ် ဖန်သားမျက်နှာပြင်ပေါ်က အရာတွေကို လိုသလိုပြင်ဆင် အသုံးပြုခြင်းတို့လို ဆောင်ရွက်မှုတိုင်းက သဘာဝကျတယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။

    လုပ်ငန်းကိစ္စမျိုးစုံအတွက် အချိန်ကြာမြင့်စွာသုံးစွဲနိုင်သော

    K Series အသစ်မှာ အလင်းတမျှပေါ့ပါးတဲ့ စွမ်းဆောင်ရည်မြင့် ဘထ္ထရီတစ်လုံး ပါရှိတာကြောင့် နောက်ဆုံးပေါ် ဂိမ်းများကစားခြင်း၊ ဟောလီးဝုဒ်က လူကြိုက်များတဲ့ ရုပ်ရှင်တွေကို ကြည့်ရှုခြင်း၊ ဝက်ဘ်ဆိုဒ်အသုံးပြုခြင်း သို့မဟုတ် လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ခြင်းတို့အတွက် သင်လိုအပ်သောစွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။ K Series အသစ်နဲ့အတူ လုပ်ငန်းပြီးမြောက်အောင် စွမ်းဆောင်ရွက်ခြင်း၊ အဖျော်ဖြေခံခြင်းများကို နာရီပေါင်းများစွာကြာအောင် ပြုလုပ်ကြည့်ပါ။

    ၄၄၀+ မိနစ် ရုပ်ရှင်
    (1080P ဗွီဒီယို)
    ၃၉၀+ မိနစ် ဝက်ဘ်ဆိုဒ်ကြည့်ရှုခြင်း ၄၀၀+ မိနစ် ရုံးလုပ်ငန်းဆောင်ရွက်လှုပ်ရှားမှု *ရှင်းလင်းချက် - ဘထ္ထရီသက်တမ်းမှာ အသုံးပြုပုံအပေါ်မူတည်၍ ကွဲပြားမှုရှိပါတယ်။

    ASUS WebStorage

    K Series လက်ပ်တော့တွေအားလုံးက ASUS WebStorage ရဲ့ ၁၆ ဂစ်ဂါဘိုက်မျှရှိတဲ့ ပမာဏကို တစ်နှစ်ပတ်လုံး အခမဲ့ အသုံးပြုနိုင်မှုနဲ့အတူ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ ယင်းက ကလောက်နည်းပညာအသုံးပြုပြီး သိမ်းဆည်းထားတဲ့ သင့်မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေနဲ့ မီမိုတွေကို အင်တာနက်ချက်ဆက်ထားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေပေါ်ကနေ ရယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
    အရန်သင့်ဖိုင်များ အချိန်ကိုက်လှုပ်ရှားမှုက သင့်ဖိုင်တွေအားလုံးကို နောက်ဆုံးပြင်ဆင် တည်းဖြတ်မှုအတိုင်း ရှိနေစေဖို့နဲ့ အရန်အဖြစ် အချိန်နဲ့တပြေးညီ သိမ်းဆည်းထားနိုင်စေဖို့ သေချာစေပါတယ်။ သင့်အနေနဲ့ ဒီဖိုင်တွေကို ဒေါင်းလော့လင့်ခ်တစ်ခုမှတစ်ဆင့် သူငယ်ချင်းများ၊ မိသားစုဝင်များထံသို့လည်း မျှဝေနိုင်ပါသေးတယ်။