ASUS recommends Windows 10 Pro.

    X453SA

    X453SA

    နေ့စဉ်သုံးစွဲမှုအတွက် သုံးစွဲသူလိုအပ်ချက်နဲ့ကိုက်ညီအောင် ထုတ်လုပ်ပေးထားသော နုတ်ဘွတ်များ

    • အသက်၀င်သော အရောင်အမျိုးမျိုးနဲ့ရရှိနိုင်တဲ့ စတိုင်ကျသောဒီဇိုင်း
    • Smart Gesture နဲ့ IceCool နည်းပညာတို့လို သုံးစွဲသူလိုအပ်ချက်နဲ့ကိုက်ညီသောဖီးချားများ
    • အရည်အသွေးမြင့် ASUS SonicMaster နည်းပညာမြှင့်တင်ထားသော အော်ဒီယို
      • ရင်သပ်ရှူမောဖွယ်

        အလှတရား

        ဂန္ဓ၀င်မြောက်သော ထာ၀ရဒီဇိုင်း

        The ASUS X Series က အလုပ်နဲ့ ဆော့ကစားခြင်းတွေအတွက် အဖက်ဖက်က ပြည့်စုံနေတဲ့ လက်ပ်တော့တစ်လုံးဖြစ်ပါတယ်။ အနက်၊ အဖြူ၊၊ ပန်းဆီ သို့မဟုတ် ခရမ်းဖျော့ရောင်ကို ရွေးချယ်နိုင်တဲ့ စတိုင်ကျသော ဗဟိုတူ စက်၀ိုင်းအချောသတ်မှုနဲ့ တာရှည်ခံသောဒီဇိုင်းက မိမိရဲ့တွေးမြင်ခံစားမှုကို ဖော်ပြပေးပါတယ်။ ASUS Splendid နဲ့ SonicMaster နည်းပညာတို့ကတော့ အသက်၀င်သောပုံရိပ်များနဲ့ တိကျမှန်ကန်သောအသံကို ဆောင်ကြဉ်းပေးပါတယ်။

      • လုံး၀ဥသုံရှင်းလင်းသော ရုပ်သံခေါ်ဆိုမှုများ

        X series မှာ အလင်းရောင်နည်းပါးတဲ့အခန်းတွေကနေ တောက်ပနေသော အခန်းပြင်ပ နေရာများအထိ အလင်း/အမှောင် အခြေအနေအမျိုးမျိုးမှာ ထိတွေ့သိရှိမှုမြင့်မားသော ဆင်ဆာတစ်လုံးပါရှိတဲ့ VGA ကင်မရာတစ်လုံး ထည့်သွင်းထားပါတယ်။ သင့်အနေနဲ့ ခုဆိုရင်တော့ သင့်ချစ်သူကိုဖြစ်ဖြစ် အခြားတစ်ယောက်ယောက်ကိုဖြစ်ဖြစ် ကောင်းစွာကြည့်ရှူခြင်းဖြင့် ဆက်သွယ်နိုင်ပါပြီ။

      • အသက်၀င်သောအရောင်တွေပါရှိတဲ့ ASUS Splendid Technology

        ကျွန်ုပ်တို့မူပိုင် Splendid နည်းပညာက လိုအပ်ချက်အမြင့်ဆုံးသော ကြည့်မြင်မှုစံချိန်စံညွှန်းတွေအတွက် စိတ်ကျေနပ်မှုရရှိစေမယ့် အားမာန်ပြည့်၀သောရုပ်ပုံများကို ပေးစွမ်းပါတယ်။ ယင်းက ဖန်သားမျက်နှာပြင်ဂုဏ်သတ္တိတွေကို အပလီကေးရှင်း၊ အရောင်ခွဲများချိန်ညှိခြင်းနဲ့ တိကျမှုတို့အပေါ်မှာ အခြေခံပြုလုပ်ထားခြင်းဖြစ်ပါ။ အကျိုးဆက်တွေကတော့ ရုပ်ရှင်တွေကနေ ဓာတ်ပုံတွေအထိ အပလီကေးရှင်းအားလုံးမှာ ပိုမိုအားမာန် ပြည့်၀တဲ့ အရောင်တွေနဲ့ ပိုမိုသန့်ရှင်းသပ်ရပ်သော ပုံရိပ်တွေကို ရရှိခြင်းပဲဖြစ်ပါတယ်။

        • NORMAL THEATER VIVID MANUAL
      HD_ကင်မရာ
      Splendid
      • ရင်သပ်ရှူမောဖွယ်

        စွမ်းဆောင်ရည်

        အဆင်ပြေချောမွေ့သော ကွန်ပျူတာသုံးစွဲမှုအတွေ့အကြုံတစ်ရပ်ကို ဖော်ဆောင်ပေးခြင်း

        အခြေခံလိုအပ်ချက်တွေအားလုံးပါ၀င်နေတဲ့ တန်ဘိုးရှိသော X Series က သင့်ရဲ့နေ့စဉ်ကွန်ပျူတာသုံးစွဲမှု အတွေ့အကြုံကို ပြန်လည်တီထွင်ပေးထားပါတယ်။ အလုပ်အတွက်သော်လည်းကောင်း၊ ပျော်ရွှင်မှုအတွက်သော်လည်းကောင်း အသုံးပြုနေတဲ့အချိန်မှာ ဤနုတ်ဘွတ်က လုပ်ငန်းပြီးမြောက်မှုစွမ်းအားရှိသော ကွန်ပျူတာသုံးစွဲမှုနဲ့ ဖျော်ဖြေမှုတို့အတွက် အကောင်းဆုံးသောစက်တစ်လုံးပါ။ သင့်ကွန်ပျူတာကို မလှုပ်မရှက်ဖြစ်နေသော အနေအထားမှာ ၂ စက္ကန့်အတွင်း တမဟုတ်ခြင်းပြန်လည် စတင်ပေးခြင်းနဲ့ ၁၀ ဆမျှပိုမြန်သော အချက်အလက် ကူးပြောင်းမှုနှုန်း အတွက်တပ်ဆင်ထားသော USB 3.0 တို့ကို ထည်သွင်းပေးထားပါတယ်။ ASUS X Series က လုပ်ငန်းအမျိုးမျိုးအတွက် ကွန်ပျူတာသုံးစွဲခြင်းနှင့် မီဒီယာစုံအတွေ့အကြုံတို့အတွက် အမှန်တကယ် စိတ်ကျေနပ်မှုရှိစေသော အရာတိုင်းကို သင့်အတွက် ပေးအပ်ထားပါတယ်။

      • လုပ်ငန်းဖြစ်မြောက်မှုနဲ့ ဖျော်ဖြေရေး

        ASUS X Series ပြေပြစ်စွာတုံ့ပြန်စွမ်းဆောင်ပေးမယ့် Intel® Core™ ပရိ်ုဆက်ဆာတွေ ပါ၀င်ပါတယ်။ ယင်းတို့က ပိုမိုမြန်ဆန်သောပရိုဆက်ဆာ၊ ပိုမိုစွမ်းအားပြည့်၀တဲ့ ဂရပ်ဖစ်တွေနဲ့ နေ့စဉ်ကွန်ပျူတာအသုံးပြုမှု သို့မဟုတ် မီဒီယာစုံဖျော်ဖြေရေးတို့အတွက် လုံလောက်တဲ့ အဆင်မြင့်သောအတွင်း မန်မိုရီထိန်းချုပ်စနစ် တို့ဖြင့် ပေါင်းစပ်ကြပါတယ်။ ASUS X Series က ပိုမိုများပြားတဲ့ အပလီကေးရှင်းတွေကို နှေးကွေးမှုတစ်စုံတစ်ရာမရှိဘဲ ကိုင်တွယ်ဆောင်ရွက် နိုင်တာကြောင့် ပါးလွှာသော ကွန်ပျူတာကိုယ်ထည် အစိတ်အပိုင်းတစ်ရပ်အတွင်းမှာ အလုပ်နဲ့ အပန်းဖြေမှုတွေ အားလုံးအတွက် အလွန်တရာအကျိုးရှိသော အသုံးပြုမှုဖြစ်ပါလိမ့်မယ်။

      • စမတ်ဖုန်းကဲ့သို့သော သုံးခွင့်ရစေမယ့် နုတ်ဘွတ်တစ်လုံး

        ကျွန်ုပ်တို့မူပိုင် ASUS Super Hybrid Engine II နည်းပညာက နုတ်ဘွတ်တွေကို အသင့်အနေအထားမှာ အချိန်ကြာမြင့်စွာထားရှိထားရင်တောင် ချက်ခြင်းဆိုသလို ပြန်လည်စတင်နိုင်မှုနဲ့အတူ စမတ်ဖုန်းတုံ့ပြန်မှုလို စွမ်းဆောင်မှုကို ဆောင်ကြဉ်းပေးထားပါတယ်။ ၂ စက္ကန့်သာကြာတဲ့အချိန်အတွင်းမှာ ယခုလိုမျိုး အလျင်အမြန် ပြန်လည်စတင်နိုင်တယ်ဆိုတာက နုတ်ဘွတ်ကို အချိန်ကြာမြင့်စွာပြန်လည် စတင်ခြင်းကြောင့်ဖြစ်ရတဲ့ စိတ်ကသိကအောက်ဖြစ်မှုကို ရှောင်ရှားနိုင်ပြီး ပျော်ရွှင်မှုတွေနဲ့ နှောင့်နှေးမှုကင်းသော လုပ်ငန်းပြီးမြောက်မှုတို့ကို ပြန်လည်ရရှိနိုင်ခြင်းလို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ASUS Super Hybrid Engine II နည်းပညာက လုပ်ငန်းတွေကို နီးနီးကပ်ကပ် ဆောင်ရွက်နိုင်မယ့် ပါ၀ါအနေအထား အမျိုးမျိုးနဲ့ ဘထ္ထရီသက်တမ်းကိုလည်း မြှင့်တင်ပေးပါသေးတယ်။ အခြေခံလုပ်ငန်းတွေကို ချက်ခြင်းဆိုသလို စတင်ရန်အတွက် ဖွင့်ထားနိုင်ခြင်းကြောင့် ASUS နုတ်ဘွတ်တွေက အံ့သြဖွယ်ကောင်းလောက်တဲ့ နှစ်ပတ်မျှကြာမြင့်သောအချိန်တစ်ခုအထိ အသင့်အနေအထား ထားရှိနိုင်ပါတယ်။ အချက်အလက်ဆုံးရှုံးမယ့် အရေးအတွက်လည်း ပူပန်စရာမလိုတော့ပါဘူး။ ဘထ္ထရီလက်ကျန်ပမာဏ ၅ ရာခိုင်နှုန်းကို ရောက်ရှိသွားပြီဆိုတာနဲ့တစ်ပြိုက်နက် အချက်အလက်တွေကို အလိုအလျောက် အရံသိမ်းဆည်းပေးထားလို့ပဲဖြစ်ပါတယ်။ ဖိုင်တွေနဲ့ လုပ်ငန်းကိစ္စတွေကို မန်မိုရီအတွင်းမှာ ဘေးကင်းလုံခြုံစွာ သိမ်းဆည်းပေးထားပြီး သင်ပြန်လာတဲ့ အချိန်ကို စောင့်မျှော်နေပါလိမ့်မယ်။

      • အလွန်လျင်မြန်သော အချက်အလက်ကူးပြောင်းမှုများ

        USB 3.0 က USB 2.0 ထက် ဆယ်ဆမျှ ပိုမိုမြန်ဆန်ပြီး သင်အလိုရှိသလိုအသုံးပြုနိုင်တဲ့ ယူအက်စ်ဘီပေါက် နှစ်ပေါက်က သင့်ကို ဓာတ်ပုံများ သိမ်းဆည်းခြင်း၊ သီချင်းများ ကူးပြောင်းခြင်းနဲ့ ဂစ်ဂါဘိုက်များပြားလွန်းတဲ့ ဗွီဒီယိုဖိုင်တွေကို ဖွင့်လှစ်ခြင်းတို့အား တွဲဖက်အသုံးပြုနိုင်သော သိမ်းဆည်းမှုနဲ့အတူ တခဏတာမျှသာ ကြာမြင့်သော အချိန်အတွင်းမှာ ပြုလုပ်နိုင်ပါတယ်။ ၂၅ ဂစ်ဂါဘိုက်ပမာဏရှိတဲ့ Blue-ray အရည်အသွေးရှိ ရုပ်သံဖိုင်ကို ၇၀ စက္ကန့်အတွင်း ကူးပြောင်းခြင်း အားဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတွေကို လက်ကာနှုတ်ဆက်လိုက်ပါ။

      စွမ်းဆောင်မှု
      အရေးပေါ်_အဖွင့်ခလုတ်
      လျင်မြန်သော_ဖိုင်_ကူးပြောင်းမှု
      • ရင်သပ်ရှူမောဖွယ်ကောင်းသော

        အသံ

        ရုပ်ရှင်ရုံအတွေ့အကြုံကို ရရှိစေမယ့် တိကျရှင်းလင်းသောအသံ

        နုတ်ဘွတ်အများစုမှာ အားလုံးသောအသံကြိမ်နှုန်းတွေက သေးငယ်သော အတွင်းပိုင်း စပီကာတွေကနေ ထွက်ပေါ်လာတာပါ။ ဒီလိုအော်ဒီယိုတွေက အသံရင်းမြစ်တစ်ခုတည်းက ထွက်ပေါ်လာခြင်းဖြစ်ပြီး ရှင်းလင်းပြတ်သတ်မှုမှာလည်း အတော်လေးနည်းပါးလှပါတယ်။ X Series နဲ့အတူ အရပ်မျက်နှာပေါင်းစုံကို ထုတ်လွှင့်ပေးတဲ့ အော်ဒီယိုသံကို ရယူခံစားခြင်းအားဖြင့် ဂီတတူရိယာတစ်ခုခြင်းစီရဲ့ ကွဲပြားသောအသံတွေကို နားထောင်ကြည့်ပါ။

      • SonicMaster အဆင့်မြင့်တင်ရေး အော်ဒီယို

        ICEpower နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ASUS Golden Ear အဖွဲ့ရဲ့ ကြိုးပမ်းမှုဖြစ်သော SonicMaster နည်းပညာက ပြောစမတ်တွင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ မိုဘိုင်းမီဒီယာစုံ အသုံးချပရိုဂရမ်တစ်ခုကို ကမ်းလှမ်းပေးထားပါတယ်။ သုံးစွဲသူလိုအပ်ချက်နဲ့ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ပေးထားတဲ့ ကျွန်ုပ်တို့ရဲ့ ပထမတန်းစား ကိုယ်ထည်ပိုင်းနဲ့ စွမ်းရည်မြင့်ဆော့ဖ်၀ဲများပေါင်းစပ်မှုက လွယ်လွယ်ကူကူ ခွဲခြားနိုင်ပြီး ပိုမိုကျယ်လောင်သောအသံတွေကို တိကျစွာဖော်ဆောင်ပေးနိုင်တဲ့ အော်ဒီယို အရည်အသွေးကို မြှင့်တင်ပေးပါတယ်။ ပိုမိုကြီးမားတဲ့စပီကာတွေနဲ့ အသံသြဇာကောင်းသော အသံခန်းတွေက ရုပ်ရှင်ဇာတ်ကားများ၊ သီချင်းများ ဖွင့်ခြင်းကဲ့သို့သော အသုံးပြုမှုအမျိုးမျိုးအတွက် အော်ဒီယို အတွေ့အကြုံကို မြှင့်တင်ပေးမယ့် ပိုမိုကောင်းမွန် ချောမွေ့တဲ့ အနုစိတ်ဆန်သော အသံတွေကို ပေးစွမ်းနိုင်ပါတယ်။ အော်ဒီယိုချိန်ညှိရေးဆော့ဖ်၀ဲတစ်ခုဖြစ်တဲ့ AudioWizard နဲ့ ပေါင်းစပ်ထားတဲ့ ASUS SonicMaster နည်းပညာက သင့်ဖျော်ဖြေရေးအတွေ့အကြုံအတွက် လေးနက်မှု အသစ်တစ်ရပ်ကို ဖြည့်စည်းပေးထားပါတယ်။

        • တစ်မူထူးခြားသော ဗိုကယ်သံများ
        • စစ်မှန်သော ၀န်းရံမှု
        • ကျယ်ပြန့်သော
        • စွမ်းရည်ပြည့်၀သော ထုတ်လုပ်မှု
        • လုံးဥသုံရှင်းလင်းသောအသံ
        • ပိုမိုကောင်းမွန်နက်နဲသော ဘေ့စ်သံ
      • အသံချိန်ညှိပေးသော AudioWizard Maxx Audio

        AudioWizard က ၂၀၁၁ ခုနှစ် Technical GRAMMY® ဆုကို ပိုင်ဆိုင်ထားတဲ့ ပရော်ဖက်ရှင်နယ် အော်ဒီယိုအသံ ပြင်ဆင်ပြုလုပ်ရေး အသုံးချပရိုဂရမ် MaxxAudio နဲ့ ပေါင်းစပ်ထားတဲ့ အော်ဒီယိုသံချိန်ညှိရေးဆော့ဖ်၀ဲတစ်ခုပါ။ ရွေးချယ်နိုင်သော အနေအထား ၅ မျိုးက နားထောင်နေတဲ့ ပတ်၀င်ကျင်အမျိုးမျိုးနဲ့ ကိုက်ညီမယ့် အသံအရည်အသွေးတစ်ရပ်ကို မြှင့်တင်ပေးပါတယ်။ ကျွန်ုပ်တို့ပိုင်ပေါင်းကူးဆက်သွယ်ရေးစနစ်ကို သင့်အတွက် ဦးစားရည်ရွယ် ထုတ်လုပ်ထားဖြစ်လို့ ယင်းက သုံးစွဲသူလိုအပ်ချက်နဲ့ လုံး၀ဥသုံကိုက်ညီပြီး သင်အလိုရှိသော အကြောင်းအရာတွေကို လျင်လျင်မြန်မြန် ချောချောမောမော ရယူသုံးစွဲနိုင်စေပါတယ်။ ပျော့လွယ်ပြင်လွယ်ဖြစ်လွန်းပြီး အသံတွေကိုလည်း စက္ကန့်ပိုင်းအတွင်း ပြောင်းလဲနိုင်ပါတယ်။

      SonicMaster
      AudioWiazrd
      • တို့ထိမှု

        တက်ေသာ အခ်က္အလက္ထည့္သြင္းမႈ

        ASUS Golden Finger အဖွဲ့က သဘာ၀ကျသော ပေါင်းကူးဆက်သွယ်ရေးစနစ်ကို ဦးစားပေးတာကြောင့် သာမာန်လက်ပ်တော့တွေရဲ့ စံချိန်စံညွှန်းထက် အဆများစွာသာလွန်သော စံချိန်စံညွှန်းတွေကို ဖော်ဆောင်လျက်ရှိပါတယ်။ ဤဆောင်ရွက်မှုက ASUS အား အပလီကေးရှင်းတိုင်း၊ အချိန်းတိုင်းမှာ သက်တောင့်သက်သာအရှိဆုံးနဲ့ တုံ့ပြန်မှုအရှိဆုံးသော အတွေ့အကြုံတစ်ရပ်ကို ပေးစွမ်းနိုင်စေပါတယ်။ ဤ X Series မှာ အမျိုးမျိုးသော အချက်အလက် တို့ထိထည့်သွင်းမှုများကို လျင်မြန်တိကျစွာ တုံ့ပြန်ပေးနိုင်ရန်အတွက် Smart Gesture နည်းပညာတပ်ဆင်ထားသည့် ကျယ်ပြန့်သော တို့ထိလွှာတစ်ခု ပါ၀င်ပါတယ်။ ဘေးကင်းထိရောက်စွာအသုံးပြုရန် ရည်ရွယ်ပြင်ဆင်ထားတဲ့ ပြေပစ်သောကီးဘုတ်က သင့်အတွက် သက်တောင့်သက်သာအရှိဆုံးသော စာရိုက်ခြင်းအတွေ့အကြုံတစ်ရပ် ဖန်တီးပေးဖို့ ပုံဖော်ထားခြင်း ဖြစ်ပါတယ်။

      • ထိတွေ့မှုမျိုးစုံက လွယ်ကူမှုကို ဖန်တီးပေးပါတယ်

        X Series ရဲ့ နေရာစုံတို့ထိလွှာက လက်ဖျားထိပ်နဲ့ သဘာ၀ကျကျကွန်ပျူတာသုံးစွဲနိုင်စေမယ့် Smart Gesture နည်းပညာနဲ့အတူ ပေါ်ထွက်လာခဲ့တာပါ။ ယင်းက သဘာ၀ကျကျ ရိုးရှင်းနေတယ်ဆိုပေမယ့် အဆင့်မြင့် အခြေခံလုပ်ငန်းစဉ်တွေကို မောက်စ်အသုံးပြုစရာမလိုဘဲ ရယူသုံးစွဲနိုင်စေဖို့အတွက် ထက်အောက်ရွှေ့ခြင်း၊ ညာဘက်ခလုတ်များ နှိပ်ခြင်းတို့နဲ့အတူ ရှုပ်ထွေးသောတုံ့ပြန်မှုကို ဆောင်ရွက်ပေးပါတယ်။ Smart Gesture နည်းပညာက မြင်ကွင်းချုံ့/ချဲ့မှု ပြုလုပ်ခြင်း၊ ထက်အောက်ရွေ့ခြင်းနဲ့ Window 8 တို့ထိမျက်နှာပြင်အခြေခံလုပ်ငန်းစဉ်တွေကို လှုံ့ဆော်ပေးသော တို့ထိမှုတို့လို ထိတွေ့အမိန့်အမျိုးမျိုးကို ပြုလုပ်နိုင်စေပါတယ်။ အဆိုပါတို့ထိလွှာက ပိုမိုတိကျတဲ့ပွိုင်တာထိန်းချုပ်မှုအတွက် ပြသပေးခြင်းကြောင့် အချိုးအစားကျနေပြီး ကျွန်ုပ်တို့အနေနဲ့လည်း Windows 8 အမူအယာပြပုံစံများအသုံးပြုရန် အခွင့်အလမ်းများစွာကို ပိုမိုကျယ်ပြန့်စွာ ဖန်တီးခဲ့ပြီးဖြစ်ပါတယ်။

      • ဘေးကင်းလုံခြုံချောမွေ့စွာအသုံးပြုနိုင်သည့် တစ်ဆက်တစ်စပ်တည်းသော ကီးဘုတ်

        ပြေပြစ်သည့် တစ်ဆက်တစ်စပ်တည်းသောကီးဘုတ်က သင့်အတွက် သက်သက်သာသာ သေသေချာချာ စာရိုက်နိုင်သောအတွေ့အကြုံတစ်ရပ်ကို ဖော်ဆောင်ပေးရန် ကီးပေါ်ချိန်ကို ဟန့်တားပေးပါတယ်။ ဘေးကင်းလုံခြုံစွာအသုံးပြုစေနိုင်ရန် ပုံဖော်ဖန်တီးထားတဲ့ ခြစ်ကလက်ကီးဘုတ်ဒီဇိုင်းက စာရိုက်မှု တိကျရေးကို သေချာစေမယ့် အဆင့်မြှင့်ထားသော ပြင်ဆင်ထားသိုမှု တစ်ရပ်ကို ဖော်ဆောင်ပေးမယ့် ကီးတွေကို အတိအကျ ကန့်ထားပေးပါတယ်။ ကီးတစ်ခုချင်းစီကို ပိုမိုလျင်မြန်သောစာရိုက်မှုအတွက် ကီးတုံ့ပြန်မှုတိုးမြှင့်ရန် ကီးဘုတ်အားနဲ့ရိုက်ချက်တွေရဲ့ ASUS's Golden Ratio အဖြစ်သို့ ကျွမ်းကျင်စွာ ချိန်ညှိပေးထားပြီးပါပြီ။ ယခုကဲ့သို့သောအနုစိတ်ဆောင်ရွက်ချက်က အချိန်ကြာမြင့်စွာ စာရိုက်ပြီးတဲ့အချိန်မှာတောင် အသုံးပြုသူ ပင်ပန်းနွမ်းနယ်မှုကို လျော့ချပေးပါတယ်။

      Smart Gesture-
      ကီးဘုတ်
      • ရင်သပ်ရှူမောဖွယ်ကောင်းသော

        Cloud

        သင့်ဒေတာတွေနဲ့ ဖိုင်တွေကို အချိန်မရွေး၊ နေရာမရွေး ရယူပါ

        ASUS WebStorage က အင်တာနက်ချိတ်ဆက်မှုတစ်ခုရှိနေတဲ့ အီလက်ထရောနစ်ကိရိယာ တစ်ခုခုပေါ်က သင့်အချက်အလက်တွေနဲ့ ဖိုင်တွေကို သင်ရယူသုံးစွဲနိုင်စေဖို့ အသေအချာ ဆောင်ရွက်ပေးပါတယ်။ ASUS WebStorage နဲ့ဆိုရင် သင့်ဖိုင်တွေကို နောက်ဆုံးပြုပြင်တည်းဖြတ်မှုများအထိ အလိုအလျောက် သိမ်းဆည်းပေး နိုင်မှာဖြစ်ပြီး အီလက်ထရောနစ်ကိရိယာအမျိုးမျိုးပေါ်မှာ ချိန်ကိုက်လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ သူငယ်ချင်းများ၊ မိသားစု၀င်များနဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို မျှေ၀နိုင်မှာဖြစ်သလို သင့်ဂီတနဲ့ရုပ်ရှင်တွေကိုလည်း သင့်အီလက်ထရောနစ် ကိရိယာပေါ်မှာ စီးဆင်းစေနိုင်မှာဖြစ်ပါတယ်။ ASUS X Series က အခမဲ့အသုံးပြုလို့ရတဲ့ ASUS WebStorage နေရာလွတ်နဲ့ ပေါ်ထွက်ခြင်းပါ။