ZenFone Selfie (ZD551KL)

    စွမ်းဆောင်ရည်

    မီဒီယာစုံဖျော်ဖြေမှုနဲ့ဘထ္ထရီသက်သာမှုတို့ရဲ့ အကောင်းဆုံးသော ဟန်ချက်ညီမှု

    မီဒီယာစုံ
    ဖျော်ဖြေမှုနဲ့
    ဘထ္ထရီသက်သာမှုတို့ရဲ့
    အကောင်းဆုံးသောဟန်ချက်

    64-bit
    Qualcomm
    Snapdragon
    Octa-Core
    CPU
    ၃ ဂစ်ဂါဘိုက်
    RAM
    Adreno 405
    GPU
    Cat 4
    တစ်မိနစ်လျင် ၁၅၀ မီဂါဘိုက်
    4G LTE
    802.11ac
    တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက်
    ၀ိုင်ဖိုင်
    1080p
    Full HD
    ဗွီဒီယို/ဖန်သားမျက်နှာပြင်
    Corning®
    Gorilla®
    Glass 4
    Glass
    ပါးလွှာအောင်ပြုလုပ်ပေးထားသော မျက်နှာပြင်အပြည့်
    ASUS TruVivid

    ZenFone Selfie ကို မီဒီယာစုံဖျော်ဖြေရေးနဲ့ ဘထ္ထရီသက်သာမှုတို့အကြား အကောင်းဆုံးသော ဟန်ချက်တစ်ရပ်အဖြစ် ဖန်တီးနိုင်ရန် ကမ္ဘာအဆင့်ရှိ တီထွင်ဆန်းသစ်မှုနဲ့ ထုတ်ပိုးခဲ့တာဖြစ်ပါတယ်။ ဖုန်းလောက ပထမဆုံးသော octa-core ပရိုဆက်ဆာရဲ့ Qualcomm® Snapdragon„¢ 615 နဲ့ ၃ ဂစ်ဂါဘိုက် အထိရှိတဲ့ မြန်ဆန်သော မန်မိုရီတို့ရဲ့ ဦးဆောင်မှုနဲအတူ ZenFone Selfie မှာ ဂိမ်းကစားမှုကို ပိုကောင်းစေသော Adreno„¢ 405 ဂရပ်ဖစ်များ၊ တစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက် မျှရှိတဲ့ ဒေါင်းလော့မြန်နှုန်းကို ရရှိစေမယ့် 4G/LTE Advanced (Category 4) ချိတ်ဆက်မှုနဲ့ သင်ထင်ထားသလို မြန်ဆန်နေတဲ့ တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက်မျှရှိသော Wi-Fi ချိတ်ဆက်မှုများအတွက် စီစဉ်ထားတဲ့ 802.11ac တို့ ပါရှိပါတယ်။ ယင်းတို့အားလုံးကို ZenFone Selfie ရဲ့ အခိုင်ခံ့ဆုံးသော Corning® Gorilla® Glass 4 ဖြင့် ပြုလုပ်ထားတဲ့ ဂုဏ်ယူ၀င့်ကြွားဖွယ် 1080p (Full HD) ဖန်သားမျက်နှာပြင်နဲ့ ကျွန်ုပ်တို့မူပိုင်ဖြစ်တဲ့ ASUS TruVivid မျက်နှာပြင်လွှာက ဆောင်ကြဉ်းပေးမယ့် ပြောစရာ မလိုလောက်အောင် ရှင်းလင်းပြတ်သားမှုရှိတဲ့ သက်၀င်လှုပ်ရှားနေသောအရောင်တွေကို သုံးစွဲခံစားကြည့်ပါ။

    ZenFone Selfie ကို မီဒီယာစုံဖျော်ဖြေရေးနဲ့ ဘထ္ထရီသက်သာမှုတို့အကြား အကောင်းဆုံးသော ဟန်ချက်တစ်ရပ်အဖြစ် ဖန်တီးနိုင်ရန် ကမ္ဘာအဆင့်ရှိ တီထွင်ဆန်းသစ်မှုနဲ့ ထုတ်ပိုးခဲ့တာဖြစ်ပါတယ်။ ဖုန်းလောက ပထမဆုံးသော octa-core ပရိုဆက်ဆာရဲ့ Qualcomm® Snapdragon„¢ 615 နဲ့ ၃ ဂစ်ဂါဘိုက် အထိရှိတဲ့ မြန်ဆန်သော မန်မိုရီတို့ရဲ့ ဦးဆောင်မှုနဲအတူ ZenFone Selfie မှာ ဂိမ်းကစားမှုကို ပိုကောင်းစေသော Adreno„¢ 405 ဂရပ်ဖစ်များ၊ တစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက် မျှရှိတဲ့ ဒေါင်းလော့မြန်နှုန်းကို ရရှိစေမယ့် 4G/LTE Advanced (Category 4) ချိတ်ဆက်မှုနဲ့ သင်ထင်ထားသလို မြန်ဆန်နေတဲ့ တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက်မျှရှိသော Wi-Fi ချိတ်ဆက်မှုများအတွက် စီစဉ်ထားတဲ့ 802.11ac တို့ ပါရှိပါတယ်။ ယင်းတို့အားလုံးကို ZenFone Selfie ရဲ့ အခိုင်ခံ့ဆုံးသော Corning® Gorilla® Glass 4 ဖြင့်ပြုလုပ်ထားတဲ့ ဂုဏ်ယူ၀င့်ကြွားဖွယ်တဲ့ 1080p (Full HD) ဖန်သားမျက်နှာပြင်နဲ့ ကျွန်ုပ်တို့မူပိုင်ဖြစ်တဲ့ ASUS TruVivid မျက်နှာပြင်လွှာက ဆောင်ကြဉ်းပေးမယ့် ပြောစရာ မလိုလောက်အောင် ရှင်းလင်းပြတ်သားမှုရှိတဲ့ သက်၀င်လှုပ်ရှားနေသောအရောင်တွေကို သုံးစွဲခံစားကြည့်ပါ။

    Octa-core တော်လှန်ရေးက စနေပါပြီ

    Qualcomm Snapdragon 615 က ဖုန်းလောကရဲ့ ပထမဆုံးသော octa-core 64-bit ပရိုဆက်ဆာတစ်လုံး ဖြစ်ပါတယ်။ ဤပရိုဆက်ဆာက ZenFone Selfie ကို မီဒီယာစုံဖျော်ဖြေမှုနဲ့ ဘထ္ထရီသက်သာမှုတို့အကြား အကောင်းဆုံးသော ဟန်ချက်ကို ရရှိစေမယ့် အဆင့်မြင့်နည်းပညာမျိုးစုံကို တစ်ခုတည်းသောပရိုဆက်ဆာ လေးထောင့်ကွက် အတွင်းသို့ ချုံ့ထည့်ပေးထားတဲ့ ချစ်ပြားတစ်ခုပေါ်က စွမ်းအင်ရင်းမြစ်စနစ်တစ်ခု ဖြစ်ပါတယ်။ ထို့အပြင် ၃ ဂစ်ဂါဘိုက်အထိရှိတဲ့ မြန်နှုန်းမြင့် RAM တစ်ခုကို သင့်လက်၀ယ် ပိုင်ဆိုင်ထားတာကြောင့် သင့်အနေနဲ့ သင်လိုအပ်တဲ့ အပလီကေးရှင်းတွေအားလုံးကို အထစ်အငေါ့မရှိ ပြေပြေပြစ်ပြစ် ဖွင့်ထားနိုင်ပါလိမ့်မယ်။

    တစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက်မျှ ဒေါင့်လော့လုပ်နိုင်တဲ့ ရင်ခုန်ဖွယ်ရာ မြန်နှုန်းမြင့် 4G/LTE

    ZenFone Selfie မှာတစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက်အထိ ဆွဲနိုင်တဲ့ မြန်နှုန်းမြင့်မိုဘိုင်းအင်တာနက်အတွက် နောက်ဆုံးပေါ် 4G LTE အဆင့်မြင့်နည်းပညာ ပါရှိပါတယ်။ ZenFone Selfie ရဲ့ 4G/LTE Advanced နည်းပညာက ဖုန်းလိုင်းပေါင်းစပ်မှု*အတွက် အဆင်ပြေပြီး သင်ရောက်လေရာ အရပ်တိုင်းမှာ ဖုန်းကုမ္ပဏီအမျိုးမျိုးရဲ့ ဘန်းဒ၀ှစ်တွေကို အပြည့်အ၀ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေပါတယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံက ဖုန်းလိုင်းပေါင်းစပ်မှုကို ထောက်ခံခဲ့ပြီး တော်တော်များများကလည်း အလားတူ ဆောင်ရွက်ဖို့ ရှိနေတာကြောင့် သင့်အနေနဲ့ ကမ္ဘာတစ်လွှားမှာ အံ့အားသင့်ဖွယ်မြန်နှုန်းကို ရရှိခံစား နိုင်ပါလိမ့်မယ်။

    ZenFone Selfie မှာတစ်မိနစ်လျင် ၁၅၀ မက်ဂါဘိုက်အထိ ဆွဲနိုင်တဲ့ မြန်နှုန်းမြင့်မိုဘိုင်းအင်တာနက်အတွက် နောက်ဆုံးပေါ် 4G LTE အဆင့်မြင့်နည်းပညာ ပါရှိပါတယ်။
    Mbps* - ZenFone Selfie ရဲ့ 4G/LTE Advanced နည်းပညာက ဖုန်းလိုင်းပေါင်းစပ်မှု*အတွက် အဆင်ပြေပြီး သင်ရောက်လေရာအရပ်တိုင်းမှာ ဖုန်းကုမ္ပဏီအမျိုးမျိုးရဲ့ ဘန်းဒ၀ှစ်တွေကို အပြည့်အ၀ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေပါတယ်။ နိုင်ငံပေါင်း ၃၁ နိုင်ငံက ဖုန်းလိုင်းပေါင်းစပ်မှုကို ထောက်ခံခဲ့ပြီး တော်တော်များများကလည်း အလားတူဆောင်ရွက်ဖို့ ရှိနေတာကြောင့် သင့်အနေနဲ့ ကမ္ဘာတစ်လွှားမှာ အံ့အားသင့်ဖွယ်မြန်နှုန်းကို ရရှိခံစားနိုင်ပါလိမ့်မယ်။

    * နိုင်ငံ၊ ဒေသနဲ့ ဖုန်းဆက်သွယ်ရေး၀န်ဆောင်မှုပေးသူများအပေါ်မူတည်ပြီး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။

    တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက်မျှရှိတဲ့ 802.11ac super-fast Wi-Fi

    ZenFone Selfie မှာ 802.11n ပမာဏရှိ အားသွင်းနှုန်းမြင့် ဗားရှင်းတစ်ခုဖြစ်တဲ့ (သင့်စမတ်ဖုန်းနဲ့ လက်ပ်တော့တွေမှာ အသုံးပြုထားနိုင်ဖွယ်ရှိတဲ့ လက်ရှိ Wi-Fi စံညွှန်း) 802.11ac super-fast Wi-Fi ကို တပ်ဆင်ထားပါတယ်။ ဤဗားရှင်းက တစ်မိနစ်လျင် ၄၃၃ မက်ဂါဘိုက် ကူးပြောင်းနိုင်တဲ့မြန်နှုန်းကို ပေးစွမ်းနိုင်ပြီး နေရာခွဲရှစ်ခု (MIMO) အထိ လည်ပတ်ပေးနိုင်ပါတယ်။ ကူးပြောင်းမှုပမာဏမြင့်မားစေရန်နဲ့ စွမ်းအင်သုံးစွဲမှု လျော့ချပေးရန်တို့အတွက် "beamforming" လို့ခေါ်တဲ့ အဆင့်မြင့်နည်းပညာတစ်ရပ်ကို အသုံးပြုထားတာကြောင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

    Corning® Gorilla®
    Glass 4
    ရင်သပ်ရှုမောလောက်အောင် ခိုင်မာပြီး ဂေါ်ရီလာလိုု

    Gorilla® Glass 4 က ကမ္ဘာကျော် Corning ကုမ္ပဏီရဲ့ တီထွင်ဆန်းသစ်မှုရှိသော နောက်ဆုံးပေါ် ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ZenFone Selfie€™s (ZD551KL) ရဲ့ Gorilla® Glass 4 ဖန်သားမျက်နှာပြင်က ယင်းရဲ့ မူလလက်ဟောင်းတွေရဲ့ ကွဲရှပျက်စီးမှုခံနိုင်အားထက် နှစ်ဆမြှင့်မားခြင်း၊ ထိန်းသိမ်းအား ၂.၅ ဆမြင့်မားခြင်းနဲ့ နေ့စဉ်အသုံးပြုမှုအတွင်း ပေါ်ပေါက်နိုင်တဲ့ ကွဲရှနိုင်ချေ ၈၅ ရာခိုင်နှုန်း နည်းပါးမှုတို့ကို ပေးအပ်ထားတာကြောင့် ယခင်ထက် ပိုမိုလုံခြုံ၊ ခိုင်ခံအောင် ပြုလုပ်ထားပါတယ်။

    ×
    ပြုတ်ကျပျက်ဆီးမှု ခံနိုင်အား
    ၈၅%
    ကွဲရှရန် အခွင့်အလမ်းနည်းပါးခြင်း
    နည်းပါးသော
    ကွဲရှရန်
    ၂.၅ ×
    ထိန်းထားနိုင်သော ခိုင်မြဲမှု

    ASUS TruVivid နည်းပညာဖြင့် ရရှိသော မျက်နှာပြင်ပြည့်အလွှာ

    ZenFone Selfie ရဲ့ ရှေ့၊ နောက်နှစ်ဘက်ပါ PixelMaster ကင်မရာနှစ်ခုလုံးမှာ အလင်းရောင် ဟန်ချက်ညီမှုကို တိုးမြှင့်ဖို့အတွက် backlight (Super HDR) နည်းပညာကို ထည့်သွင်းပေးထားပြီး ရိုက်ချက်တိုင်းအတွက် ရိုက်ချက်တိုင်းကို သဘာ၀ကျကျ ပြုလုပ်စေနိုင်ပါတယ်။ အထူးအလင်းဖြတ်စက်မြှင့်တင်ရေးနည်းပညာက မှောင်မိုက်သောနေရာတွေနဲ့ အရိပ်ထိုးနေသော နေရာတွေမှာ ၄၀၀ ရာခိုင်နှုန်းအထိ တောက်ပစေနိုင်တာကြောင့် ဓာတ်ပုံတွေကိုလည်း သင့်မျက်လုံးနဲ့ အပြင်မှာ မြင်တွေ့ရတဲ့ ပုံစံအနေအထားအတိုင်း မြင်တွေ့ရမှာဖြစ်သလို ဆယ်လ်ဖီပုံတွေမှာလည်း သင့်ရဲ့သဘာ၀ကျသော စွမ်းပကားကို ဖော်ပြပေးနိုင်ပါတယ်။

    အကောင်းဆုံးသော ရိုးရှင်းပြတ်သားမှုနဲ့ တို့ထိတုံ့ပြန်မှုတို့အတွက် ZenFone Selfie က တမူထူးခြားသော ASUS TruVivid နည်းပညာဖြင့် ပေါင်းစပ်ထားပါတယ်။ ဤပေါင်းစပ်မှုက အစဉ်အလာ အလွှာလေးလွှာ ဒီဇိုင်းကို ဆန်းသစ်တီထွင်မှုရှိသော အလွှာနှစ်လွှာပါ ဒီဇိုင်းအဖြစ်သို့ အထစ်အငေါ့မရှိသော အလွှာပြည့်အဖြစ် အသွင်ပြောင်းပေးပါတယ်။ အဖုံးမှန် နဲ့ တို့ထိမှန် အလွှာတို့ကို ပေါင်းစပ်ပေးခြင်းက လေဟာနယ်ကို ဖယ်ရှားပေးတာကြောင့် အရာရာတိုင်းကို ZenFone Selfie ရဲ့ မျက်နှာပြင်နဲ့ နီးကပ်စေပြီး သင့်ရဲ့ တို့ထိမှုနဲ့ ပိုမို နီးကပ်စေပါတယ်။

    ၇၂ ရာခိုင်နှုန်းရှိ NTSC အရောင်အမျိုးမျိုး

    ZenFone Selfie ရဲ့ ပါးလွှာလွန်းသော ဖန်သားမျက်နှာပြင်က ၇၂ ရာခိုင်နှုန်းရှိ အရောင်တွဲစပ်မှုကို ရရှိထားတာကြောင့် လက်တွေ့ကမ္ဘာမှာ သင့်မျက်လုံးနဲ့ မြင်တွေ့ရတဲ့ အရောင် များစွာအတိုင်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေက ပိုမိုရှင်းလင်းတောက်ပပြီး အရမ်းထင်ရှားလှပါတယ်။ အခြားပြိုင်ဘက် စမတ်ဖုန်း မှန်သားတွေထက် များစွာသက်၀င်ဆွဲဆောင်မှုရှိပါတယ်။

    လက်အိတ်များနဲ့ပင် ပြုလုပ်၍ရသော
    တို့ထိမှုတိုင်းအပေါ် တုံ့ပြန်ခြင်းများ

    ZenFone Selfie မှာ ASUS Glove Touch နည်းပညာနဲ့ ဆောင်ရွက်လို့ရတာကြောင့် ဤဖုန်းက သင်လက်အိတ်တွေ ၀တ်ထားတယ်ဆိုရင်တောင်မှ သင့်ရဲ့ အားလုံးသော တို့ထိမှု၊ ဆွဲချက်နဲ့ လှုပ်ရှားမှုတိုင်းကို တုံ့ပြန်ပေးပါတယ်။

    ဈေးကြီးသော အော်ဒီယို
    ကျွမ်းကျင်ပညာရှင်များ၏ ဖန်တီးမှု

    သင့်အတွက် အကောင်းတကာ့ အကောင်းဆုံးသော စမတ်ဖုန်း အော်ဒီယိုတစ်ခုကို ပေးအပ်နိုင်ဖို့ နာမည်ကျော် ASUS Golden အဖွဲ့နဲ့ ဖန်တီးတဲ့ ZenFone 2 Laser ရဲ့ SonicMaster နည်းပညာက အစဉ်သဖြင့် လုံး၀ရှင်းလင်းတဲ့ အသံကို ဖော်ဆောင်ပေးပါတယ်။ နားကြပ်နဲ့ နားထောင်သည်ဖြစ်စေ၊ စပီကာနဲ့ နားထောင်သည်ဖြစ်စေ သင့်လှုပ်ရှားမှုတိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အနုစိတ်ဆန်သော အော်ဒီယိုအတွေ့အကြုံကို ရရှိပါလိမ့်မယ်။

    အခြေအနေအမျိုးမျိုးအတွက်
    စမတ်ကျသော
    ASUS AudioWizard

    ASUS AudioWizard က ရုပ်ရှင်ပုံစံ၊ ဂိမ်းကစားနေသောပုံစံ၊ ဂီတသံစဉ်သငေ်္ကတပုံစံ၊ ဂီတပုံစံနဲ့ စမတ်ပုံစံတို့အပါအ၀င် အခြေအနေအမျိုးမျိုးမှာ အကောင်းဆုံးသော နားထောင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ စမတ်ဆော့ဖ်၀ဲတစ်ခုဖြစ်ပါတယ်။

    ဂီတ
    ပုံစံ
    ရုပ်ရှင်
    ပုံစံ
    ဂိမ်းကစားနေသော
    ပုံစံ
    မိန့်ခွန်း
    ပုံစံ
    စမတ်
    ပုံစံ
    နောက်တစ်ခု

    ပိုမိုရိုးရှင်း စမတ်ကျသော
    ကိုယ်ပိုင်အမှတ်သညာပြုမှုနဲ့
    ZenUI သုံးစွဲမှု အတွေ့အကြုံx

    ZenUI အကြောင်း ပိုမိုသိရှိနိုင်ရန်