အားသွင်းမှုမျိုးစုံ
ASUS ZenPower က ကုန်အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်တဲ့ စမတ်ဖုန်းအမျိုးမျိုးကို အားသွင်းဖို့အတွက် အထောက်အကူပြုသူပါ။ ယင်းရဲ့ များပြားလှတဲ့ လျှပ်စစ်စွမ်းအင်က သင့်ဖုန်းတွေရဲ့ စွမ်းအင်ဖြည့်စည်းမှုလိုအပ်ချက်ကို ဖြည့်စည်းနိုင်စွမ်းရှိပါတယ်။ အောက်ဖော်ပြပါဇယားမှာ အမျိုးမျိုးသော ဖုန်း/တက်ဘလက် ဘက်ထရီတစ်လုံးမှလိုအပ်တဲ့ စွမ်းအင် ပမာဏအတွက် ASUS ZenPower ရဲ့ စွမ်းအင်ဖြည့်စည်းမှု စွမ်းဆောင်ရည်ကို ဖော်ပြပေးထားပါတယ်။
| စမတ်ဖုန်းဘက်ထရီခံနိုင်စွမ်းပမာဏ | အားသွင်းနိုင်သော အကြိမ်အရေအတွက် |
| ၁၅၀၀mA | > ၄ ကြိမ် |
| ၂၀၀၀mA | > ၃ ကြိမ် |
| ၂၅၀၀mA | > ၂.၅ ကြိမ် |
| ၃၀၀၀mA | > ၂ ကြိမ် |
| တက်ဘလက်ဘက်ထရီ | အားသွင်းနိုင်သော အကြိမ်အရေအတွက် |
| ၄၀၀၀mA | > ၁.၅ ကြိမ် |
| ၄၅၀၀mA | > ၁.၂ ကြိမ် |
| ၅၀၀၀mA | > ၁.၁ ကြိမ် |