ဖြည့်စွက်ဉာဏ်ပါရှိသော အသစ်စက်စက် ပေါင်းကူးစနစ်
အလွန့်အလွန်ထူးခြားသော ကိုယ်ထည်ပိုင်းက ခမ်းနားကြီးကျယ်တဲ့ ဆော့ဖ်ဝဲကို လိုအပ်လေ့ရှိပြီး အဲဒီ့ဆော့ဖ်ဝဲကတော့ ZenUI 3.0 ပဲ ဖြစ်ပါတယ်။ ZenFone ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှေ့ဘက်အစွန်းပိုင်းက စံပြုပေါင်းကူးစနစ်ကို တစ်မူထူးခြားတဲ့ နည်းလမ်းပေါင်း ၁၀၀၀ ကျော်နဲ့ ပိုကောင်းလာစေပြီး ကျွန်တော်တို့ရဲ့ နောက်ဆုံးထုတ်ကုန်မှာ သင့်ရဲ့ မိုဘိုင်းသုံးစွဲမှု အတွေ့အကြုံကို ပိုမိုတောက်ပစေရန်၊ ထုတ်လုပ်စွမ်းအား တိုးမြှင့်ရန်နဲ့ နေ့စဉ်ဘ၀ကို အနည်းငယ် ပိုမိုပျော်ရွှင်လာအောင် ပြုလုပ်ပေးရန်တို့အတွက် အသစ်စက်စက် အတွေးအခေါ်တွေ ပါဝင်နေပါတယ်။ လှုပ်ရှားပုံရိပ်တွေနဲ့ အချိန်ကိုက်ဖော်ပြပေးနေတဲ့ နောက်ဆုံးရ မိုးလေဝသသတင်းကို ကြည့်ရှုလိုက်ပါ၊ သို့မဟုတ် စတိုင်ကျတဲ့ နာရီဝစ်ဂက်တစ်ခုနဲ့ အချိန်ကြည့်လိုက်ပါ။ သင့်အပလီကေးရှင်းတွေကို ဆွဲယူရွေ့လျားနေတာနဲ့အမျှ မျဉ်းပြိုင်အနေအထား ရွှေ့လျားခြင်းရဲ့ နက်ရှိုင်းမှုကို ခံစားကြည့်ပါ။ ဒါ့အပြင် သိမ်မွေ့တဲ့ ဝေဝါးနေသော အကျိုးသက်ရောက်မှုက အနီးမြင်ကွင်းပေါ်မှ သင့်ရဲ့အာရုံစိုက်မှုကို ထိန်းထားတဲ့ပုံကိုလည်း နှစ်သက်သဘောကျကြည့်ပါ။ ZenUI 3.0 က ပေါင်းကူးစနစ်တစ်ခုဖြစ်နေယုံတင် မကပါဘူး၊ နေရာတိုင်းမှာ သင်နဲ့လိုက်ပါနေမယ့် အကောင်းဆုံးသော သူငယ်ချင်းလည်း ဖြစ်ပါတယ်။
ပိုမိုလေ့လာရန်
သော့ချ မျက်နှာပြင်
အချိန်ကိုက် လှုပ်ရှားဖော်ပြနေတဲ့ မိုးလေဝသသတင်းနဲ့ နာရီ
ZenUI 3.0 က သင့်တစ်နေတာအချိန်ဇယားအတိုင်း ဆောင်ရွက်နိုင်စေရန် သင့်ကိုအကူအညီပေးမယ့် ခမ်းနားတဲ့ နာရီဝစ်ဂက်အချို့၊ လှပစွာပြုလုပ်ဖန်တီးထားတဲ့ အပူချိန်နဲ့ ရာသီဥတု လှုပ်ရှားပုံရိပ်အမျိုးမျိုးဖြင့် ပေါ်ထွက်လာခဲ့တာပါ။ ဒါ့ကြောင့် မိုးရွာမလား၊ နေပူမလားဆိုတာကို တစ်ချက်ကြည့်လိုက်ယုံနဲ့ သိရှိနိုင်ပါလိမ့်မယ်။ လှုပ်ရှားပုံရိပ်တွေမှာ တိမ်၊ မိုးသား၊ နှင်း၊ မိုးကြိုးနဲ့ အခြားအရာတွေ ပါဝင်ပါတယ်။
မူလဖန်သားမျက်နှာပြင်
လှုပ်ရှားမှုအတွင်းက သင့်ကမ္ဘာကို ကြည့်ရှုလိုက်ပါ
ZenUI 3.0 ရဲ့ အသစ်စက်စက် မျဉ်းပြိုင်အနေအထား လှုပ်ရှားခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုက လင်းလက်တောက်ပမှုနဲ့ စိတ်ကျေနပ်ဖွယ်ရာ ရုပ်မြင်အတွေ့အကြုံတို့အတွက် အလွှာမျိုးစုံရှိသော ဝေါလ်ပေပါကို တည်ဆောက်ပေးပါတယ်။ အပလီကေးရှင်းတွေကနေတစ်ဆင့် သင်ပွတ်ဆွဲတာနဲ့အမျှ စစ်မှန်သော နက်ရှိုင်းမှုကို သင်ခံစားရမှာ ဖြစ်သလို နောက်ခံကို သိမ်မွေ့စွာ မှုန်ဝါးပေးထားတဲ့ မြင်ကွင်းဖြစ်နေတာကြောင့် အနီးမြင်ကွင်းပေါ်မှာ ဖြစ်ပျက်နေတဲ့အရာတွေအပေါ်ကို ဆက်လက်အာရုံစိုက်နိုင်ပါလိမ့်မယ်။
Theme များ
သင့်ဖုန်းကို သင့်အကြိုက်နဲ့အညီ အံဝင်ဂွင်ကျ စီစဉ်လိုက်ပါ
ကျွန်ုပ်တို့က ZenUI ကို ရာနဲ့ချီတဲ့ အသေအချာရွေးချယ်ထားသော အသွင်အပြင်တွေကို ပေါင်းစုပေးထားတဲ့ လုံးလုံးလျားလျားအသစ်ဖြစ်နေသော Theme Store နဲ့ အဆင့်မြှင့်တင်ထားတာဖြစ်လို့ သင့် ZenFone ထဲကို တန်းတန်းမတ်မတ် ဒေါင်းလော့လုပ်ဖို့ သင့်အတွက် အဆင်သင့်ဖြစ်နေပါတယ်။ Theme DIY ကိုသုံးပြီး သင့်ကိုယ်ပိုင်အသွင်အပြင်ကို ဖန်တီးလိုက်ပါ၊ သို့မဟုတ် မြှင့်တင်ထားတဲ့ ကီးဘုတ်အသွင်အပြင်၊ ဖောင့်တွေနဲ့ ကျီစယ်သောစတစ်ကာများကိုလည်း သင်ဝယ်ယူနိုင်ပါလိမ့်မယ်။ ZenUI ရဲ့ အသွင်အပြင်စတိုးမှာ စူးစမ်းလေ့လာဖို့အတွက် ရွေးချယ်မှုပေါင်း ၁၀၀၀ နီးပါး ရှိပါတယ်။
ဂိမ်းနတ်သမီး
စမတ်ကျကျ ဂိမ်းကစားခြင်း၊ လျင်လျင်မြန်မြန် အနိုင်ရရှိခြင်း၊ ချောမွေ့သော နားဆင်ကြည့်ရှုခြင်း
ဂိမ်းနတ်သမီးက ZenUI 3.0 ရဲ့ ဖီးချားအသစ်စက်စက်တစ်ခုဖြစ်ပြီး သင့်ကစားချိန်ကို တိုးမြှင့်ပေးတဲ့ အရမ်းကောင်းသော ဖီးချားတွေနဲ့အတူ ထုပ်ပိုးပေးထားတဲ့အထဲက တစ်ခုပါ။ သင်ကစားတာနဲ့ တစ်ပြိုင်နက် အကြံပြုချက်တွေကို ရှာဖွေမယ့် တွန်းထုတ်ရှာဖွေရေးပြတင်းပေါက်ကို ဆင့်ခေါ်ခြင်း၊ ဆောင်ရွက်မှုကို အရှိန်မြှင့်တင်ပေးမယ့် မြှင့်တင်ရေးဖီးချားတွေကိုအသုံးပြုခြင်း သို့မဟုတ် သင်က အရည်အချင်းပြည့်မီတယ်လို့ သင်ယူဆရင် Youtube သို့မဟုတ် Twitch ကနေတစ်ဆင့် သင့်ရဲ့ဂိမ်းကစားမှုကို တိုက်ရိုက်ထုတ်လွှင့်ခြင်းတို့အား ဆောင်ရွက်လိုက်ပါ။
2016 Electronic Arts Inc မှ မူပိုင်ခွင့်ရရှိထားတာပါ။ ထုတ်ကုန်အားလုံးရဲ့ အမည်တွေ၊ ဒီဇိုင်းတွေနဲ့ လိုဂိုတွေက ယင်းတို့ရဲ့ သက်ဆိုင်ရာပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ခွင့်ပြုချက်နဲ့ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ အားလုံးသော အခြားကုန်အမှတ်တံဆိပ်တွေက ယင်းတို့ရဲ့ သက်ဆိုင်ရာပိုင်ရှင်များရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။
Photos+
Photos+ နဲ့ အံ့သြဖွယ်ရာတွေကို ဖန်တီးလိုက်ပါ
PixelMaster 3.0 နည်းပညာပါရှိတဲ့ သင့် ZenFone ရဲ့ သြချလောက်အောင်ကောင်းတဲ့ ကင်မရာက သက်ဆိုင်ရာအကြောင်းအရာတစ်ခုရဲ့ တစ်ဝက်ကို ပြောပြပေးနိုင်ပါတယ်။ ကျွန်ုပ်တို့က သင့်ခရီးကို အရှိန်ထပ်မြှင့်ပေးဖို့အတွက် ဓာတ်ပုံဆက်စပ် အသုံးချကိရိယာမျိုးစုံကို ပြင်ဆင်ပေးထားပြီးပါပြီ။ PhotoEffect ပါရှိတဲ့ PhotoCollage အတွင်းမှာ ဓာတ်ပုံတွေကို လျင်မြန်ရိုးရှင်းစွာ တည်းဖြတ်ခြင်း၊ MiniMovie မှာပါတဲ့ မီဒီယာလှုပ်ရှားပုံရိပ်အကျိုးသက်ရောက်မှုနဲ့ စတစ်ကာအမျိုးမျိုးတို့က သင့်ရဲ့ အကောင်းဆုံးသော အမှတ်တရတွေကို ကွက်ကွက်ကွင်းကွင်း ပိုရှိစေမှာပါ။
ZenCircle
ZenCircle နဲ့ ရိုက်ကူးရှာဖွေကြည့်ပါ
ZenCircle က သင့်ရဲ့ ပြောစမတ်တွင်ဖွယ် အမှတ်တရတွေကို မျှဝေခြင်းအားဖြင့် အံ့သြဖွယ်ရာ ဤကမ္ဘာနဲ့ သင်ချိတ်ဆက်ဖို့အတွက် ရိုးရှင်းတဲ့ ရင်သပ်ရှုမောဖွယ်ရာ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ သင့်ကိုလည်း အခြားသူတွေရဲ့ သန်းနှင့်ချီ၍ရှိသော ဖန်တီးမှုများကတစ်ဆင့် အကြမ်းဖျင်း လေ့လာနိုင်စေခြင်း၊ သင့်စိတ်ဝင်စားသော အမျိုးအစားတွေမှာ အသင်းဝင်နိုင်ခြင်းနဲ့ သင့်ရဲ့ နောင်လာမယ့်ခရီးစဉ်အတွက် ယခင်ထက်ပိုများသော အကြံဉာဏ်တွေကို ရှာဖွေခြင်းတို့အား ပြုလုပ်နိုင်စေပါတယ်။
ZenMotion
သင်ကြိုက်သလို တို့ထိဆွဲယူလိုက်ပါ
ZenUI 3.0 ရဲ့ ZenMotion က လျင်မြန်၍ လွယ်ကူနားလည်စွာ အသုံးပြုနိုင်တဲ့ ကိုယ်ဟန်လှုပ်ရှားမှုအထိန်းများကို ကမ်းလှမ်းထားပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ZenFone ကို သင်ကြိုက်တဲ့နည်းလမ်းအတိုင်းသာ လမ်းညွှန်လှုပ်ရှားစေနိုင်မှာပါ။ နှစ်ချက်ဆက်တို့ထိပြီး မျက်နှာပြင်ကို လှုပ်နှိုးဖို့အတွက် Tap Tap ကို အသုံးပြုလိုက်ပါ။
မိုဘိုင်းမန်နေဂျာ
သင့်ရဲ့ မိုဘိုင်းအတွေ့အကြုံကို အစွမ်းကုန် မြှင့်တင်လိုက်ပါ
ခုဆိုရင် ZenUI 3.0 မှာ သင့် ZenFone ကို အမြင့်ဆုံးမြန်နှုန်းနဲ့ ဆက်လက်လည်ပတ်နေစေမယ့် ပြင်ဆင်မွမ်းမံမှုမျိုးစုံရ ဆိုင်တစ်ဆိုင်ဖြစ်တဲ့ မိုဘိုင်းမန်နေဂျာ ရှိနေပါတယ်။ သင့်အတွက် စွမ်းအင်သက်သာမှုနဲ့ စွမ်းဆောင်မှုတို့ရဲ့ အကောင်းဆုံးသော ဟန်ချက်ကို ရှာဖွေဖို့၊ ဒါမှမဟုတ် သိုလှောင်နိုင်မှုပမာဏ ပိုမိုများပြားလာစေရန်အတွက် အလိုမရှိသည့် အိုဟောင်းသော အစိတ်အပိုင်းများကို ရှင်းလင်းဖို့၊ ဒါမှမဟုတ် နှစ်ခုစလုံးကို ဆောင်ရွက်ဖို့ ဤအပလီကေးရှင်းကို အသုံးပြုလိုက်ပါ။ မိုဘိုင်းမန်နေဂျာနဲ့ဆိုရင်တော့ သင့် ZenFone က ယင်းရဲ့ဂိမ်းတွေမှာ အစဉ်အမြဲ ထိပ်ရောက်နေပါလိမ့်မယ်။