AWARDS & REVIEWS
Kadenhihyou
No.1 of latest SIM free smart phone
ပိုမိုလေ့လာမည်
JAPAN
2016/04/15
SFT - Spiele Filme Technik
+ good performance + decent equipment + fair price
ပိုမိုလေ့လာမည်
GERMANY
2015/12/01
areamobile.de
+ very decent performance + very good display + Dual-SIM
ပိုမိုလေ့လာမည်
GERMANY
2015/10/31
HardwareZone.com
Based on the top-end variant of the ASUS ZenFone 2, we can confidently say that ASUS has once again proven that low-cost devices can easily challenge their most expensive competitors in several aspects. Our review unit costs just S$429, which is a bargain considering its near to flagship-level benchmark performance, Full HD 5.5-inch display, reasonably good camera and comfortable ergonomics. Its full plastic design isn't the most attractive, but at this price level we're not complaining, and some of the optional back cover designs do look quite premium. It's also rare to find quick charging in a smartphone at this price level.
ပိုမိုလေ့လာမည်
SINGAPORE
2015/04/23
電腦DIY
Red Hot Chili beautiful back cover, metal Hairline design and rear concentric volume keys designed to allow nationals machine ZenFon2 also has flagship beauty.
ပိုမိုလေ့လာမည်
TAIWAN
2015/05/05
電腦DIY
Red Hot Chili beautiful covered, metal Hairline texture and rear volume keys, so that the national machine ZenFon2 more aesthetic.
ပိုမိုလေ့လာမည်
TAIWAN
2015/04/05

Zenfone 2

အံ့ဖွယ်ကောင်းတဲ့ အနုပညာလက်ရောက်မြောက် ဖန်တီးမှုနဲ့ အင်ဂျင်နီယာပညာရပ်
သင့်လက်ဖ၀ါးအတွင်းက

Zen ရဲ့ အလှတရားကို ပေါင်းစပ်ပေးတဲ့ အံ့သြသင့်ဖွယ် အနုပညာလက်ရာမြောက် ဖန်တီးမှုနဲ့ အင်ဂျင်နီယာပညာရပ်၊ မကြုံစဖူးလောက်အောင် ထူးကဲသော စွမ်းဆောင်မှု၊ ပါးရှသော ပုံစံနဲ့ အထစ်ငေါ့မရှိ လွယ်ကူစွာအသုံးပြုနိုင်သော UI တို့ကို သင့်ရဲ့အကောင်းဆုံးသော မိတ်ဆွေတစ်ဦးအဖြစ် ဖန်တီးထုတ်လုပ်ပေးထားပါတယ်။

Zen ရဲ့ အလှတရား

လှပကျွမ်းကျင်စွာ ဖန်တီးထားသည့်
အလွန်ပါးလွှာသော အနားစောင်း

ZenFone 2 Laser (ZE500KL) မှာ အနားစောင်းက ၃.၅ မီလီမီတမျှသာ ရှိတဲ့အထိ အံ့သြဖွယ်ကောင်းလောက်အောင် ပါးလွှာပါတယ်။ ဒါဟာ အထင်ကြီးလေးစားဖွယ်ရာ အီဂျင်နီယာစွမ်းတစ်ရပ်ထက်ပိုတဲ့ အံ့သြချီးမွမ်းဖွယ်ရာ ဒီဇိုင်းနဲ့ လူသားတို့ရဲ့ အင်ဂျင်နီယာပညာရပ်ဖြစ်ပြီး ZenFone 2 Laser ကို ကိုင်တွယ်ရာမှာ အတော်လေး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ အဆိုပါ အထင်ကရ ASUS ဗဟိုစုံချက်အ၀ိုင်းဒီဇိုင်းက ရှေ့ဘက်နဲ့ ကျောဘက်ကီးတွေကို အလှဆင်ပေးတဲ့အတွက် လှပသော အထိအတွေ့သိ အကျိုးသက်ရောက်မှုတစ်ရပ်ကို ပေးစွမ်းပါတယ်။ ဤအကျိုးသက်ရောက်မှုကို ၀.၁၃ မီလီမီတာ အကျယ်ရှိတဲ့ စက်ဝိုင်းတွေကို ပြုလုပ်ပေးသော တိကျသည့် ဖြတ်စက်ဖြင့် ဆောင်ရွက်ရရှိခြင်းဖြစ်ကာ ZenFone 2 Laser ကို ပထမတန်းစား အသွင်အပြင်နဲ့ ခံစားမှုကို ရရှိစေပါတယ်။

အပါးလွှာဆုံး
၃.၅ မီလီမီတာ

စုံချက်တူ စက်ဝိုင်းကွင်း
ဝ.၁၃ မီလီမီတာ

အလိုအလျောက်သိရှိသည့် ကျောဘက်ခလုတ်တွေပါဝင်တဲ့ Ergonomic Arc ဒီဇိုင်း

ZenFone 2 Laser ကို ဒီဇိုင်းဖော်တဲ့အခါမှာ ကျွန်ုပ်တို့က သင့်အတွက်ရည်မှန်းပြီး စတင်ခဲ့တာပါ။ ရလဒ်ကတော့ ZenFone 2 Laser မှာ Ergonomic Arc ဒီဇိုင်းသစ်ရဲ့ အစိတ်အပိုင်းအဖြစ် ကိုင်တွယ်ထိတွေ့လို့ရတဲ့ကျောဖက်ပါသော့တစ်ခု ပေါင်းစပ်ထားတဲ့ အလွန်အဆင့်မြင့်သော အလိုအလျောက်သိရှိသည့် အလွှာတစ်ခု ပါဝင်ပါတယ်။ ဆယ်လ်ဖီရိုက်ခြင်း၊ အသံအတိုး/အကျယ် ချိန်ညှိခြင်းနဲ့ သင့်ရဲ့ ခြေလှမ်းတွေကို ခြေရာပြန်ကောက်ခြင်းတွေဟာ ယခုဆိုရင် ဘယ်လက်ကိုသုံးသုံး လုံးဝဥသုံသဘာဝကျတယ်လို့ ခံစားရပါတယ်။ ကျော့ရှင်းသောပုံစံသစ်က ကိုင်တွယ်ရန် ဘေးကင်းလုံခြုံမှုရှိပြီး အလွန်အမင်း သက်တောင့်သက်သာဖြစ်တယ်လို့လည်း ခံစားရပါတယ်။

နည်းလေကောင်းလေ

အံသြဖွယ်ကောင်းတဲ့ စီမံဆောက်လုပ်မှုက အနားကွပ်အကျယ်ကို လျော့ချနိုင်စေခဲ့ပြီး ZenFone 2 Laser (ZE500KL) ရဲ့ ဖန်းသားမျက်နှာပြင်နဲ့ခန္ဓာကိုယ်အချိုးအစားကိုအံသြဖွယ်ကောင်းတဲ့ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်စေခဲ့ပါတယ်။

64-bit
Qualcomm
8916
CPU
400Mhz
Adreno
306
GPU
၂ ဂစ်ဂါဘိုက်
RAM
64-bit
Android L
Android
Cat 4
အထိ
တစ်မိနစ်လျင် ၁၅၀ မီဂါဘိုက်
LTE
ဂြိုလ်တု ၃ ခု
GPS
လမ်းညွှန်ပြသသော
စနစ်များ
DSDS
LTE/ LTE
SIM ကဒ်
၅ လက်မအကျယ်
HD
ဖန်သားမျက်နှာပြင်
Corning
Gorilla
Glass 4
မှန်

Corning®Gorilla® Glass 4
ရင်သပ်ရှု့မောလောက်အောင် ခိုင်မာပြီး ဂေါ်ရီလာလို သန်မာပါတယ်

Corning® Gorilla® Glass 4 က ကမ္ဘာကျော် Corning ကုမ္ပဏီရဲ့ တီထွင်ဆန်းသစ်မှုရှိသော နောက်ဆုံးပေါ် ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ZenFone 2 Laser (ZE500KL) ရဲ့ Gorilla Glass 4 ဖန်သားမျက်နှာပြင်က ယင်းရဲ့ မူလလက်ဟောင်းတွေရဲ့ ကွဲရှပျက်စီးမှုခံနိုင်အားထက် နှစ်ဆမြှင့်မားခြင်း၊ ထိန်းသိမ်းအား ၂.၅ ဆမြင့်မားခြင်းနဲ့ နေ့စဉ်အသုံးပြုမှုအတွင်း ပေါ်ပေါက်နိုင်တဲ့ ကွဲရှနိုင်ချေ ၈၅ ရာခိုင်နှုန်း နည်းပါးမှုတို့ကို ပေးအပ်ထားတာကြောင့် ယခင်ထက် ပိုမိုလိုခြုံ၊ ခိုင်ခံအောင် ပြုလုပ်ထားပါတယ်။

  • ×

    ပြုတ်ကျပျက်ဆီးမှု
    ခံနိုင်အား

  • ၈၅%

    နည်းပါးသော အခွင့်အလမ်း
    ကွဲရှရန်

  • ၂.၅ ×

    ထိန်းနိုင်သော
    ခိုင်မြဲမှု

ပါးရှသော အမြင်

အခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို ကြည့်ရှု့ပါ

ZenFone 2 Laser ရဲ့ 13 MP PixelMaster မှာ ရင်သပ်ရှု့မောဖွယ်ရာ မြင်ကွင်းပြတ်သားမှုမြင့် ဓာတ်ပုံများကို တုံ့ဆိုင်းမှုမရှိ ချက်ခြင်းရိုက်ကူးနိုင်တဲ့ f/2.0-အပါချာအလင်းဝင်ပေါက်တစ်ခု ပါရှိပါတယ်။ အမှတ်တံဆိပ် အသစ်စက်စက်က လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်က မြင်ကွင်းေ၀၀ါးမှုကို သိသိသာသာ လျော့ချပေးပြီး ပုံရိပ်တည်ငြိမ်မှုကိုလည်း သိသိသာသာ မြှင့်တင်ပေးပါတယ်။ မိုဘိုင်းဖုန်း ကဏ္ဍရဲ့ ထိပ်သီးဖြစ်တဲ့ Low Light အနေအထားက ရုပ်သံဖမ်းစက်ပေါင်းစည်းမှုနည်းပညာကို အသုံးပြုပြီး ၄၀၀ ရာနှုန်းအထိ ပိုမိုကြည်လင်တဲ့ ဓာတ်ပုံတွေကို ညအချိန် သို့မဟုတ် အလင်းရောင် နည်းပါးတဲ့ ရှု့ခင်းတွေအတွင်းမှာ ရိုက်ကူးပေးပါတယ်။ Backlight (Super HDR) အနေအထားက နေ့အချိန်မှာ ကျရောက်တဲ့ အရိပ်ကို ရှင်းလင်းစွာ ကြည့်ရှု့နိုင်စေပြီး Super Resolution အနေအထားက မြင်ကွင်းပြတ်သားမှု ၅၂ MP အထိရှိတဲ့ ပုံရိပ်တွေကို အသေးစိတ် ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။

  • 13 MP

    ကျောဘက်ကင်မရာ

  • 5 P

    Largan မှန်ဘီလူး

  • ƒ / 2.0

    အပါချာအလင်းဝင်ပေါက်

  • လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်
  • တိုရှီဘာ အာရုံခံကိရိယာ
  • အပြာရောင်စစ်မှန်ပြား
  • ထပ်တူကျသော နှစ်ဆပြေး LED
  • 5 MP

    ရှေ့ဘက်ကင်မရာ

  • ƒ / 2.0

    အပါချာ အလင်းဝင်ပေါက်

  • ၈၅ °

    ထောင့်ကျယ်

လျှပ်စီးအလျဉ်မျှ မြန်ဆန်တဲ့ ရိုက်ချက်
လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်

ZenFone Laser (ZE500KL) ရဲ့ ကျောဘက်ကင်မရာမှာ မြန်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် ရှင်းလင်းစွာ ရိုက်ကူးနိုင်သည့် လေဆာစနစ်သုံး အလိုအလျောက် ဆုံချက်နည်းပညာတစ်ရပ်ပါရှိပါတယ်။ ZenFone 2 Laser ရဲ့ လေဆာရောင်ခြည်တန်းက အလှမ်းကွာဝေးတဲ့ နေရာတွေကို လျှပ်စီးအလျဉ်နဲ့ တိုင်းတာပေးတယ်ဆိုတာ အထူးသဖြင့် မှုန်းဝါးတဲ့ အလင်းရောင်အောက်မှာ အနီးဆုံးဆုံချက်ကို ၀.၀၃ စက္ကန့်မျှဖြင့် ရိုက်ကူးနိုင်တယ်လို့ ဆိုလိုခြင်းပါ။ လေဆာစနစ်သုံး အလိုအလျောက်ဆုံချက်က အနီးကပ်ဓာတ်ပုံရိုက်ကူးမှုနည်းပညာကိုတောင်မှ မှန်ဘီလူးနဲ့ ဆွဲရိုက်စဉ်မှာ ဖန်တီးလိုက်တဲ့ ထပ်ဆောင်းအကွာဝေးကို အစားထိုးပေးခြင်းအားဖြင့် အရှိန်မြင့်တင်ပေးနိုင်ပါတယ်။

Backlight (Super HDR) အနေအထားကို ထိန်းချုပ်ပါ

PixelMaste backlight (Super HDR) အနေအထားက ရိုက်ကွင်းပြ ကိရိယာအတွင်းက ရှု့ခင်းတွေရဲ့ စဉ်ဆက်မပြတ် ရိုက်ချက်တွေကို အလိုအလျောက် ဖမ်းယူပေးပြီး ASUS Enhancing နည်းပညာကို အသုံးပြုပြီး ယင်းတို့ကို စီမံပြုပြင်ပေးပါတယ်။ ဤဆောင်ရွက်မှုက နောက်ဆုံးပုံရိပ်မှာ ပိုကောင်းသော အရောင်အလင်း/အမှောင်နဲ့အတူ ၄၀၀ ရာနှုန်းအထိရှိတဲ့ ပိုမိုတောက်ပမှုရှိစေရန် ရွေ့လျားအားအပိုင်းအခြားကို လေးဆမျှ (၄×) မျှ တိုးချဲ့ပေးပြီး တောက်ပသော နောက်ခံအလင်းရောင်နဲ့ ရှု့ခင်းမှာ ရိုက်ကူးတဲ့ ဓာတ်ပုံတွေကို နဂိုမူလ သဘာဝအတိုင်း အနုစိတ်ဖြစ်ပေါ်စေမှာပါ။

×
ကြည်လင်တောက်ပမှုနှင့် အရောင် အလင်း/အမှောင်

ပြိုင်ဘက်ကင်းသော Low Light အနေအထား

Low Light အနေအထားက ရုပ်သံဖမ်းစက် လေးခုကို တစ်ခုတည်း အဖြစ် ပေါင်းပေးထားတဲ့ ပုံရိပ်ထင်စေသော အစက်ပြောက်များ ပေါင်းစပ်မှုနည်းပညာတစ်ရပ်နဲ့ အဆင့်မြင့် ပုံရိပ်ပြုလုပ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်တို့မှတစ်ဆင့် အလင်းရောင် ထိတွေ့ခံစားနိုင်မှုကို လေးဆ (၄x) အထိ တိုးမြှင့်ပေးထားပါတယ်။ ယင်းက ဆူညံမှု လျော့ချခြင်းကို မြှင့်တင်ပေးသလို အလင်းရောင်နည်းပါးသော ရိုက်ချက်များကို ဖလက်ရှ်မပါဘဲ ရိုက်ကူးဖို့အတွက် အရောင် အလင်း/အမှောင်ကို ၄၀၀ ရာနှုန်း အထိလည်း မြှင့်တင်ပေးပါတယ်။

×
အလင်းရောင်ထိတွေ့ခံစားမှုနဲ့ ဆူညံမှု လျော့ချခြင်း

သင့်ရဲ့ အကောင်းဆုံးသော အပေါင်းအဖော်

zenflash
lolliflash
zenears
zenpower
အဖုံး
  • ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်နှင့် စက်မှုလက်မှုကနေဒါအဖွဲ့မှ အသိမှတ်ပြုထားသော ထုတ်ကုန်များကို အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ဖြန့်ချီသွားမည်ဖြစ်သည်။ ဒေသအလိုက်ရရှိနိုင်သောထုတ်ကုန်များနှင့်ပတ်သက်သော သတင်းအချက်များအတွက် ASUS အမေရိကန်နှင့် ASUS ကနေဒါ၀က်ဘ်ဆိုဒ်များသို့ ကျေးဇူးပြု၍ သွားရောက်ကြည့်ရှူပါ။
  • အားလုံးသောအသေးစိတ်သတ်မှတ်ချက်များအား အသိပေးမှုတစ်စုံတစ်ရာမပြုဘဲ ပြောင်းလဲနိုင်ပါသည်။ တိကျသောကမ်းလှမ်းမှုများအတွက် သင့်ကိုရောင်းချသူနဲ့ ကျေးဇူးပြု၍ ဆက်သွယ်ပါ။  ထုတ်ကုန်များအား ဈေးကွက်တိုင်းတွင် ရရှိနိုင်ဖွယ်မရှိပါ။
  • အသေးစိတ်ဖော်ပြချက်များနှင့် ဖီးချားများမှာ မော်ဒယ်အလိုက် ကွဲပြားခြားနားမှုရှိနိုင်ပြီး ပုံရိပ်များအားလုံးမှာလည်း ပုံဆောင်ဖော်ပြချက်များသာ ဖြစ်ပါသည်။ အချက်အလက်အပြည့်အစုံသိရှိနိုင်ရန်အတွက် အသေးစိတ်ဖော်ပြချက်များပါရှိသည့် စာမျက်နှာများသို့ ကျေးဇူးပြု၍ သွားရောက်ကြည့်ရှူပါ။
  • PCB အရောင်နှင့် ထုပ်ပိုးထားသောဆော့ဖ်၀ဲဗားရှင်းများအား အသိပေးမှုတစ်စံတစ်ရာမပြုပဲ ပြောင်းလဲနိုင်ပါသည်။
  • ဖော်ပြထားသည့် ကုန်အမှတ်တံဆိပ်နှင့် ထုတ်ကုန်အမည်များမှာ ယင်းတို့ကိုပိုင်ဆိုင်သည့် သက်ဆိုင်ရာကုမ္ပဏီများ၏ ကုန်အမှတ်တံဆိပ်များ ဖြစ်ကြသည်။
  • The terms HDMI and HDMI High-Definition Multimedia Interface, HDMI trade dress and the HDMI Logos are trademarks or registered trademarks of HDMI Licensing Administrator, Inc. in the United States and other countries.